လီဗာပူးလူငယ် ကွင်းလယ်လူ အယ်လီးယော့ဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက် ကစားသမား စထရောက်နဲ့ ထိခိုက်မိရာက ခြေကျင်းဝတ်မှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

အယ်လီးယော့ဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်သွားရသလို စထရောက်ကလည်း တိုက်ရိုက် အနီဖြင့် ကွင်းထဲက ထွက်ခွာခဲ့ရတယ်။ အဆိုပါဖြစ်ရပ် မတိုင်ခင် လီဗာပူးက ပွဲကို ၂-၀ ဖြင့် ဦးဆောင်နေတာဖြစ်ပြီး မတော်တဆမှု နောက်ပိုင်းမှာ မာနေးက သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့တာကြောင့် ၃-၀ ဖြင့် ပွဲပြီးခဲ့ပါတယ်။

ယာဂင်က ” အဲ့တာက ခြေကျင်းဝတ်မှာ ဒဏ်ရာရသွားတာပါ။ သူ့ ခြေကျင်းဝတ် အဆစ်လွဲသွားတာပါ။ သူတို့ ပြန်မတည့်ပေးရသေးပါဘူး၊ အခုတော့ ပြန်တည့်သွားပြီ ကြားတယ်။ သူ အခု ဆေးရုံးမှာ ရှိနေပါတယ်။

လူငယ်ကစားသမားတစ်ယောက်ကို သူ့ရဲ့ ကစားသမားဘဝမှာ ဒီအတွေ့အကြုံမျိုး မရစေချင်ပါဘူး။ သူမပါဘဲ ကျနေ်ာတို့ ဘောလုံးပွဲတွေ ဆက်ကစားမှာပါ။ ဒါပေမယ့် သူ့ကိုလည်း စောင့်မျှော်သွားမှာပါ။ သူက သိပ်ကောင်းတဲ့ ကစားသမားလေးဖြစ်ပါတယ်။ အခြေအနေကို ကျနော် မြင်ပါတယ်။ သူ့ခြေထောက်က ပုံမှန် မဟုတ်တော့တာကို ကျနော် မြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနေ်ာတို့ အားလုံး အံ့သြသင့်သွားခဲ့တာပါ။ ” လို့ ဆိုခဲ့တာပါတယ်။

အယ်လီးယော့ရဲ့ ဒဏ်ရာကြောင့် စတုတ္ထဒိုင်နဲ့ စကားတွေ အကြာကြီး ပြောခဲ့ခြင်းကို ” ဒီလို ကိစ္စတွေ ဖြစ်အပြီး ဒိုင်လူကြီးနဲ့ ကျနော် ပြောခဲ့တာတွေက ပြောသင့်တဲ့ အချိန်မှာ ပြောမိခဲ့တာလားဆိုတာတောင် မသေချာတော့ပါဘူးဗျာ ” လို့ပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။

လိဒ်ယူနိုက်တက်မန်နေဂျာ ဘီရယ်ဆာကတော့ ” ဖြစ်ခ့တာတွေအတွက် ကျနော် နောင်တရမိပါတယ်။ မဖြစ်ခဲ့ပါနဲ့လားလို့တောင် ဆုတောင်းမိပါတယ်။ ဘယ်ကစားသမားအတွက် မဆို ဒီလိုဖြစ်တာက ဝမ်းနည်းစရာပါ။ မြင့်မားတဲ့ အဆင့်မှာ ကစားနေတဲ့ လူငယ်တစ်ယောက်အတွက်ဆို ပိုဆိုးတာပေါ့ဗျာ။

ကျနော်ရဲ့ ကစားသမားက တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဘောလုံး ပြန်ဆယ်ဖို့ ကြိုးစားကြရင်း ဖြစ်သွားခဲ့တာပါ။ ရှင်းထုတ်မှုက ရှင်းလင်းခဲ့ပေမယ့် ကျနော် ကစားသမားက ပြိုင်ဘက်ကို နာကျင်အောင် တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး ” လို့ တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

အယ်လီးယော့က အင်စတာဂရမ်ကနေ တစ်ဆင့်ပဲ သူ့ကို သတင်းမေးကြတာအတွက် ကျေးဇူးတင်ကြောင့်ပြန် ပြန်သက်သာလာအောင် ကြိုးစားပါမယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးလူငယ္ ကြင္းလယ္လူ အယ္လီးေယာ့ဟာ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ ျပိဳင္ဘက္ ကစားသမား စထေရာက္နဲ႔ ထိခိုက္မိရာက ေျခက်င္းဝတ္မွာ ျပင္းထန္စြာ ဒဏ္ရာရခဲ့ပါတယ္။

