Date

July 17, 2021

ဟန်ဒိုရဲ့ ကစားသမားဘဝကို အန်ဖီးမှာပဲ ကုန်ဆုံးစေဖို့ ချီးမြောက်မှု လုပ်သွားတော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို စာချုပ်သစ်ပေးဖို့ စတင် စကားပြောတော့မှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူ ဟန်ဒါဆန်ဟာ အန်ဖီးနဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေသေးပေမယ့် ကလပ်ဘက်က သူ့ရဲ့ ကစားသမားဘဝကို လီဗာပူးမှာပဲ ကုန်ဆုံးစေဖို့ ရည်ရွယ်လာခဲ့တယ်။ ဟန်ဒါဆန်ရဲ့ ကွင်းတွင်း၊ ကွင်းပြင် အမှုအကျင့်ကောင်းတွေကို မန်နေဂျာယာဂင်ကလော့ပ်နဲ့တကွ အသင်းအဝတ်လဲခန်းက လေးစား အထင်ကြီးမှုရှိပါတယ်။ အဓိကအားဖြင့် ဟန်ဒါဆန်ဟာ ကလပ်နဲ့ ပရိသတ်တွေကြား ပေါင်းကူးပေးနိုင်စွမ်းရှိကာ ကိုဗစ်ကပ်ဘေးနဲ့ ဥရောပစူပါလိဂ် အန္တရာယ်တွေကြားက… Continue Reading →

ရာသီကြိုမှာ အီးလီးယော့ကို လမ်းညွှန်သူ လုပ်ပေးနေတဲ့ ဆာလာအကြောင်း လင်ဒါး ပြောပြ

လီဗာပူးလက်ထောက်နည်းပြ ပပ်လင်ဒါးက သြစတြီးယား ရာသီကြိုမှာ တိုက်စစ်မှူး ဆာလာက အသင်းဖော် အီးလီးယော့ကို လမ်းညွှန်ပေးမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ ဆာလာဟာ လေ့ကျင့်ရေးမှာပဲ အီးလီးယော့ကို တွဲခေါ်နေတာ မဟုတ်ပါဘူး။ ပရိုကစားသမားတစ်ယောက် နေထိုင်စားသောက်ရမယ့် ပုံစံတွေကိုလည်း သင်ပြပေးနေတယ်။ သူတို့နှစ်ဦး ညစာအတူစားခဲ့ချိန်တုန်းက ဆာလာဟာ အီးလီးယော့ရဲ့ စားသောက်ပုံကို လမ်းညွှန်ပေးမှုမျိုးလည်း လုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်းကို ပပ်လင်ဒါးက ပြောရာမှာ ” မနေ့တုန်းက ဆာလာနဲ့ အီးလီးယော့တို့ ညစာစားတဲ့ နေရာမှာ အတူထိုင်ခဲ့ကြတယ်လို့ ကျနော် သိရတယ်။ ဟာဗေးက… Continue Reading →

ခံစစ်မှူး ဘမ်ဒေးဗစ်ကို အသင်းမှာ တစ်ရာသီ ဆက်ထားပြီး သုံးကြည့်ဖို့ ရွေးချယ်ထားတဲ့ လီဗာပူး

လီဗာပူးရဲ့ သြစတြီးယား ရာသီကြိုမှာ လိုက်ပါခွင့်ရတဲ့ အသင်းသား ၃၄ ဦးထဲမှာတော့ မနှစ်က ရာသီဝက်မှာ ခေါ်ယူထားတဲ့ ခံစစ်မှူး ဘမ်ဒေးဗစ်လည်း ပါဝင်ပါတယ်။ ဖေဖော်ဝါရီမှာ ပရီစတန်အသင်းကနေ ဘမ်ဒေးဗစ်ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် သူဟာ ပွဲကစားခွင့် တစ်ပွဲတောင်မှ မရထားခဲ့ပါဘူး။ ဒီနွေမှာ သူ့ကို အငှားခေါ်ယူဖို့ ဆဲလ်တစ်၊ ဘုန်းမောက်အပြင် အင်္ဂလန်ကလပ် အချို့ကလည်း စိတ်ဝင်စားနေတယ်။ လီဗာပူးကတော့ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးကို ရောင်းထုတ်ဖို့နဲ့ အငှားချဖို့ သိပ်ပြီး စိတ်မဝင်စားပါဘူး။ နွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူး… Continue Reading →

ဝဲလ်ဆန်အတွက် ဈေးထပ်ချမှုနဲ့အတူ ကစားသမား အရောင်းပိုင်းကို အာရုံစိုက်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေမှာ အရောင်းစာရင်း တင်ထားတဲ့ တိုက်စစ်သမား ဝဲလ်ဆန်အတွက် ပြောင်းရွှေ့ကြေးကို ထပ်မံ လျော့ချပေးသွားတော့မှာ ဖြစ်ပါတယ်။ ဝေလ်းလက်ရွေးစင်အတွက် ပေါင် ၁၀ သန်း ရရင်ကိုပဲ ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး ဒါဟာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားကို ကမ်းလှမ်းမယ့်ကလပ် ပိုမို များပြားလာဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်တယ်။ ဝဲလ်ဆန်ဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးပြီး အခုချိန်ထိ သူ့အတွက် ပေါင် ၈ သန်းတန် ကမ်းလှမ်းမှု တစ်ခုကိုပဲ လက်ခံရရှိထားပါသေးတယ်။ မနှစ်တုန်းက… Continue Reading →

ရှာကွီရီအတွက် စီးရီးအေကလပ် လာဇီယိုထံက ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ရှာကွီရီအတွက် စီးရီးအေကလပ် လာဇီယို အသင်းထံက ပထမဆုံး ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆွစ်ဇလန် လက်ရွေးစင်ဟာ မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲပဲ ကစားနိုင်ခဲ့တယ်။ ဒီနွေမှာတော့ သူဟာ အန်ဖီးရဲ့ အဝေးကို ထွက်ခွာသွားမယ်လို့ သတင်းကြီးနေပါတယ်။ ၂၀၁၈ မှာ စတုတ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ရှာကွီရီဟာ ကလပ်နဲ့ စာချုပ်အားဖြင့် နှစ်နှစ် ကျန်ရှိနေပါသေးတယ်။ ယူရို ၂၀၂၀ မှာ ဆွစ်ဇလန်အတွက် တောက်ပတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!