မန္ယူအသင္း ခံစစ္သမားေဟာင္းၾကီး ဂယ္ရီ ေပါလစ္စတာက လက္စတားအသင္း ကြင္းလယ္လူ မတ္ဒီဆန္ဟာ အသင္းေဟာင္းကို ေနာက္ထပ္ အဆင့္တစ္ခုကို ေရာက္ရွိေအာင္ ကူညီေပးႏုိင္မယ့္ ကစားသမားပါလို႔ ေထာက္ျပမႈ လုပ္လာခဲ့ပါတယ္။

ေႏြတုန္းက မန္ယူအသင္းနဲ႔ သတင္းထြက္ခဲ့ျပီး ဒီရာသီ လက္စတာမွာ အထူးေျခစြမ္းျပေနတဲ့ မတ္ဒီဆန္ကို ေပါလစ္စတာက အေတာ္ေလး ႏွစ္သက္ေနတာပါ။ သူကေတာ့ ဝက္ဟမ္နဲ႔ Rochdale ပြဲေတြမွာ ျမင္ရတဲ့ ေျခစြမ္းေတြအရ အသင္းေဟာင္းဟာ အေျပာင္းအလဲေတြ လုပ္ဖို႔ လိုအပ္ေနျပီး ဒီအတြက္လည္း မတ္ဒီဆန္က အေျဖျဖစ္ႏုိင္တယ္လုိ႔ ယူဆေနတာျဖစ္တယ္။

သူက ေျပာရာမွာ “ ဖိအားေပးမႈမွာ သူေကာင္းေကာင္းလုပ္ႏုိင္တာကို ေထာက္ျပတာေတြ အမ်ားၾကီးရွိတယ္။ စပါးကို ရင္ဆုိင္တဲ့ပြဲမွာ သူ အေတာ္ေလး ေကာင္းခဲ့တယ္။ သူ႔မွာ အရည္အခ်င္းနဲ႔ စြမ္းအားေတြရွိျပီး သြင္းဂိုးေတြလည္း ရယူႏုိင္သူျဖစ္ပါတယ္။ သူက ကလပ္အသင္းကို ေနာက္တစ္ဆင့္ ေရာက္သြားေအာင္ ကူညီေပးႏုိင္မယ့္သူပါ။ လာမယ့္လေတြအတြင္း အိုလီအေနနဲ႔ သူ႔အတြက္ အေကာင္းဆံုးျဖစ္မယ့္ လူစာရင္းကို ရွာေဖြႏုိင္ဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေပါလစ္စတာက လက္ရွိ လူစာရင္းမွာ အရည္အခ်င္းေကာင္းေတြရွိတဲ့ လူငယ္ေတြ ပိုင္ဆုိင္ထားတယ္လို႔ ဆုိခဲ့သလို ေႏြတုန္းက မန္ေနဂ်ာဆိုးရွား ေခၚယူခဲ့တဲ့ ေခၚယူမႈ သံုးခုနဲ႔ ပက္သက္လို႔လည္း သံုးသပ္မႈ လုပ္သြားခဲ့ပါတယ္။

“ မက္ဂိြဳင္းရားက အနာဂတ္မွာ ကလပ္အသင္း အသင္းေခါင္းေဆာင္ျဖစ္လာႏုိင္ျပီး အသင္းမွာ ကင္းမဲ့ေနတဲ့ ေခါင္းေဆာင္မႈ ေပးႏုိင္သူပပါ။ က်ေနာ္က အသင္းမွာ ေခါင္းေဆာင္ေကာင္းေတြ အမ်ားၾကီးနဲ႔ ကစားခဲ့ဖူးျပီး ဟယ္ရီကလည္း တစ္ဦး ျဖစ္လာႏုိင္ပါတယ္။ သူ႔မွာ ေခါင္းေဆာင္ေကာင္းေတြရဲ႕ အရည္အခ်င္းေတြ အမ်ားၾကီးရွိျပီး သူက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။

ေခၚယူမႈ သံုးခုလံုးက ေကာင္းမြန္ပါတယ္။ ဂ်ိမ္းက သြင္းဂိုးေတြ သြင္းယူႏုိင္သလို အရွိန္ေကာင္းေကာင္း ကစားႏိုင္စြမ္းလည္းရွိတယ္။ သူ႔အတြက္ သိပ္ေကာင္းတဲ့ အစတစ္ခုကို ပိုင္ဆုိင္ထားတာပါ။ ဘစ္ဆာကာကလည္း ေဘာလံုးကို ျဖတ္လုရာမွာ ေကာင္းမြန္ျပီ စပိုက္ဒါေျခေထာက္ေတြ ပိုင္ဆုိင္ထားသလိုပါပဲ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

