လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ပရိသတ်အပြည့်ရှိနေမယ့် လိဒ်ယူနိုက်တက်ကွင်းမှ အရှိန်ပြင်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ အာရုံစိုက်နေပါတယ်။

ပြီးခဲ့တဲ့ ရာသီက မာဆယ်လို ဘီရယ်ဆာရဲ့ အသင်းနဲ့ ကစားခဲ့ရတဲ့ ၂ ပွဲလုံးက ခက်ခဲခဲ့ပြီး အဲ့ဒီ့ရာသီ အဖွင့်ပွဲ အိမ်ကွင်းမှာ လီဗာပူးက စိတ်လှုပ်ရှားဖွယ် ၄-၃ နဲ့ အနိုင်ရခဲ့ပြီးနောက် ဒုတိယရာသီဝက်မှာ ၁ ဂိုးစီ သရေ ကျခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာ လိဒ်ရဲ့ ဖိအားပေး ကစားတတ်တဲ့ ပုံစံကို ယှဉ်တိုက်ဖို့ အစီအစဉ် ဆွဲထားခဲ့ပေမယ့် နိုင်ငံတကာ သီတင်းပတ်ကြောင့် အသင်းလူစာရင်း အပြည့်အစုံနဲ့ လေ့ကျင့်ရတဲ့ အချိန် အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးအနေနဲ့ ရလဒ်ကောင်း ရရှိရေးအတွက် နည်းဗျူဟာတွေထက် ကိုယ်ပိုင် အရည်အသွေးပေါ်မှာပဲ အားကိုးရတော့မယ် ဆိုတာကို နားလည်ထားတာပါ။

“ ကျွန်တော်တို့ ကစားသမားတချို့နဲ့အတူ ဒီပွဲအတွက် ပြင်ဆင်ချိန် တပတ်ရခဲ့တယ်။ တချို့ကတော့ ကြာသပတေးနေ့ကမှ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တာဆိုတော့ ကျွန်တော်တို့အနေနဲ့ လူစုံတက်စုံနဲ့ လေ့ကျင့်ရေး ၂ ချိန်ပဲ လုပ်ခဲ့ရပါတယ်။

ကစားပွဲတွေ ကိုယ်တိုင်က ပရိယာယ်များပါတယ်။ ဒါကို သူတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၂ ပွဲမှာ တွေ့ခဲ့ပြီးပါပြီ။ လိဒ်နဲ့ ကစားခဲ့ရတဲ့ ကျွန်တော့်ရဲ့ ပထမဆုံး အတွေ့အကြုံကတော့ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။

သူတို့ရဲ့ ကစားပုံက တင်းကျပ်တဲ့ လူကပ်ပုံနဲ့ ခုခံကာကွယ်ပြီး သိပ်ကို လိုက်လျောညီထွေရှိတယ်၊ ရဲရင့်မှုရှိတယ်၊ ဘောလုံး ပိုင်ဆိုင်မှုမှာလဲ အရမ်း အင်တိုက်အားတိုက် ရှိပါတယ်။

လိဒ်ကို ရင်ဆိုင်ရတဲ့ပွဲတိုင်းက အရှိန်အဟုန် ပြင်းထန်တယ်။ သူတို့ ဘောလုံးထိန်းချုပ်ပုံ ကောင်းတယ်။ ဘောလုံး ပိုင်ဆိုင်မှု အများဆုံးအသင်း စာရင်းထဲမှာ ဒုတိယ၊ တတိယလောက် ချိတ်မယ် ထင်ပါတယ်။ သူတို့က တကယ် ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ကျွန်တော်တို့ ရလဒ်ကောင်းရဖို့ဆိုရင် အကောင်းဆုံး ခြေစွမ်းမှာ ရှိနေဖို့လိုပါတယ်။

ဒီရာသီမှာ သူတို့တွေ လိုချင်သလို အမှတ်တွေ မရသေးတာကြောင့် ကျွန်တော်တို့နဲ့ တွေ့မယ့်ပွဲက အခွင့်အရေးကောင်းပဲလို့ ထင်နေမှာ သေချာတယ်။ ဒါပေမယ့် သူတို့က ဒီရာသီမှာ ကျွန်တော်တို့နဲ့ ရင်မဆိုင်ဖူးသေးပါဘူး။

ကျွန်တော် တို့ တတ်နိုင်သလောက် ကောင်းကောင်းကစားပြီးတော့ ရပ်တန့်ဖို့ ခက်ခဲတဲ့ အသင်းဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ကစားရ ခက်တဲ့အသင်းဖြစ်နေရင် အနိုင်ရဖို့ အခွင့်အရေး ရှိပါတယ်။ ဒါက ကျွန်တော်တို့ ကြိုးစားသွားမယ့် အရာပါပဲ”လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ဟာ ပရိသတ္အျပည့္ရွိေနမယ့္ လိဒ္ယူႏုိက္တက္ကြင္းမွ အရွိန္ျပင္းတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္ေအာင္ ျပင္ဆင္ထားဖို႔ အာ႐ုံစိုက္ေနပါတယ္။

