Date

September 13, 2021

ဂယ်ရီနဗီးရဲ့ စံချိန်ကို ပွဲပေါင်း ၂၆၇ ပွဲ လျော့ကစားပြီး လိုက်မှီသွားခဲ့တဲ့ ထရန့်

လီဗာပူးတိုက်စစ်သမား ဆာလာရဲ့ သွင်းဂိုး ၁၀၀ ပြည့်မယ့် ဂိုးအတွက် ဂိုးထောက်ပံ့မှုကို ထရန့် လုပ်ပေးနိုင်ခဲ့တာကြောင့် ညာအစွန်ကစားသမားဟာ ပရီးမီးယားလိဂ် အထင်ကရ ကစားသမားဟောင်း ဂယ်ရီနဗီးရဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပါပြီလို့ မာဆေးဆိုဒ် အခြေစိုက် Echo သတင်းဌာနက ဖော်ပြသါားပါတယ်။ ထရန့်ဟာ ရာသီသစ်အတွက် သူ့ရဲ့ ဒုတိယမြောက် ဂိုးထောက်ပံ့မှုကို လုပ်နိုင်ခဲ့တာဖြစ်သလို အဆင့်မြင့်တန်း ပြိုင်ပွဲမှာတော့ ဂိုးထောက်ပံ့မှု ၃၅ ကြိမ်ထိ လုပ်နိုင်ခဲ့ပါပြီ။ ဒါဟာ အင်္ဂလန်ညာအစွန်လူဟောင်း ဂယ်ရီနဗီးထက် ပွဲပေါင်း ၂၆၇ ပွဲ လျော့ကစားပြီးမှာ… Continue Reading →

လူတိုင်းက ရော်နယ်ဒိုအကြောင်း ပြောနေချိန်မှာ ဆာလာက ပေါ်တူဂီသားလို လုပ်ပြနေပါတယ်

ဂယ်ရီနဗီးက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့်အသင်းတွေထဲ လီဗာပူးကိုလည်း ထည့်သွင်းဖို့နဲ့ ဆာလာဟာ သွင်းဂိုးတွေရယူဖို့ ဆာလောင်နေသူဖြစ်ကြောင်း မှတ်ချက်စကားတွေ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ခံစစ်မှူးဟောင်းဟာ ဗြိတိန်ရဲ့ နာမည်ကျော် သတင်းဌာနဖြစ်တဲ့ စကိုင်းစပေါ့ အပါအဝင် ပရိုဂရမ် အတော်များများမှာ သုံးသပ်သူအဖြစ် အလုပ်လုပ်နေတာပါ။ သူကပဲ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်သွားတဲ့ ဆာလာရဲ့ ထူးချွန်းမှုတွေကို ချီးကျူးသွားခဲ့ပါတယ်။ နဗီးက “ ကျနေ်ာတို့က ရော်နယ်ဒိုဟာ ဂိုးတွေ သွင်းကိုသွင်းဖို့ဆိုတဲ့ စိတ်ထားရှိသူလို့ ပြောနေကြပေမယ့် အဲ့တာမျိုးကို ဆာလာကလည်း လုပ်ပြနေပါတယ်။… Continue Reading →

လိဒ်ကစားပုံက လီဗာပူးတို့ ရင်ဆိုင်ရ လွယ်လွန်းအောင် အကူအညီဖြစ်နေကြောင်း ရက်နက် ဆွေးနွေး

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ရက်နက်က လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၀ ဖြင့် အနိုင်ရတဲ့ လီဗာပူးအသင်း ခြေစွမ်းကို အားရ ကျေနပ်နေပါတယ်။ လီဗာပူးက ဆာလာ၊ ဖာဘင်ညို၊ မာနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် ပွဲကို ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။ သို့ပေမယ့်လို့ ကလပ်ရဲ့ အဓိက ကစားသမားအဖြစ် တောက်ပလာနေတဲ့ အယ်လီးယော့ ဒဏ်ရာရသွားတာကတော့ အထိနာခဲ့ပါတယ်။ ရက်နက်ကပဲ လိဒ်ယူနိုက်တက်ဟာ တိုက်စစ်ဖွင့်ကစားလွန်းပြီး ဒါဟာ ကြီး ၆ ကြီး အသင်းတွေကို ရင်ဆိုင်ရာမှာ အထိနာစေမယ့် ကိစ္စဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်တယ်။ လီဗာပူးလို… Continue Reading →

အယ်လီယော့ရဲ့ ဒဏ်ရာအကြောင်း ပွဲအပြီး ထုတ်ပြောခဲ့ကြတဲ့ ယာဂင်ကလော့ပ်နဲ့ ဘီရယ်ဆာ

လီဗာပူးလူငယ် ကွင်းလယ်လူ အယ်လီးယော့ဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက် ကစားသမား စထရောက်နဲ့ ထိခိုက်မိရာက ခြေကျင်းဝတ်မှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ အယ်လီးယော့ဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်သွားရသလို စထရောက်ကလည်း တိုက်ရိုက် အနီဖြင့် ကွင်းထဲက ထွက်ခွာခဲ့ရတယ်။ အဆိုပါဖြစ်ရပ် မတိုင်ခင် လီဗာပူးက ပွဲကို ၂-၀ ဖြင့် ဦးဆောင်နေတာဖြစ်ပြီး မတော်တဆမှု နောက်ပိုင်းမှာ မာနေးက သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့တာကြောင့် ၃-၀ ဖြင့် ပွဲပြီးခဲ့ပါတယ်။ ယာဂင်က ” အဲ့တာက… Continue Reading →

လိဒ်နဲ့ပွဲမှာ သွင်းဂိုး ရယူပြီး ပရီးမီးယားလိဂ် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားတဲ့ ဆာလာ

ဆာလာဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ရလိုက်တာကြောင့် သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည်ေ့မြာက်ခဲ့ပြီဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးကစားသမားဘဝ ၂၀၇ ပွဲမှာ သွင်းဂိုး ၁၂၈ ဂိုးထိ ရယထားပြီဖြစ်တယ်။ သူဟာ ကလပ်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါပြီ။ ဆာလာ သွင်းယူထားတဲ့ သွင်းဂိုး ၁၂၈ ဂိုးထဲက ၉၈ ဂိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းယူထားတာဖြစ်တယ်။ သူဟာ ချယ်ဆီးကစားသမားဘဝမှာ ပရီးမီးယားလိဂ် သွင်းဂိုး… Continue Reading →

လိဒ်ကို ၃ ဂိုးပြတ် နိုင်ခဲ့ပေမယ့် အယ်လီးယော့ ဒဏ်ရာကြောင့် စိတ်မချမ်းသာရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် လိဒ်ယူနိုက်တက်ကွင်းထဲ သွားရောက် ယှဉ်ပြိုင်ရာမှာ ဆာလာ၊ ဖာဘင်ညို၊ မာနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် ၃ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ တိုက်စစ်နဲ့ ခံစစ်ကို အပြောင်းအလဲကြီးတွေ မလုပ်ခဲ့ဘဲ ကွင်းလယ်မှာ သီယာဂို၊ ဖာဘင်ညိုနဲ့ အယ်လီးယော့အတွဲကို ထုတ်သုံးလာခဲ့တယ်။ ၁၈ နှစ်သားပဲ ရှိသေးတဲ့ အယ်လီးယော့အပေါ် ယာဂင်က အများကြီး မြင်ထားပုံရပြီး စီနီယာတွေကို ကျော်ပြီး ဆယ်ကျော်သက်လေးကို စဉ်တင်ပေးဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ပပွဲစလာကတည်းက လီဗာပူးဟာ ပွဲကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!