UNICODE

မန်ယူအသင်း ခံစစ်သမားဟောင်းကြီး ဂယ်ရီ ပေါလစ်စတာက လက်စတားအသင်း ကွင်းလယ်လူ မတ်ဒီဆန်ဟာ အသင်းဟောင်းကို နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိအောင် ကူညီပေးနိုင်မယ့် ကစားသမားပါလို့ ထောက်ပြမှု လုပ်လာခဲ့ပါတယ်။

နွေတုန်းက မန်ယူအသင်းနဲ့ သတင်းထွက်ခဲ့ပြီး ဒီရာသီ လက်စတာမှာ အထူးခြေစွမ်းပြနေတဲ့ မတ်ဒီဆန်ကို ပေါလစ်စတာက အတော်လေး နှစ်သက်နေတာပါ။ သူကတော့ ဝက်ဟမ်နဲ့ Rochdale ပွဲတွေမှာ မြင်ရတဲ့ ခြေစွမ်းတွေအရ အသင်းဟောင်းဟာ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပြီး ဒီအတွက်လည်း မတ်ဒီဆန်က အဖြေဖြစ်နိုင်တယ်လို့ ယူဆနေတာဖြစ်တယ်။

သူက ပြောရာမှာ “ ဖိအားပေးမှုမှာ သူကောင်းကောင်းလုပ်နိုင်တာကို ထောက်ပြတာတွေ အများကြီးရှိတယ်။ စပါးကို ရင်ဆိုင်တဲ့ပွဲမှာ သူ အတော်လေး ကောင်းခဲ့တယ်။ သူ့မှာ အရည်အချင်းနဲ့ စွမ်းအားတွေရှိပြီး သွင်းဂိုးတွေလည်း ရယူနိုင်သူဖြစ်ပါတယ်။ သူက ကလပ်အသင်းကို နောက်တစ်ဆင့် ရောက်သွားအောင် ကူညီပေးနိုင်မယ့်သူပါ။ လာမယ့်လတွေအတွင်း အိုလီအနေနဲ့ သူ့အတွက် အကောင်းဆုံးဖြစ်မယ့် လူစာရင်းကို ရှာဖွေနိုင်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပေါလစ်စတာက လက်ရှိ လူစာရင်းမှာ အရည်အချင်းကောင်းတွေရှိတဲ့ လူငယ်တွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုခဲ့သလို နွေတုန်းက မန်နေဂျာဆိုးရှား ခေါ်ယူခဲ့တဲ့ ခေါ်ယူမှု သုံးခုနဲ့ ပက်သက်လို့လည်း သုံးသပ်မှု လုပ်သွားခဲ့ပါတယ်။

“ မက်ဂွိုင်းရားက အနာဂတ်မှာ ကလပ်အသင်း အသင်းခေါင်းဆောင်ဖြစ်လာနိုင်ပြီး အသင်းမှာ ကင်းမဲ့နေတဲ့ ခေါင်းဆောင်မှု ပေးနိုင်သူပပါ။ ကျနော်က အသင်းမှာ ခေါင်းဆောင်ကောင်းတွေ အများကြီးနဲ့ ကစားခဲ့ဖူးပြီး ဟယ်ရီကလည်း တစ်ဦး ဖြစ်လာနိုင်ပါတယ်။ သူ့မှာ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတွေ အများကြီးရှိပြီး သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ခေါ်ယူမှု သုံးခုလုံးက ကောင်းမွန်ပါတယ်။ ဂျိမ်းက သွင်းဂိုးတွေ သွင်းယူနိုင်သလို အရှိန်ကောင်းကောင်း ကစားနိုင်စွမ်းလည်းရှိတယ်။ သူ့အတွက် သိပ်ကောင်းတဲ့ အစတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ ဘစ်ဆာကာကလည်း ဘောလုံးကို ဖြတ်လုရာမှာ ကောင်းမွန်ပြီ စပိုက်ဒါခြေထောက်တွေ ပိုင်ဆိုင်ထားသလိုပါပဲ ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။