Month

February 2023

ဒီတလော ပေါ်လာတဲ့ အားနည်းချက်ကို အာဆင်နယ် မပြင်နိုင်ရင် ချန်ပီယံ ဖြစ်ဖို့ မလွယ်ကြောင်း နဗီးလ် သတိပေး

အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်နေပေမယ့် ဒီကာလတွေအတွင်း မြင်နေရတဲ့ အားနည်းချက်ကို မပြင်နိုင်ဘူးဆိုရင် ချန်ပီယံဖြစ်ဖို့ ခက်ခဲလိမ့်မယ်လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ထောက်ပြ လိုက်ပါတယ်။ ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် အင်္ဂလန်ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ဟာ ဒီရာသီ ပထမဆုံးလိဂ် ၁၉ ပွဲမှာ ၁၆ဂိုးသာ ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဂန်းနားတွေဟာ မကြာသေးခင်က အပတ်တွေအတွင်း ဂိုးတွေ စတင်ပေးလာရပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲမှာ ၁၂ဂိုး ခွင့်ပြုခဲ့ရတာပါ။ အာဆင်နယ်ရဲ့ ယိမ်းယိုင်မှုတွေကြောင့်… Continue Reading →

ရက်ဖို့ဒ် ရပ်တန့် မရနိုင်အောင် ဂိုးသွင်းကောင်းနေတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်အား တန်ဟက် ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ဒီတလောမှာ သွင်းဂိုးတွေ ရပ်တန့် မရနိုင်လောက်အောင်ကို ပွဲတိုင်းကျော် ဂိုးမြူးနေခဲ့တာပါ။ ကမ္ဘာ့ဖလား ပြီးတည်းက အင်္ဂလန်သား ဟာ ဂိုးသွင်းခြေ အထူး အစွမ်းပြနေတာ ဖြစ်ပါတယ်။ ရက်ဖို့ဒ် က ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုး ရှိနေပြီ ဖြစ်သလို ယူရိုပါလိဂ်မှာ ၄ ဂိုး၊ ကာရာဘောင်းမှာ ၅ ဂိုးနဲ့ အက်ဖ်အေဖလားမှာ ၁ ဂိုး သွင်းယူထားခဲ့ကာ ပြိုင်ပွဲစုံ ခြေတွေ့နေပါတယ်။… Continue Reading →

လီဗာပူး ပြန်လာပြီ လို့ အရင်ပွဲတွေ ပြောနေတည်းက အဓိပ္ပါယ် မရှိတာ လို့ ကာရေဂါ မညှာတမ်း ဝေဖန်

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက မနေ့ညက အန်းဖီးမှာ ရီးရဲလ်ကို ၅-၂ နဲ့ ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲ အပြီး အသင်းဟောင်း လီဗာပူးနဲ့ ပတ်သတ်ကာ မညှာတမ်း သုံးသပ်မှုတွေ ပြုလုပ်သွားပါတယ်။ ကာရေဂါကတော့ လီဗာပူးအသင်းဟာ လုံးဝ ပြိုလဲကျနေပြီ လို့ ဆိုခဲ့ပြီး လီဗာပူး ပြန်လာပြီ ဆိုတဲ့ မှတ်ချက်တွေ အပေါ် တုန့်ပြန်သွားခဲ့ပါတယ်။ ” ပြီးခဲ့တဲ့ ၂ပွဲတည်းက လီဗာပူး ပြန်လာပြီ ပြောနေတာ အဓိပ္ပါယ် မရှိတာ။ လုံးဝ အဓိပ္ပါယ်… Continue Reading →

ချယ်ဆီးအသင်းက နည်းပြ ပေါ်တာကို ထုတ်မယ် ဆိုရင် လျော်ကြေး ဘယ်လောက် ပေးရမလဲ

ချယ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၂ဝ မှာ ရှိနေတဲ့ ဆောက်သမ်တန် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားခဲ့ရာ ၁-ဝ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပါတယ်။ ချယ်ဆီးအသင်း ဘုတ်အဖွဲ့၊ အကြီးအကဲတွေကတော့ ဇယား ဘိတ်ဆုံးက အသင်းကို အိမ်ကွင်းမှာ ရှုံးသည့်တိုင် သဘောထား မပြောင်းလဲဘဲ ဂရေဟမ် ပေါ်တာကိုသာ ဆက်ခန့်ထားမယ်လို့ သိရပါတယ်။ နည်းပြ ဂရေဟမ် ပေါ်တာဟာ အခုချိန်ထိ အသင်းပိုင်ရှင် တော့ဒ်ဘိုလေရဲ့… Continue Reading →

ပရီးမီးယားလိဂ် ချန်ပီယံလောင်း စာရင်းထဲ တစ်သင်းတိုးဖို့ မိုက်ကယ်အိုဝင် တိုက်တွန်း ပြောဆို

