လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက ကလပ်ရဲ့ ဈေးကွက်တွေမှာ အရောင်းရှိမှ အဝယ်ရှိမယ်လို့ စီမံလာတဲ့ ဝယ်ရောင်း ပေါ်လစီကို ဝေဖန်မှု ပြုလုပ်သွားပါတယ်။

ဥရောပဘောလုံးလောကမှာ အောင်မြင်မှုတွေကို လိုချင်တဲ့ ကလပ်တွေဟာ အသုံးစရိတ်ကြီးတွေလည်း ထုတ်သုံးရတာက အစဉ်အလာဖြစ်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းကတော့ အသုံးစရိတ်ကျ မထုတ်ချင်ပေမယ့် အောင်မြင်မှုတွေတော့ လိုချင်နေတာဟာ ဆန်းကျယ်လွန်းတဲ့ ကိစ္စပါလို့ ကာရေဂါက မြင်ပါတယ်။

ကာရေဂါက “ ကုန်ခဲ့တဲ့ ၆ နှစ်မှာ လီဗာပူးက ကမ္ဘာဘောလုံးလောကအတွင်း အကောင်းမွန်ဆုံး စီမံအုပ်ချုပ်မှုတွေဖြင့် ရှေ့ဆက်နေတဲ့ အသင်းတွေထဲက တစ်သင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်မှာ စိုးရွံ့မှုတွေ ရှိနေပါတယ်။ သူတို့တွေ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို စိန်ခေါ်ဖို့ ဒီစနစ်ကြီးကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ?

လီဗာပူးအတွက် နောက်ထပ် ဈေးကွက်တစ်ခုက ပြီးသွားခဲ့ပြန်ပါပြီ။ သူတို့က အင်္ဂလန်မှာ ငွေအသုံးဆုံး ကလပ်တွေထဲ နံပါတ် ၁၄ ချိတ်ပါတယ်။ ဒီမတိုင်ခင် နှစ်ကဆိုရင် နံပါတ် ၁၀ ထင်ပါတယ်။ ရှက်ဖီးယူနိုက်တက်နဲ့ နယူကာဆယ် ယူနိုက်တက်တို့ထက်တောင် ကစားသမားသစ်အတွက် အသုံးစရိတ် နည်းနေပါသေးတယ်။

၂၀၁၅ မှာ ယာဂင်ကလော့ပ် လီဗာပူးကို စရောက်လာပြီးတဲ့နောက် အသာတင် အသုံးစရိတ်က ပေါင် ၉၆.၈ သန်းဖြစ်ပါတယ်။ တစ်ရာသီကို ပျှမ်းမျှ ပေါင် ၁၆.၁ သန်း သုံးတဲ့ သဘောပါ။ ကြီး ၆ ကြီးထဲမှာဆိုရင် အသုံးစရိတ် အနည်းဆုံး အသင်းဖြစ်ပါတယ်။

ကိုယ်ရဲ့ အနီးကပ်ပြိုင်ဘက်တွေထက် လူသစ်ခေါ်ယူရေးတွေမှာ အသုံးစရိတ် ပိုလျော့သုံးနေတာတောင် ဆုဖလားတွေကို ထပ်ခါထပ်ခါ အနိုင်ရနေလို့ကတော့ အောင်မြင်ရေးမှာ သမာရိုးကျ လုပ်ရမယ့် ကိစ္စတွေကို ဖောက်ထွက်နိုင်မှုကြီးတောင် ဖြစ်လာပါလိမ့်မယ် ” လို့ မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကမ္ဘာအကောင်းဆုံး လူစာရင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ပြန်လည် အားဖြည့်မှုတွေ နည်းပါးခြင်းနဲ့အတူ ဒီရာသီမှာတော့ လိဂ်ကို အနိုင်ရဖို့ ရေပန်းစားစာရင်းမှာ အဆင့် ၃ နဲ့ ၄ နေရာထိ ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက ကလပ္ရဲ႕ ေစ်းကြက္ေတြမွာ အေရာင္းရွိမွ အဝယ္ရွိမယ္လို႔ စီမံလာတဲ့ ဝယ္ေရာင္း ေပၚလစီကို ေဝဖန္မႈ ျပဳလုပ္သြားပါတယ္။

