Date

October 1, 2021

ခံစစ် သုံးယောက်တန်းများလား? မန်စီးတီးပွဲမှာ နည်းစနစ်ပြောင်းမယ့် သဘော ပြောဆိုလာတဲ့ ယာဂင်

မန်နေဂျာ ကလော့ပ်က မန်စီးတီးပွဲအတွက် သူ့နည်းစနစ်မှာ အပြောင်းအလဲ တစ်ခုလုပ်ဖို့ အရိပ်အမြွက် ပြောလာခဲ့သလို ထရန့် မပါဝင်နိုင်ချိန် ညာအစွန်နေရာမှာ ပါဝင်ကစားမယ့် ကစားသမားကို အမည်တပ် ပြောပြဖို့ ဆန္ဒမရှိနေခဲ့ပါဘူး။ လီဗာပူးဟာ တနင်္ဂနွေနေ့မှာ ပွဲကြီးတစ်ပွဲ ကစားရဖို့ရှိပြီး အောက်တိုဘာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာ နောက်ဆုံးပွဲအဖြစ် အန်ဖီးမှာ မန်စီးတီးကို ဧည့်ခံကစားရမှာပါ။ အသင်းဟာ ဒီရာသီမှာ ၂ ပွဲသာ သရေကျပြီး ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေကာ မန်စီးတီးအထက် ၁ မှတ်အကွာနဲ့ ဇယားထိပ်မှာ… Continue Reading →

၁၉ လ ကြာ အသင်းလက်မဲ့ ဘဝကနေ လွတ်မြောက် သွားခဲ့ပြီ ဖြစ်တဲ့ လီဗာပူးတိုက်စစ်မှုးဟောင်း စတားရစ်

လီဗာပူး တိုက်စစ်မှုးဟောင်း ဒန်နီရယ် စတားရစ်ဟာ တူရကီကလပ် ထရာဇွန်စပေါကနေ ထွက်ခွာခဲ့ပြီးနောက် ၁၉ လ တာ အသင်းလက်မဲ့ ဖြစ်နေခဲ့ရပြီး အခုတော့ ကလပ်အသင်းသစ် ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် အင်္ဂလန်သားဟာ မတ် ၂၀၂၀ မှာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်တာကြောင့် ၄လ ပွဲပယ်ခံခဲ့ရတာ ဖြစ်ပြီး ထိုတည်းက ပွဲကစားခွင့် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကနေ ၂၀၁၉ မှာ ထွက်ခွာသွားတဲ့ စတားရစ်ဟာ… Continue Reading →

ကလော့ပ်ကို အထင်ကြီး လေးစားကြောင်းတွေ ပြောဆိုသွားတဲ့ ဂျိမ်းဘွန်းမင်းသား ဒန်နီရယ် ခရိတ်

ဂျိမ်းဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်က No Time To Die ရုပ်ရှင်အတွက် ကြေညာမှု လုပ်စဉ်မှာ ဂျင်မီကာရေဂါနဲ့ အင်တာဗျူးတစ်ခုကို စကိုင်းစပေါ့မှာ လုပ်ခဲ့ပါသေးတယ်။ ခရိတ်ကတော့ သူဟာ ယာဂင်ကလော့ပ်ကို အထင်ကြီးကြောင်းနဲ့ ဂျာမာန်သားက ခေါင်းဆောင်မှု စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။ ထုံးစံအတိုင်း စစ်စစ်ပေါက်ပေါက်မှ မေးတတ်တဲ့ ကာရေဂါက “ ယာဂင်ကလော့ပ်က ဂျိမ်းဘွန်းကောင်းတစ်ယောက် ဖြစ်နိုင်မလား?” လို့ လီဗာပူးပရိသတ် ဒန်နီရယ် ခရိတ်ကို မေးခဲ့တာပါ။ လီဗာပူးအမာခံ ပရိသတ်ဖြစ်တဲ့ ဒန်နီရယ်ခရိတ်ဟာ အန်ဖီးကွင်းထံ လာရောက်ပြီး… Continue Reading →

လီဗာပူးနဲ့ မန်စီးတီးပွဲမှာ အိမ်ရှင်အသင်း အနိုင်ရနိုင်တဲ့ အကြောင်းရင်းကို ရက်နက် ပြောလာ

ဒီအပတ် လီဗာပူးနဲ့ မန်စီးတီးပွဲမှာ အိမ်ရှင်အသင်းက ရလဒ်ပိုင်း အသာရမယ်လို့ ဂျင်မီ ရက်နက်က ယုံကြည်နေပါတယ်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းက ရပ်တန့်မရနိုင်ဖြစ်နေတဲ့ ဆာလာရဲ့ ပုံစံကောင်းတွေက လီဗာပူးအသင်းဘက်က မန်စီးတီးကို ပြဿနာကြီးတွေ ပေးနိုင်မယ့် အဓိက အားသာချက်လို့ မြင်ပါတယ်။ ဆာလာ တိုက်စစ်မှာ လွတ်လပ်စွာ ကစားရအောင်ကလည်း ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်က အကောင်းဆုံး ဖြစ်နေတယ်လို့ သူက မြင်ပါတယ်။ ရက်နက်က “ ဗန်ဒိုက် ခံစစ်မှာ ပြန်ပါလာတာကို ဆာလာက ပျော်ရွှင်နေရပါတယ်။ အမှတ်ပေးဖလား အနိုင်ရတဲ့… Continue Reading →

လီဗာပူး V မန်စီးတီးပွဲအတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ ချန်ပီယံ ဖြစ်ဖို့ အဓိက ပြိုင်ဘက် ဖြစ်လာမယ့် မန်စီးတီး အသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ စီးတီးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ လီဗာပူး Vs မန်စီးတီ ပရီးမီးယားလိဂ် ပွဲစဉ် (၇) အောက်တိုဘာလ ၃ ရက်၊ တနင်္ဂနွေနေ့။ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ။… Continue Reading →

အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ကစားမယ် ဆိုလာတဲ့ မန်စီးတီး ခံစစ်မှူး ဒီယော့စ်

မန်စီးတီး ခံစစ်မှူး ဒီယော့စ်က ဒီအပတ် လီဗာပူးနဲ့ပွဲကို အနိုင်ကစားမှာဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ ကြားရက်က ချန်ပီယံလိဂ်ပွဲအဖြစ် ပီအက်စ်ဂျီကို ရင်ဆိုင်ကစားချိန်မှာ ၂-၀ ဖြင့် အရေးနိမ့်ခဲ့ပေမယ့် မန်စီးတီးဟာ အရံှုးရလဒ်ကနေ ခပ်မြန်မြန်လေး နိုးထလာနိုင်ရမယ်လို့ ဒီယော့စ်က ပြောပါတယ်။ အဲ့အတွက်လည်း လီဗာပူးပွဲကို အာရုံစိုက်နေပြီး သူတို့ရဲ့ အင်အားတွေ အားလုံးကို ဒီအပတ်ပွဲအတွက် အသုံးချရမယ်လို့ မန်စီးတီးအသင်းဖော်တွေကို တိုက်တွန်းခဲ့တာပါ။ မန်စီးတီးဟာ ပြီးခဲ့တဲ့ အပတ်က ချယ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပြီး လီဗာပူးနဲ့ပွဲမှာလည်း ရလဒ်ကောင်း ရလိုနေတာဖြစ်ပါတယ်။ ဒီယော့စ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!