လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်သမား ၄ ဦးထဲမှာ ပုံစံကောင်း ပျောက်ဆုံးနေတာက ဖာမင်နိုတင် မဟုတ်ဘဲ မာနေးလည်း ပါဝင်လာကြောင်းကို The Athletic က ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့ သုံးရာသီအတွင်း သွင်းဂိုး ၂၀၊ ၂၆ နဲ့ ၂၂ ဂိုးတို့ ရယူထားနိုင်တဲ့ မာနေးဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၂ ဂိုးပဲ ရထားခဲ့တယ်။ အဆိုပါထဲက ၂ ဂိုးဟာဆိုရင် အက်ဖ်အေဖလားမှာ အက်စတွန်ဗီလာ လူငယ်အသင်းဘက်ကို သွင်းယူခဲ့စဉ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ မာနေးရဲ့ ပုံစံကောင်းတွေက အတော်လေးကို ဆိုးရွားလာနေခဲ့ပြီး လိဂ်ပွဲ ၂၈ ပွဲအတွင်း ၇ ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဇန်နဝါရီလမှာ စပါးကို အနိုင်ရခဲ့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ် ၉ ပွဲထိ ဂိုးမသွင်းထားနိုင်သလို နောက်ဆုံး ကစားထားတဲ့ အမှတ်ပေးပွဲ ၂၄ ပွဲမှာ သွင်းဂိုး ၃ ဂိုးပဲ ထားပါတယ်။

သာမာန် တိုက်စစ်သမားအတွက်ဆိုရင် ဒီ ကိန်းဂဏန်းတွေက ဝေဖန်ဖို့ မသင့်လှပေမယ့် ၂၀၁၉ အာဖရိကတစ်နှစ်တာ အကောင်းဆုံးဆုရှင်၊ ဘလွန်းဒီအော့မှာလည်း မက်ဆီ၊ ဗန်ဒိုက်၊ ရော်နယ်ဒိုနောက် အဆင့် ၄ နေရာမှာ ရပ်တည်ထားတဲ့ မာနေးလို တိုက်စစ်သမားအတွက်ကတော့ အတော်လေး ဆိုးရွားတဲ့ မှတ်တမ်း ဖြစ်လာခဲ့တယ်။

၂၀၁၆ မှာ ဆောက်သမ်တန်ကနေ ပေါင် ၃၄ သန်းဖြင့် ပြောင်းလာပြီးနောက်ပိုင်း မာနေးဟာ
ကလော့ပ် လက်ထက် အတိုးတက်ဆုံး တိုက်စစ်သမားအဖြစ် ကမ္ဘာဘောလုံးဇာတ်ခုံပေါ် ရောက်လာခဲ့တယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အောင်မြင်ထားဖူးတဲ့ မာနေးဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အနိုင်ရ လီဗာပူးအသင်းအတွက် အတော်လေး စွမ်းဆောင်ထားပေးနိုင်သူ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲ ကစားရမှာပါ။ ရီးရဲလ်မက်ဒရစ်ဘက်ကို အနည်းဆုံး သွင်းဂိုး ၂ ဂိုး သွင်းယူဖို့ လိုအပ်သလို လက်ကျန် ပရီးမီးယားလိဂ် ၇ ပွဲလုံးကို အနိုင်ရရင်တောင် ချန်ပီယံလိဂ်ဝင်ဖို့က ပြိုင်ဘက်တွေ ခြေချော်ရမယ့် အခြေအနေကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒါကြောင့် စွမ်းဆောင်ရည် ကျဆင်းနေတဲ့ မာနေး အနေနဲ့ သူ့ရဲ့ တည်ငြိမ်မှု၊ အာရုံစိုက်မှုတွေကို လာမယ့် ပွဲတွေမှာ ပြန်ပြသဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္သမား ၄ ဦးထဲမွာ ပံုစံေကာင္း ေပ်ာက္ဆံုးေနတာက ဖာမင္ႏိုတင္ မဟုတ္ဘဲ မာေနးလည္း ပါဝင္လာေၾကာင္းကို The Athletic က ေဖာ္ျပသြားပါတယ္။