ဥေရာပေဘာလံုးေလာကမွာ ေအာင္ျမင္မႈေတြကို လိုခ်င္တဲ့ ကလပ္ေတြဟာ အသံုးစရိတ္ၾကီးေတြလည္း ထုတ္သံုးရတာက အစဥ္အလာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးအသင္းကေတာ့ အသံုးစရိတ္က် မထုတ္ခ်င္ေပမယ့္ ေအာင္ျမင္မႈေတြေတာ့ လိုခ်င္ေနတာဟာ ဆန္းက်ယ္လြန္းတဲ့ ကိစၥပါလို႔ ကာေရဂါက ျမင္ပါတယ္။

ကာေရဂါက “ ကုန္ခဲ့တဲ့ ၆ ႏွစ္မွာ လီဗာပူးက ကမၻာေဘာလံုးေလာကအတြင္း အေကာင္းမြန္ဆံုး စီမံအုပ္ခ်ဳပ္မႈေတြျဖင့္ ေရွ႔ဆက္ေနတဲ့ အသင္းေတြထဲက တစ္သင္းပဲျဖစ္ပါတယ္။

ဒါေပမယ့္ က်ေနာ္မွာ စိုးရြံ႔မႈေတြ ရွိေနပါတယ္။ သူတို႔ေတြ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို စိန္ေခၚဖို႔ ဒီစနစ္ၾကီးကို ဘယ္ေလာက္ၾကာၾကာ ထိန္းထားႏုိင္မလဲ?

လီဗာပူးအတြက္ ေနာက္ထပ္ ေစ်းကြက္တစ္ခုက ျပီးသြားခဲ့ျပန္ပါျပီ။ သူတို႔က အဂၤလန္မွာ ေငြအသံုးဆံုး ကလပ္ေတြထဲ နံပါတ္ ၁၄ ခ်ိတ္ပါတယ္။ ဒီမတိုင္ခင္ ႏွစ္ကဆိုရင္ နံပါတ္ ၁၀ ထင္ပါတယ္။ ရွက္ဖီးယူႏုိက္တက္နဲ႔ နယူကာဆယ္ ယူႏုိက္တက္တို႔ထက္ေတာင္ ကစားသမားသစ္အတြက္ အသံုးစရိတ္ နည္းေနပါေသးတယ္။

၂၀၁၅ မွာ ယာဂင္ကေလာ့ပ္ လီဗာပူးကို စေရာက္လာျပီးတဲ့ေနာက္ အသာတင္ အသံုးစရိတ္က ေပါင္ ၉၆.၈ သန္းျဖစ္ပါတယ္။ တစ္ရာသီကို ပွ်မ္းမွ် ေပါင္ ၁၆.၁ သန္း သံုးတဲ့ သေဘာပါ။ ၾကီး ၆ ၾကီးထဲမွာဆိုရင္ အသံုးစရိတ္ အနည္းဆံုး အသင္းျဖစ္ပါတယ္။

ကိုယ္ရဲ႕ အနီးကပ္ျပိဳင္ဘက္ေတြထက္ လူသစ္ေခၚယူေရးေတြမွာ အသံုးစရိတ္ ပိုေလ်ာ့သံုးေနတာေတာင္ ဆုဖလားေတြကို ထပ္ခါထပ္ခါ အႏုိင္ရေနလို႔ကေတာ့ ေအာင္ျမင္ေရးမွာ သမာရိုးက် လုပ္ရမယ့္ ကိစၥေတြကို ေဖာက္ထြက္ႏုိင္မႈၾကီးေတာင္ ျဖစ္လာပါလိမ့္မယ္ ” လို႔ မွတ္ခ်က္ေပးလိုက္တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကမၻာအေကာင္းဆံုး လူစာရင္းတစ္ခုကို ပိုင္ဆိုင္ခဲ့ေပမယ့္ ျပန္လည္ အားျဖည့္မႈေတြ နည္းပါးျခင္းနဲ႔အတူ ဒီရာသီမွာေတာ့ လိဂ္ကို အႏုိင္ရဖို႔ ေရပန္းစားစာရင္းမွာ အဆင့္ ၃ နဲ႔ ၄ ေနရာထိ က်ဆင္းလာခဲ့ျပီျဖစ္ပါတယ္။