Month

February 2023

ဒီအပတ် မန်ယူ လက်စတာကို မနိုင်ဘူး ဟောကိန်း ထုတ်ထားတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ လက်စတာစီးတီး အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ည ၈နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်နဲ့ လက်စတာ တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” သိပ်ကောင်းမယ့် ပွဲဖြစ်ပြီး ဂိုးတွေအများကြီး မြင်ရမယ့်ပွဲပါ။ အခုလက်ရှိ လက်စတာက… Continue Reading →

ကလော့ပ်ရဲ့ မေးခွန်းထုတ်ဖွယ် နည်းစနစ်ပိုင်း မှားယွင်း အသုံးချနေမှုကို ဝေဖန်သွားတဲ့ ဗန်ဒါဗတ်

ကိုဒီ ဂက်ပိုဟာ လီဗာပူး ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကလော့ပ်က သူ့ရဲ့ အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်ခြင်း မရှိဘူးလို့ ယူဆခြင်း ခံနေရပါတယ်။ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်သူ နယ်သာလန်သား ဗန်ဒါဗတ်က ဇန်နဝါရီမှာ ပီအက်စ်ဗီကနေ လီဗာပူးအသင်းကို ဂက်ပို ပြောင်းသွားတာကို မအံ့ဩပါဘူး။ ဒါပေမယ့် ကစားသမားဘဝ ဘယ်တောင်ပံ နေရာက အဓိက ကစားခဲ့သူကို အထောင်နေရာမှာ ထားတာက ခက်ခဲစေတယ်လို့ ယူဆနေပါတယ်။ ဗန်ဒါဗတ်က ပြောရာမှာ ”… Continue Reading →

ရှင်းလင်း ပြတ်သားလှတဲ့ နည်းပြတန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် ပလန် (၃) ခု

နည်းပြတန်ဟက်ဟာ ယူနိုက်တက်ကို ပြန်လည် တည်ဆောက်မှုတွေအတွက် ဦးဆောင်ပေးနေရာမှာ ရေရှည်ပလန်ဖြစ်တဲ့ ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာဖို့ မတိုင်ခင် ကနဦး ရည်မှန်းချက် အချို့ ရှိထားပါတယ်။ ရာသီစ တာထွက်ညံ့ခဲ့တဲ့ ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားအပြီး တောက်လျှောက် ခြေစွမ်းပြနေခဲ့ကာ ကာရာဘောင်း ဖိုင်နယ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်တစ်ခုထိ တက်လှမ်းလာနိုင်ခဲ့ပါပြီ။ တန်ဟက်က ” မန်ချက်စတာ ယူနိုက်တက်မှာ ကျနော် အဆင်ပြေပါတယ်၊ ပျော်နေပါတယ်။ ဒီမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေပြီး ကလပ်က အသင်းကြီးတစ်သင်း ဖြစ်ပါတယ်။… Continue Reading →

ဘာစီလိုနာကို ဒိုင်ကူသွားကြောင်း ပွဲအပြီးမှာ မကျေနပ်စွာ ဆိုခဲ့ကြတဲ့ နည်းပြ တန်ဟက်နဲ့ ရက်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘာစီလိုနာကို နူးကမ့်မှာ သွားရောက် ရင်ဆိုင်တဲ့ ပွဲဟာ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့လို့ ယူနိုက်တက်နည်းပြ တန်ဟက်နဲ့ တိုက်စစ်မှူး ရက်ဖိုဒ့်တို့ စိတ်ပျက်နေကြပါတယ်။ ယူနိုက်တက်တို့ ၂-၁ ဖြင့် အနိုင်ရနေချိန်မှာ ရက်ဖိုဒ့်ဟာ ဘာစီလိုနာ ခံစစ်သမား ကွန်ဒီရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ရက်ဖိုဒ့်က ပင်နယ်တီ ရလိုခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရသလို ကွန်ဒီကလည်း ဘာပြစ်ဒဏ်မှ မရခဲ့ပါဘူး။ ပွဲအပြီး နည်းပြတန်ဟက်က ” ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ပွဲအပေါ်… Continue Reading →

မန်စီးတီး ဘယ်ချိန်မှာ ရုန်းကန်ရပြီး အာဆင်နယ် ပရီးမီးယားလိဂ် ရသွားမလဲ ကာရေဂါ သုံးသပ် ထောက်ပြ