ျပီးခဲ့တဲ့ သံုးရာသီအတြင္း သြင္းဂိုး ၂၀၊ ၂၆ နဲ႔ ၂၂ ဂိုးတို႔ ရယူထားႏုိင္တဲ့ မာေနးဟာ ဒီရာသီမွာေတာ့ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၁၂ ဂိုးပဲ ရထားခဲ့တယ္။ အဆိုပါထဲက ၂ ဂိုးဟာဆိုရင္ အက္ဖ္ေအဖလားမွာ အက္စတြန္ဗီလာ လူငယ္အသင္းဘက္ကို သြင္းယူခဲ့စဥ္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ မာေနးရဲ႕ ပံုစံေကာင္းေတြက အေတာ္ေလးကို ဆိုးရြားလာေနခဲ့ျပီး လိဂ္ပြဲ ၂၈ ပြဲအတြင္း ၇ ဂိုးပဲ သြင္းႏဳိင္ခဲ့တယ္။ ဇန္နဝါရီလမွာ စပါးကို အႏုိင္ရခဲ့တဲ့ေနာက္ပိုင္း ပရီးမီးယားလိဂ္ ၉ ပြဲထိ ဂိုးမသြင္းထားႏုိင္သလို ေနာက္ဆံုး ကစားထားတဲ့ အမွတ္ေပးပြဲ ၂၄ ပြဲမွာ သြင္းဂိုး ၃ ဂိုးပဲ ထားပါတယ္။

သာမာန္ တိုက္စစ္သမားအတြက္ဆိုရင္ ဒီ ကိန္းဂဏန္းေတြက ေဝဖန္ဖို႔ မသင့္လွေပမယ့္ ၂၀၁၉ အာဖရိကတစ္ႏွစ္တာ အေကာင္းဆံုးဆုရွင္၊ ဘလြန္းဒီေအာ့မွာလည္း မက္ဆီ၊ ဗန္ဒိုက္၊ ေရာ္နယ္ဒိုေနာက္ အဆင့္ ၄ ေနရာမွာ ရပ္တည္ထားတဲ့ မာေနးလို တိုက္စစ္သမားအတြက္ကေတာ့ အေတာ္ေလး ဆိုးရြားတဲ့ မွတ္တမ္း ျဖစ္လာခဲ့တယ္။

၂၀၁၆ မွာ ေဆာက္သမ္တန္ကေန ေပါင္ ၃၄ သန္းျဖင့္ ေျပာင္းလာျပီးေနာက္ပိုင္း မာေနးဟာ
ကေလာ့ပ္ လက္ထက္ အတိုးတက္ဆံုး တိုက္စစ္သမားအျဖစ္ ကမၻာေဘာလံုးဇာတ္ခံုေပၚ ေရာက္လာခဲ့တယ္။ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ေအာင္ျမင္ထားဖူးတဲ့ မာေနးဟာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ အႏုိင္ရ လီဗာပူးအသင္းအတြက္ အေတာ္ေလး စြမ္းေဆာင္ထားေပးႏုိင္သူ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲ ကစားရမွာပါ။ ရီးရဲလ္မက္ဒရစ္ဘက္ကို အနည္းဆံုး သြင္းဂိုး ၂ ဂိုး သြင္းယူဖို႔ လိုအပ္သလို လက္က်န္ ပရီးမီးယားလိဂ္ ၇ ပြဲလံုးကို အႏုိင္ရရင္ေတာင္ ခ်န္ပီယံလိဂ္ဝင္ဖို႔က ျပိဳင္ဘက္ေတြ ေျခေခ်ာ္ရမယ့္ အေျခအေနကိုလည္း ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ စြမ္းေဆာင္ရည္ က်ဆင္းေနတဲ့ မာေနး အေနနဲ႔ သူ႔ရဲ႕ တည္ျငိမ္မႈ၊ အာရံုစိုက္မႈေတြကို လာမယ့္ ပြဲေတြမွာ ျပန္ျပသဖို႔ လိုအပ္လာျပီ ျဖစ္ပါတယ္။