Date

April 11, 2021

ဆာလက် က လီဗာပူးအတွက် အရေးနေဆဲ ဖြစ်ကြောင်း သက်သေပြနေတဲ့ ဂိုးအချက်အလက်များ

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ ကလပ်အသင်းမှာတော့ နာမည်အကြီးဆုံး တိုက်စစ်မှူး ဖြစ်နေဆဲပါ။ မနေ့ညက အက်စတွန်ဗီလာကို ၂-၁ နဲ့ နိုင်တဲ့ ပွဲမှာလည်း ဆာလက်က လီဗာပူးအတွက် ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။ ဗီလာဘက် သွင်းတဲ့ ဂိုးဟာ ဆာလက် အတွက် နောက်ဆုံး သုံးပွဲ အတွင်း သုံးပွဲမြောက် ဂိုး ဖြစ်ပြီး ထို အချက်က လီဗာပူးအသင်း အတွက် ဆာလက် က တိုက်စစ်မှာ လွှမ်းမိုးမှု ကြီးနေဆဲ ဆိုတာ မြင်သာစေပါတယ်။ ဒါ့အပြင်… Continue Reading →

ဆင်ပိန် ကျွဲလောက် ကျန်ပါသေးကြောင်း အက်စတွန်ဗီလာပွဲမှာ သက်သေပြခဲ့တဲ့ လီဗာပူး

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အဖြစ် လီဗာပူးက အန်ဖီးကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံပြီး ခြေပဂိုး၊ နောက်ကျဂိုးတွေနှင့်အတူ ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ လီဗာပူးအသင်းရဲ့ မိနစ် ၉၀ နောက်ပိုင်း အနိုင်ဂိုး သွင်းယူတဲ့ ၃၇ ကြိမ်မြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့တယ်။ အဆိုပါ မှတ်တမ်းဟာ အနီးဆုံး ပရီးမီးယားလိဂ်ကလပ်ရဲ့ မှတ်တမ်းထက်တောင်မှ ၁၂ ကြိမ် ပိုများသေးတာဖြစ်ပါတယ်။ နောက်ဆုံးအချိန်ထိ ကြိုးစားပြီး သွင်းဂိုးရယူမှုကို ယာဂင်ကလော့ပ် လက်ထက် ၈ ကြိမ်တိုင်… Continue Reading →

လီဗာပူးတိုက်စစ်အတွက် အကျိုးပြုနိုင်စွမ်း ဆိုးဆိုးရွားရွားကို ကျဆင်းနေတဲ့ မာနေး

လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်သမား ၄ ဦးထဲမှာ ပုံစံကောင်း ပျောက်ဆုံးနေတာက ဖာမင်နိုတင် မဟုတ်ဘဲ မာနေးလည်း ပါဝင်လာကြောင်းကို The Athletic က ဖော်ပြသွားပါတယ်။ ပြီးခဲ့တဲ့ သုံးရာသီအတွင်း သွင်းဂိုး ၂၀၊ ၂၆ နဲ့ ၂၂ ဂိုးတို့ ရယူထားနိုင်တဲ့ မာနေးဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၂ ဂိုးပဲ ရထားခဲ့တယ်။ အဆိုပါထဲက ၂ ဂိုးဟာဆိုရင် အက်ဖ်အေဖလားမှာ အက်စတွန်ဗီလာ လူငယ်အသင်းဘက်ကို သွင်းယူခဲ့စဉ် ရရှိခဲ့တာ ဖြစ်ပါတယ်။… Continue Reading →

ရီးရဲလ်ပွဲမှာ ဗီလိန်ဖြစ်ခဲ့ပြီး ဗီလာပွဲမှာ ဟီးရိုးပြန်ဖြစ်ခဲ့တဲ့ ထရန့်နဲ့ပက်သက်ပြီး ကလော့ပ်ရဲ့ မှတ်ချက်

ရီးရဲလ်မက်ဒရစ်ပွဲ အပြီးမှာ ထရန့်၊ ကိတ်တာနဲ့ မာနေးတို့ဟာ လူမျိုးရေးခွဲခြားမှုတွေဖြင့် လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က ဝေဖန် ပြစ်တင်ခြင်းတွေကို ရင်ဆိုင်ခဲ့ရတယ်။ ကလပ်ဘက်ကတောင် တရားဝင် စာထုတ်ခဲ့ရပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း စတင် ကြိုးစားနေခဲ့ပါတယ်။ ထရန့်ဟာ ဒီရာသီ ကိုဗစ်နဲ့ ဒဏ်ရာကြောင့် ခြေစွမ်း မတည်ငြိမ်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ သူ့ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးကြဖို့အစား ဝေဖန်ခြင်းတွေကိုတာ ရင်ဆိုင်နေရတာပါ။ ရီးရဲလ်နဲ့ပွဲအပြီးမှာ ထရန့်အပေါ် လွန်ကျူးတဲ့ ဝေဖန်မှုတွေ ကျရောက်ခဲ့ပြီး ညာအစွန်လူကတော့ အက်စတွန်ဗီလာကို အနိုင်ရမှုမှာ မိနစ် ၉၀… Continue Reading →

အက်စတွန်ဗီလာကို အရေးနိမ့်နေစဉ် အတွေးထဲ ဘာတွေစိုးမိုးနေသလဲဆိုတာ ပြောပြတဲ့ ဆာလာ

လီဗာပူးက အက်စတွန်ဗီလာကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ဆက်လက်ပြီး အခွင့်အရေး ရှိနေဆဲဖြစ်တယ်။ ခြေပဂိုးကို ခေါင်းတိုက်ပြီး သွင်းယူခဲ့တဲ့ ဆာလာက အရေးပါတဲ့ နိုင်ပွဲအတွက် ကျေနပ်နေပါတယ်။ လီဗာပူးဟာ ၂၀၂၁ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်းဖြစ်နေခဲ့ကာ အဆင့် ၉ နေရာထိ ကျဆင်းထားခဲ့တာဖြစ်ပါတယ်။ ဆာလာက ” အဆုံးမှာတော့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ကျနေ်ာတို့ အနိုင်ရခဲ့တယ်။ အဲ့တာကပဲ အရေးကြီးဆုံး ကိစ္စဖြစ်ပါတယ်။ အန်ဖီးကွင်းမှာ ပွဲတွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!