ကြားရက်က ရှုံးပွဲ အပြီးမှာ အာဆင်နယ်က အမှတ်ပေးဇယား ဦးဆောင်သူ နေရာကို မန်စီးတီးထံ လွဲလိုက်ရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းတွေ ရှိနေဆဲ လို့ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက သုံးသပ် ထောက်ပြလိုက်ပါတယ်။ အာဆင်နယ်ဟာ အဲဗာတန်၊ ဘရန့်ဖို့ဒ်၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ရတဲ့ နောက်ဆုံး သုံးပွဲမှာ ၁မှတ် ပဲ ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ဟာ အဓိက ပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာပဲ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။… Continue Reading →

မန်ချက်စတာ ယူနိုက်တက်ကို ဒီရာသီ ဖလား ၄ လုံး ယူဖို့ထိ ရည်မှန်းစေချင်နေတဲ့ ပေါစခိုးလ်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ယူရိုပါလိဂ် ပွဲ အဖြစ် နူးကမ့်မှာ ဘာစီလိုနာကို သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ လာလီဂါမှာ ဆရာကြီး ပြန်ဖြစ်နေတဲ့ ဘာစီလိုနာကို အခုလို သရေ ကစားခဲ့တဲ့ အပေါ် သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့ အားရနေပြီး ယူနိုက်တက်က ဒီရာသီ ဖလား လေးလုံး ယူဖို့ထိ ရည်မှန်းထားစေချင်နေပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၂-၂၃ ဘောလုံး ရာသီမှာ ပြိုင်ပွဲ လေးရပ်လုံးမှာ ဆက်ရှိနေသေးပြီး ဗိုလ်စွဲနိုင်ခြေတွေလည်း ပြိုင်ပွဲ… Continue Reading →

ဆာဂျီယို အဂွဲရို ဟောကိန်းထုတ်လိုက်တဲ့ ဒီည ဘာစီလိုနာ Vs မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ် ပွဲ

ဥရောပ အင်အားကြီး ကလပ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ဟာ ယူရိုပါလိဂ် play off အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။ ယူနိုက်တက်ဟာ ဒီညမှာ ယူရိုပါလိဂ် ရှုံံးထွက် အဆင့် ပထမအကျော့ အဖြစ် နျူးကမ့်ထံ သွားကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက ရှုံးထွက်အဆင့် တက်ရောက်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။ မန်စီးတီး ဂန္တဝင်လည်း ဖြစ်သလို ဘာစီလိုနာ တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ ဆာဂျီယို အဂွဲရိုက အဆိုပါ… Continue Reading →

ဒေါ့မွန်ကို ရှုံးခဲ့ပေမယ့် ချယ်ဆီးအသင်းအတွက် အားရမိတာတွေ ထုတ်ပြောသွားတဲ့ နည်းပြ ပေါ်တာ

ချယ်ဆီးအသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ၁၆သင်း အဆင့်ရဲ့ ပထမအကျော့ ပွဲစဉ် အဖြစ် ဒေါ့မွန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-ဝ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ နည်းပြ ပေါ်တာကတော့ ပွဲရှုံးခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်း အပေါ် ကျေနပ်မှု ရှိကြောင်း၊ နှစ်ကျော့ ကစားရမှာ ဖြစ်လို့ ခုမှ ပွဲချိန်ဝက်သာ ရှိသေးကြောင်း ဖြေလျှော့ ပြောဆိုခဲ့ပါတယ်။ ” ခြုံပြီး ပြောရရင်တော့ ဒီနေ့ပွဲ အရေးကြီးအချိန် တော်တော် များများမှာ ပြသခဲ့တဲ့… Continue Reading →

ပိုင်ရှင်သစ်ထံ ရောင်းချရေး UEFA ထံက သတင်းကောင်း တစ်ခု ရရှိသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကာတာဘက်က ဝယ်ယူမယ့် အလားအလာအပေါ် UEFA ဘက်က တားမြစ်ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။ ဥရောပ ပြိုင်ပွဲတွေမှာ အသင်းပိုင်ရှင် တစ်ဦးက အသင်းများစွာ ထိန်းချုပ်ထားခြင်းကို ပိတ်ပင်ထားတဲ့ UEFA စည်းမျဉ်းတွေအရ ကာတာအခြေစိုက် အကျိုးတူအဖွဲ့အစည်း တစ်ခုက ယူနိုက်တက်ကို ဝယ်ယူမယ်ဆိုရင် အခက်အခဲ ရှိနိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်နေတာပါ။ သီခြား စိုးရိမ်စရာကိစ္စ အဖြစ် ကာတာရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ပရီးမီးယားလိဂ်ဘက်က ပိုင်ရှင်သစ်တွေကို လွယ်လွယ်ကူကူ လက်ခံပါ့မလား ဆိုတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!