ၿပီးခဲ့တဲ့ ရာသီက မာဆယ္လို ဘီရယ္ဆာရဲ႕ အသင္းနဲ႔ ကစားခဲ့ရတဲ့ ၂ ပြဲလုံးက ခက္ခဲခဲ့ၿပီး အဲ့ဒီ့ရာသီ အဖြင့္ပြဲ အိမ္ကြင္းမွာ လီဗာပူးက စိတ္လႈပ္ရွားဖြယ္ ၄-၃ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ဒုတိယရာသီဝက္မွာ ၁ ဂိုးစီ သေရ က်ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ လိဒ္ရဲ႕ ဖိအားေပး ကစားတတ္တဲ့ ပုံစံကို ယွဥ္တိုက္ဖို႔ အစီအစဥ္ ဆြဲထားခဲ့ေပမယ့္ ႏိုင္ငံတကာ သီတင္းပတ္ေၾကာင့္ အသင္းလူစာရင္း အျပည့္အစုံနဲ႔ ေလ့က်င့္ရတဲ့ အခ်ိန္ အနည္းငယ္သာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ လီဗာပူးအေနနဲ႔ ရလဒ္ေကာင္း ရရွိေရးအတြက္ နည္းဗ်ဴဟာေတြထက္ ကိုယ္ပိုင္ အရည္အေသြးေပၚမွာပဲ အားကိုးရေတာ့မယ္ ဆိုတာကို နားလည္ထားတာပါ။

“ ကြၽန္ေတာ္တို႔ ကစားသမားတခ်ိဳ႕နဲ႔အတူ ဒီပြဲအတြက္ ျပင္ဆင္ခ်ိန္ တပတ္ရခဲ့တယ္။ တခ်ိဳ႕ကေတာ့ ၾကာသပေတးေန႔ကမွ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ခဲ့တာဆိုေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ လူစုံတက္စုံနဲ႔ ေလ့က်င့္ေရး ၂ ခ်ိန္ပဲ လုပ္ခဲ့ရပါတယ္။

ကစားပြဲေတြ ကိုယ္တိုင္က ပရိယာယ္မ်ားပါတယ္။ ဒါကို သူတို႔နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ေနာက္ဆုံး ၂ ပြဲမွာ ေတြ႕ခဲ့ၿပီးပါၿပီ။ လိဒ္နဲ႔ ကစားခဲ့ရတဲ့ ကြၽန္ေတာ့္ရဲ႕ ပထမဆုံး အေတြ႕အႀကဳံကေတာ့ တကယ္ကို စိတ္လႈပ္ရွားစရာ ေကာင္းခဲ့ပါတယ္။

သူတို႔ရဲ႕ ကစားပုံက တင္းက်ပ္တဲ့ လူကပ္ပုံနဲ႔ ခုခံကာကြယ္ၿပီး သိပ္ကို လိုက္ေလ်ာညီေထြရွိတယ္၊ ရဲရင့္မႈရွိတယ္၊ ေဘာလုံး ပိုင္ဆိုင္မႈမွာလဲ အရမ္း အင္တိုက္အားတိုက္ ရွိပါတယ္။

လိဒ္ကို ရင္ဆိုင္ရတဲ့ပြဲတိုင္းက အရွိန္အဟုန္ ျပင္းထန္တယ္။ သူတို႔ ေဘာလုံးထိန္းခ်ဳပ္ပုံ ေကာင္းတယ္။ ေဘာလုံး ပိုင္ဆိုင္မႈ အမ်ားဆုံးအသင္း စာရင္းထဲမွာ ဒုတိယ၊ တတိယေလာက္ ခ်ိတ္မယ္ ထင္ပါတယ္။ သူတို႔က တကယ္ ေကာင္းမြန္တဲ့ အသင္းတစ္သင္း ျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ ရလဒ္ေကာင္းရဖို႔ဆိုရင္ အေကာင္းဆုံး ေျခစြမ္းမွာ ရွိေနဖို႔လိုပါတယ္။

ဒီရာသီမွာ သူတို႔ေတြ လိုခ်င္သလို အမွတ္ေတြ မရေသးတာေၾကာင့္ ကြၽန္ေတာ္တို႔နဲ႔ ေတြ႕မယ့္ပြဲက အခြင့္အေရးေကာင္းပဲလို႔ ထင္ေနမွာ ေသခ်ာတယ္။ ဒါေပမယ့္ သူတို႔က ဒီရာသီမွာ ကြၽန္ေတာ္တို႔နဲ႔ ရင္မဆိုင္ဖူးေသးပါဘူး။

ကြၽန္ေတာ္ တို႔ တတ္ႏိုင္သေလာက္ ေကာင္းေကာင္းကစားၿပီးေတာ့ ရပ္တန႔္ဖို႔ ခက္ခဲတဲ့ အသင္းျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔က ကစားရ ခက္တဲ့အသင္းျဖစ္ေနရင္ အႏိုင္ရဖို႔ အခြင့္အေရး ရွိပါတယ္။ ဒါက ကြၽန္ေတာ္တို႔ ၾကိဳးစားသြားမယ့္ အရာပါပဲ”လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။