Date

September 18, 2021

တိုက်စစ်၊ ခံစစ် ကျစ်လစ်စွာ ကစားပြီး ပဲလေစ့်ကို ဂိုးပြတ် အနိုင်ယူကာ ဇယားထိပ်တက်တဲ့ လီဗာပူး

အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ပဲလေစ့်နဲ့ပွဲမှာတော့ မာနေး၊ ဆာလာ၊ ကိတ်တာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးက ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မန်နေဂျာကလော့ပ်ဟာ အေစီမီလန်ပွဲနေ့က ခံစစ်ကြောင်း တစ်ခုလုံးကို အပြောင်းအလဲ ပြုလုပ်ခဲ့ကာ ကိုနတေးနဲ့ ဗန်ဒိုက် ဗဟိုခံစစ်အတွဲကို ထုတ်သုံးခဲ့တယ်။ ညာအစွန်လူ ထရန့် ဖျားနေလို့ မပါနိုင်ကာ သူ့နေရာမှာ မီလ်နာ ဝင်လာကာ ဘယ်ခြမ်းမှာ ကိုစတက်ကို ပွဲထုတ်ပါတယ်။ ထရန့်ရဲ့ အဖျားက သာမာန်ပဲဖြစ်ကာ ကိုဗစ် မဟုတ်ဘူးလို့ သိရတယ်။ ကွင်းလယ်နဲ့ကတော့ ဒီရာသီ… Continue Reading →

ကမ္ဘာအဆင့် ဂေါ့ဖ်သမား သီယာဂိုကို နံပါတ် ၈ နေရာ အသုံးချနေကြောင်း နည်းစနစ်ပိုင်းအရ ကလော့ပ် ဆွေးနွေး

သီယာဂိုက မာဆေးဆိုဒ်မှာ သူ့ရဲ့ ပထမဆုံး ၁၂ လတာ ကာလကို ကျော်လွန်ခဲ့ပြီဖြစ်သလို ကစားသမား အနေနဲ့ နောက်ထပ် အများကြီး လုပ်ပြဖို့ ရှိသေးတယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုခဲ့ပါတယ်။ လီဗာပူးဟာ စပိန်သားအတွက် ဘိုင်ယန်မြူးနစ်ကို ပေါင် ၂၅ သန်း ပေးချေခဲ့ရတာပါ။ ကလပ်မှာ သူ့ရဲ့ ပထမနှစ်ဟာ အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အတက်အကျတွေ ရောထွေးနေခဲ့ပေမယ့် အသက် ၃၀ အရွယ် ကစားသမားရဲ့ အရည်အသွေး အပြည့်အစုံကို မြင်တွေ့ရတောမ့ယ်လို့… Continue Reading →

ကိုနတေး၊ သီယာဂို၊ မာနေးတို ပါဝင်လာနိုင်တဲ့ ပဲလေစ့်ပွဲအတွက် ပွဲထွက်လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၈း၃၀ နာရီမှာတော့ ပဲလေစ့်ကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကြားရက်မှာ လီဗာပူးက နော့ဝစ်ချ်နဲ့ ကာရာဘောင်းပွဲရှိတာကြောင့် ပွဲကစားခွင့် နည်းနေတဲ့ အရန်ကစားသမားတွေကို နေရာပေးဖို့ အခွင့်အရေး ရှိနေပြီး ပဲလေစ့်နဲ့ပွဲကို တောင့်တင်းတဲ့ လူစာရင်းဖြင့် ပွဲထုတ်လာမယ် မျှော်လင့်ရပါတယ်။ ကလော့ပ်ဟာ ပဲလေ့စ်နဲ့ ပွဲအတွက် တိုက်စစ်မှူး ဖာမင်နို မပါပဲ ကစားရမှာဖြစ်ပြီး ဘရာဇီးသားဟာ ပြီးခဲ့တဲ့လက ချယ်ဆီးနဲ့ပွဲမှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာအပြီး လေ့ကျင့်ရေး ပြန်မဆင်းရသေးတာ ဖြစ်ပါတယ်။ တခြားသော… Continue Reading →

ကြာကြာဝါးမယ့်သွား အရိုး ကြည့်ရှောင်ရတယ်လို့ ဗန်ဒိုက်နဲ့ ပတ်သက်လို့ ကလော့ပ် ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပဲလေစ့်ပွဲကြိုမှာပဲ အသင်းပရိသတ်တွေကို ကာလတိုပဲ မကြည့်ဖို့နဲ့ ဘောလုံးရာသီကို မျက်စိတစ်ဆုံး ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အေစီမီလန်နဲ့ပွဲမှာတော့ ယာဂင်ကလော့ပ်ဟာ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို အနားပေးပြီး ဂိုးမက်စ်ကို ထုတ်သုံးခဲ့တာပါ။ ဒါဟာ ၃ ရက် တစ်ပွဲ ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ကလပ်ရဲ့ အဓိက ခံစစ်မှူးကို ဒဏ်ရာနဲ့ ပတ်သက်ပြီး ဘာအသံမှ မကြားလိုတာကြောင့် ကြိုတင် ကာကွယ်မှုလည်း ဖြစ်ခဲ့တယ်။ ဘောလုံးရာသီရှည်ကို သွားရမှာမို့ ပရိသတ်ကြိုက် လိုက်နေဖို့ထက် အသင်းရဲ့ ကြံ့ခိုင်မှု… Continue Reading →

ပွဲထွက် ၁၁ ဦး နေရာ ပြိုင်ဆိုင်မှုအတွက် အသင်းဖော်တွေကို သတိပေးစကား ပြောလာတဲ့ ထရန့်

ယာဂင်ကလော့ပ်ဟာ အေစီမီလန်နဲ့ပွဲမှာ ဂျိုဂိုးမက်နဲ့ အိုရီဂီတို့ကို ၂၀၂၁-၂၂ ရာသီအတွက် ပထမဆုံး ပွဲထွက်ခွင့်တွေ ပေးခဲ့ပါတယ်။ ပဲလေစ့်နဲ့ပွဲမှာလည်း အပြောင်းအလဲတွေ ထပ်ရှိမယ်လို့ သိထားရတာဖြစ်တယ်။ ဒီရာသီမှာ ပွဲထွက်ခွင့်အတွက် အဓိက ပြိုင်ဆိုင်ရမှာက ကွင်းလယ်နဲ့ ခံစစ်ပိုင်းပဲဖြစ်တယ်။ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂို၊ ချိန်ဘာလိန်၊ ကိတ်တာ၊ မီနာနဲ့ ဂျုံးတို့ အားလုံးဟာ ကွင်းလယ်နေရာအတွက် ကစားချိန်ရဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမယ့်လို့ ဒီရာသီအတွက် အဓိက ကွင်းလယ်လူအဖြစ် ဖာဘင်ညို ပုံမှန် နေရာရတာကလွဲလို့ အာမခံချက် မရှိသေးပါဘူး။ ကိတ်တာဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!