Date

September 11, 2021

ဘီရယ်ဆာရဲ့ အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လို နည်းဗျူးဟာတွေကို ရင်ဆိုင်ရမလဲ ကလော့ပ် ဖွင့်ဟ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ပရိသတ်အပြည့်ရှိနေမယ့် လိဒ်ယူနိုက်တက်ကွင်းမှ အရှိန်ပြင်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ အာရုံစိုက်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက မာဆယ်လို ဘီရယ်ဆာရဲ့ အသင်းနဲ့ ကစားခဲ့ရတဲ့ ၂ ပွဲလုံးက ခက်ခဲခဲ့ပြီး အဲ့ဒီ့ရာသီ အဖွင့်ပွဲ အိမ်ကွင်းမှာ လီဗာပူးက စိတ်လှုပ်ရှားဖွယ် ၄-၃ နဲ့ အနိုင်ရခဲ့ပြီးနောက် ဒုတိယရာသီဝက်မှာ ၁ ဂိုးစီ သရေ ကျခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ လိဒ်ရဲ့ ဖိအားပေး ကစားတတ်တဲ့ ပုံစံကို ယှဉ်တိုက်ဖို့ အစီအစဉ် ဆွဲထားခဲ့ပေမယ့် နိုင်ငံတကာ… Continue Reading →

ပိုက်ဆံကြောင့် ကမ္ဘာဖလား နှစ်နှစ်တစ်ကြိမ် ကျင်းပရေး ကြိုးစားနေကြတာလို့ ကလော့ပ် တုန့်ပြန်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကမ္ဘာဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပရေး ဖီဖာဘက်က ဆန့်ကျင်နေမှုကို ကန့်ကွက်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးလောက တိုးတက်ရေး ခေါင်းဆောင်ဖြစ်တဲ့ အာဆင်နယ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက အခုလို ပြိုင်ပွဲကို အချိန် ပြောင်းလဲကျင်းပဖို့ အဆိုပြုထားတဲ့ နောက်ကွယ်မှာ အဓိက တွန်းအားပေးနေသူ ဖြစ်ပါတယ်။ ဘောလုံးရာသီတွေ ပြီးဆုံးချိန်နဲ့ နောက်တစ်ကြိမ် စတင်ခြင်းမတိုင်ခင် ကြားကာလ သီတင်းပတ်တွေမှာ သက်တမ်းရှည်ကြာ လုပ်လာခဲ့တဲ့ လေးနှစ်တစ်ကြိမ် ကမ္ဘာဖလားပြိုင်ဆိုင်ရေး စက်ဝိုင်းကို ပြောင်းလဲဖို့ အဆိုပြုချက်ဟာ ဘောလုံးလောက… Continue Reading →

အသုံးစရိတ်တော့ မထုတ်လိုဘဲ အောင်မြင်မှုတွေ ရလိုတဲ့ လီဗာပူး ပေါ်လစီကို ကာရေဂါ မှတ်ချက်ပေး

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက ကလပ်ရဲ့ ဈေးကွက်တွေမှာ အရောင်းရှိမှ အဝယ်ရှိမယ်လို့ စီမံလာတဲ့ ဝယ်ရောင်း ပေါ်လစီကို ဝေဖန်မှု ပြုလုပ်သွားပါတယ်။ ဥရောပဘောလုံးလောကမှာ အောင်မြင်မှုတွေကို လိုချင်တဲ့ ကလပ်တွေဟာ အသုံးစရိတ်ကြီးတွေလည်း ထုတ်သုံးရတာက အစဉ်အလာဖြစ်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းကတော့ အသုံးစရိတ်ကျ မထုတ်ချင်ပေမယ့် အောင်မြင်မှုတွေတော့ လိုချင်နေတာဟာ ဆန်းကျယ်လွန်းတဲ့ ကိစ္စပါလို့ ကာရေဂါက မြင်ပါတယ်။ ကာရေဂါက “ ကုန်ခဲ့တဲ့ ၆ နှစ်မှာ လီဗာပူးက ကမ္ဘာဘောလုံးလောကအတွင်း အကောင်းမွန်ဆုံး စီမံအုပ်ချုပ်မှုတွေဖြင့် ရှေ့ဆက်နေတဲ့ အသင်းတွေထဲက တစ်သင်းပဲဖြစ်ပါတယ်။… Continue Reading →

ဖာဘင်ညိုတို့ ပါဝင်လာနိုင်မယ့် လိဒ်ယူနိုက်တက်ပွဲအတွက် ပွဲထွက်လူစာရင်းကို ပွဲကြို ခန်းမှန်း

လိဒ်ယူနိုက်တက်နဲ့ပွဲကြို လီဗာပူးအတွက် သတင်းကောင်းကတော့ ဘရာဇီး ကစားသမားတွေဟာ ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်ကစားခွင့် ရရှိပြီဖြစ်ပါတယ်။ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ နှစ်ဦး ကစားခွင့်ရခဲ့ပြီဖြစ်ခြင်းက လီဗာပူးအသင်းအတွက် အများကြီး အကျိုးဖြစ်လာဖို့ ရှိပါတယ်။ အထူးသဖြင့် ဖာဘင်ညို ကစားနိုင်ခြင်းဟာ လီဗာပူးကွင်းလယ်ကို အတော်လေး တောင့်တင်းမှုတွေဖြစ်စေမယ့် အနေအထားဖြစ်တယ်။ ယာဂင်ဟာ လီဗာပူးအသင်းနဲ့အတူ ပွဲကြပ်ကာလကို ရင်ဆိုင်ရမှာဖြစ်ခြင်းကြောင့် ကစားသမား အပြောင်းအလဲ အနည်းငယ်တော့ ပြုလုပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိနေခြင်းကြောင့် ဗန်ဒိုက်၊ ရိုဘိုတို့ကို အနားပေးမလားဆိုပြီး တွေးဆစရာ… Continue Reading →

နိုင်ငံနဲ့ ကလပ်ကြား ကြားညှပ်ရတဲ့ သူတို့ရဲ့ဘဝကို ဖွင့်ဟသွားတဲ့ ဖာဘင်ညို

ဖာဘင်ညိုဟာ ဘရာဇီးနိုင်ငံအသင်းနဲ့အတူ အငြင်းပွားစရာ ပြဿနာထဲ ပါဝင်နေပြီး ဒါဟာ ကလပ်ရော နိုင်ငံအတွက်ပါ ကစားပေးချင်တဲ့ ကစားသမားတစ်ယောက်အတွက် ပဋိပက္ခ ဖြစ်စရာ အနေအထားလဲ ဖြစ်ပါတယ်။ စက်တင်ဘာ သီတင်းပတ်မှာ နိုင်ငံအသင်းနဲ့ မပူးပေါင်းခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဘရာဇီးကစားသမားတွေအနေနဲ့ ၅ ရက်တာ ပွဲကစားခွင့် ပိတ်ပင်ခံရမှုဟာ ပယ်ဖျက်ပေးခဲ့ပါပြီ။ ဒါကြောင့် အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နိုတို့ဟာ ဒီအပတ် လီဗာပူးပွဲကို ပါဝင်နိုင်ပြီဖြစ်ပါတယ်။ နိုင်ငံအသင်းနဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် အင်္ဂလန်ကို ပြန်လာတဲ့အခါ ၁၀ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်တာကြောင့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!