မိုက်ကယ်အိုဝင် က ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းစား အသင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ထည့်သင့်ပြီ လို့ ဒီအပတ် ပွဲတွေ အပြီးမှာ ပြောဆိုလာပါတယ်။ ဒီအပတ်မှာ အာဆင်နယ်နိုင်ပွဲရပြီး မန်စီးတီးတို့ သရေကျခဲ့တာကြောင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ဂန်းနားတို့ အသာစီး ပြန်ရခဲ့ပါတယ်။ ဒါပေမယ့်လို့ တတိယနေရာမှာ ရှိနေတဲ့ ယူနိုက်တက်ကလည်း အပေါ်နှစ်သင်းနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းလာနေပြီ ဖြစ်ပါတယ်။ အိုဝင်ကတော့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အာဆင်နယ်က အသာစီးရနေတယ်လို့ ယုံကြည်ထားတယ်။ ဒါပေမယ့်လို့ ထိပ်ဆုံး နှစ်သင်းရဲ့… Continue Reading →

ပရီးမီးယားလိဂ် ဖလား အကြောင်း ပြောဖို့ စောသေးတယ် လုပ်နေတဲ့ ယူနိုက်တက်ရဲ့ ပင်တိုင်ဂိုးသွင်းစက် ရက်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့်က ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် စိန်ခေါ်မယ့် အသင်းလို့ ထည့်တွက်ဖို့ စောသေးတယ်လို့ မနေ့ညက လက်စတာကို နိုင်တဲ့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားပါတယ်။ ရက်ဖို့ဒ်ဟာ မနေ့ညက လက်စတာကို အနိုင်ရတဲ့ပွဲမှာ ၂ဂိုး သွင်းပြီး ဒီရာသီ သူ့ရဲ့ ၂၃ ဂိုးနဲ့ ၂၄ ဂိုးမြောက် သွင်းဂိုးတွေ ရယူသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ရက်ဖိုဒ့်က ” အားလုံးကို ခြုံကြည့်မယ်ဆိုရင် နေ့ရက်ကောင်း… Continue Reading →

လီဗာပူးနဲ့ ချန်ပီယံလိဂ်မှာ စောစော တွေ့ရတာ စိတ်မကောင်းဖြစ်နေတဲ့ ရီးရဲလ် ကွင်းလယ် မိုဒရစ်

လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အန်ဖီးမှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒါဟာ မနှစ်က ပဲရစ်မှာ ဗိုလ်လုခဲ့တဲ့ အသင်းနှစ်သင်း ရှုံးထွက်အဆင့်မှာ တစ်ကျော့ပြန် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အသင်းဟာ ဒီဘက်နှစ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်း အသာစီး မရထားပါဘူး။ မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်က ဒီရာသီ လီဗာပူးရဲ့ ရုန်းကန်ရမှုတွေကြောင့် အံ့ဩရတယ်လို့ ဝန်ခံခဲ့သလို ကွာတား အဆင့်ကို ဘယ်အသင်း တက်သွားမလဲ သူ့အမြင်ကို ဖွင့်ဟသွားပါတယ်။… Continue Reading →

သရဲနီတွေက ဒီလို ပွဲတွေ ဆက်တိုက်ရှိ၊ ပွဲကြပ်နေတာကိုမှ ကြိုက်တာ လို့ နည်းပြတန်ဟက် ကြုံးဝါး

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီရာသီ ပြိုင်ပွဲ လေးခုလုံးမှာ ဆုဖလား အခွင့်အရေး အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြားရက် က ယူရိုပါလိဂ် ပလေးအော့ဖ် ပထမအကျော့မှာ ဘာစီလိုနာနဲ့ အဝေးကွင်းမှာ ၂ဂိုးစီ သရေကျခဲ့ပြီး နောက်တစ်ပတ်မှာ အနိုင်ရရင် နောက်တစ်ဆင့် တက်ရောက်နိုင်မှာပါ။ ဒီနေ့ တနင်္ဂနွေနေ့မှာလည်း လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲကစားဖို့ ရှိနေပါတယ်။ ပွဲစဉ်တွေ ဆက်တိုက် ရှိလာနေပေမယ့် ယူနိုက်တက် ကစားသမားတွေက ဒီလို စိန်ခေါ်မှုတွေ ကြိုက်တယ်… Continue Reading →

ဂန်းနားတွေနဲ့ အတူ အခုမှ နိုင်ပွဲ စ ကြုံဖူးတဲ့ ဂျော်ဂျင်ဟို၊ မှော်ဆန်တဲ့ အီတလီသားကို ချီးကျူးတဲ့ အာတီတာ

နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ အာဆင်နယ်ဟာ မနေ့ညက အဝေးကွင်းမှာ အက်စတွန်ဗီလာကို ၄-၂ နဲ့ အနိုင်ရပြီး တဖက်မှာ မန်စီးတီးက သရေကျခဲ့တာောကာင့် အမှတ်ပေးဇယား ပထမနေရာကို ပြန်လည် သိမ်းပိုက်သွားခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဗီလာ – အာဆင်နယ် ပွဲက မြိုင်ဆိုင်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်က ဂျော်ဂျင်ဟိုရဲ့ ကန်ချက် ဘားတန်းထိပြီး ပြန်ထွက်လာရာကနေ ဒိုင်ဗင်ပစ်နေတဲ့ မာတီနက်စ်ရဲ့ နောက်စေ့ကို ထိမိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။ အာဆင်နယ်ထံ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!