အယ္လီးေယာ့ဟာ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္သြားရသလို စထေရာက္ကလည္း တိုက္ရိုက္ အနီျဖင့္ ကြင္းထဲက ထြက္ခြာခဲ့ရတယ္။ အဆိုပါျဖစ္ရပ္ မတိုင္ခင္ လီဗာပူးက ပြဲကို ၂-၀ ျဖင့္ ဦးေဆာင္ေနတာျဖစ္ျပီး မေတာ္တဆမႈ ေနာက္ပိုင္းမွာ မာေနးက သြင္းဂိုး ၁ ဂိုး ထပ္ရခဲ့တာေၾကာင့္ ၃-၀ ျဖင့္ ပြဲျပီးခဲ့ပါတယ္။

ယာဂင္က ” အဲ့တာက ေျခက်င္းဝတ္မွာ ဒဏ္ရာရသြားတာပါ။ သူ႔ ေျခက်င္းဝတ္ အဆစ္လြဲသြားတာပါ။ သူတို႔ ျပန္မတည့္ေပးရေသးပါဘူး၊ အခုေတာ့ ျပန္တည့္သြားျပီ ၾကားတယ္။ သူ အခု ေဆးရံုးမွာ ရွိေနပါတယ္။

လူငယ္ကစားသမားတစ္ေယာက္ကို သူ႔ရဲ႕ ကစားသမားဘဝမွာ ဒီအေတြ႔အၾကံဳမ်ိဳး မရေစခ်င္ပါဘူး။ သူမပါဘဲ က်ေန္ာတို႔ ေဘာလံုးပြဲေတြ ဆက္ကစားမွာပါ။ ဒါေပမယ့္ သူ႔ကိုလည္း ေစာင့္ေမွ်ာ္သြားမွာပါ။ သူက သိပ္ေကာင္းတဲ့ ကစားသမားေလးျဖစ္ပါတယ္။ အေျခအေနကို က်ေနာ္ ျမင္ပါတယ္။ သူ႔ေျခေထာက္က ပံုမွန္ မဟုတ္ေတာ့တာကို က်ေနာ္ ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း က်ေန္ာတို႔ အားလုံး အံ့ၾသသင့္သြားခ့ဲတာပါ။ ” လို႔ ဆုိခဲ့တာပါတယ္။

အယ္လီးေယာ့ရဲ႕ ဒဏ္ရာေၾကာင့္ စတုတၳဒိုင္နဲ႔ စကားေတြ အၾကာၾကီး ေျပာခဲ့ျခင္းကို ” ဒီလို ကိစၥေတြ ျဖစ္အျပီး ဒိုင္လူၾကီးနဲ႔ က်ေနာ္ ေျပာခဲ့တာေတြက ေျပာသင့္တဲ့ အခ်ိန္မွာ ေျပာမိခဲ့တာလားဆိုတာေတာင္ မေသခ်ာေတာ့ပါဘူးဗ်ာ ” လို႔ပဲ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

လိဒ္ယူႏုိက္တက္မန္ေနဂ်ာ ဘီရယ္ဆာကေတာ့ ” ျဖစ္ခ့တာေတြအတြက္ က်ေနာ္ ေနာင္တရမိပါတယ္။ မျဖစ္ခဲ့ပါနဲ႔လားလို႔ေတာင္ ဆုေတာင္းမိပါတယ္။ ဘယ္ကစားသမားအတြက္ မဆို ဒီလိုျဖစ္တာက ဝမ္းနည္းစရာပါ။ ျမင့္မားတဲ့ အဆင့္မွာ ကစားေနတဲ့ လူငယ္တစ္ေယာက္အတြက္ဆို ပိုဆိုးတာေပါ့ဗ်ာ။

က်ေနာ္ရဲ႕ ကစားသမားက တမင္ရည္ရြယ္ျပီး လုပ္ခဲ့တာ မဟုတ္ပါဘူး။ ေဘာလံုး ျပန္ဆယ္ဖို႔ ၾကိဳးစားၾကရင္း ျဖစ္သြားခဲ့တာပါ။ ရွင္းထုတ္မႈက ရွင္းလင္းခဲ့ေပမယ့္ က်ေနာ္ ကစားသမားက ျပိဳင္ဘက္ကို နာက်င္ေအာင္ တမင္လုပ္ခဲ့တာ မဟုတ္ပါဘူး ” လို႔ တုန္႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

အယ္လီးေယာ့က အင္စတာဂရမ္ကေန တစ္ဆင့္ပဲ သူ႔ကို သတင္းေမးၾကတာအတြက္ ေက်းဇူးတင္ေၾကာင့္ျပန္ ျပန္သက္သာလာေအာင္ ၾကိဳးစားပါမယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။