အာဆင်နယ်ဟာ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့မှု ရှိထားခဲ့တဲ့ ရှာခါအစား တိုက်စစ်မှူး အူဘာမီယန်ကို ပြောင်းလဲကာ တာဝန်ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။

ဂန်းနားအသင်းကို ဦးဆောင်ခွင့်ရခဲ့ပေမယ့် ပရိသတ်တွေကို စော်ကားခဲ့တဲ့ ရှာခါကို ဖိအားတွေကြောင့် အမ်မရီက ရာထူးကနေ ဖြုတ်ချခဲ့ပြန်တာဖြစ်ပေမယ့် ရှာခါကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာက အသင်းဖော်တွေကိုယ်တိုင် မဲပေးမှုရဲ့ ရလဒ်ဖြစ်တယ်လို့ အမ်မရီက ဆိုထားတယ်။

ရှာခါဟာ အတိတ်ကတည်းက မဆင်မခြင် အပြုအမှုတွေကို မကြာခဏ လုပ်ခဲ့ဖူးပြီး သူ့ကို အသင်းခေါင်းဆောင်အဖြစ် ကြေညာခဲ့ကတည်းက ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်တယ်။ အင်္ဂလန်နာမည်ကျော် သတင်းစာတိုက်ဖြစ်တဲ့ Times ရဲ့ အားကစားဆိုင်ရာ သတင်းထောက် ဟင်နရီဝင်တာက ဆွစ်လက်ရွေးစင်က ရင်ကျက့်မှုတွေရှိလာလို့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတာဖြစ်ပြီး သူ့အနေနဲ့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာ ယူဖို့လိုမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

ဟင်နရီဝင်တာက ” ရှာခါကို ဒီလိုတာဝန်မျိုးပေး တာ ကံကောင်းတယ်လို့ ထင်နေပါတယ်။ သူ့အသင်းဖော်တွေကြား မဲပေးမှုမှာ အနိုင်ရတာက အာဆင်နယ် အသင်းအနေနဲ့ အဝတ်လဲခန်းထဲမှာ သူဟာ လွှမ်းမိုးမှုရှိတဲ့သူ ဖြစ်ဖို့ စဉ်းစားထားတာ ဖြစ်မှာပါ။ ဒါက လူငယ်တွေ ပြည့်နေတဲ့ အသင်းမှာ အဓိက အရည်အသွေး ဖြစ်ပါလိမ့်မယ်။

လက်ရှိအချိန်မှာ ရှာခါက မြောက်လန်ဒန်မှာ ပွဲထွက်တစ်နေရာ အတွက် တိုက်ပွဲဝင်နေရပါတယ်။ ဒီရာသီမှာ ဂွမ်ဒူဇီက တောက်ပနေရုံမက အမ်မရီဟာ ဆီဘာယော့စ်၊ ဂျိုးဝေလော့ခ်နဲ့ တော်ရဲရားတို့ကို ဗဟိုကွင်းလယ်မှာ အသုံးပြုနေတာပါ။ အာဆင်နယ်ရဲ့ မျှော်လင့်ချက် က ရှာခါဟာ လိုအပ်နေတဲ့ ရင့်ကျက်မှုတွေကို ယူဆောင်လာပေးလိမ့်မယ်ဆိုပြီး ဒီရာထူးကို ပေးအပ်ခဲ့တာ ဖြစ်မှာပါ။

သူ့အနေနဲ့ မဆင်မခြင် လုပ်တတ်တာတွေကို ဖျောက်ဖျက်ပြီး ခြေစွမ်းတည်ငြိမ်မှု ရရင် သူဟာ ဂန်းနားတွေအတွက် တကယ့်အဖိုးတန်ကစားသမား ဖြစ်လာပါလိမ့်မယ်။ ” လို့ ဆိုခဲ့ဖူးတာပဲဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ဟာ ကလပ္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ပရိသတ္ေတြနဲ႔ ထိပ္တိုက္ေတြ႔မႈ ရွိထားခဲ့တဲ့ ရွာခါအစား တိုက္စစ္မွဴး အူဘာမီယန္ကို ေျပာင္းလဲကာ တာဝန္ေပးအပ္ခဲ့ျပီျဖစ္ပါတယ္။

ဂန္းနားအသင္းကို ဦးေဆာင္ခြင့္ရခဲ့ေပမယ့္ ပရိသတ္ေတြကို ေစာ္ကားခဲ့တဲ့ ရွာခါကို ဖိအားေတြေၾကာင့္ အမ္မရီက ရာထူးကေန ျဖဳတ္ခ်ခဲ့ျပန္တာျဖစ္ေပမယ့္ ရွာခါကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးခဲ့တာက အသင္းေဖာ္ေတြကိုယ္တိုင္ မဲေပးမႈရဲ႕ ရလဒ္ျဖစ္တယ္လို႔ အမ္မရီက ဆိုထားတယ္။

ရွာခါဟာ အတိတ္ကတည္းက မဆင္မျခင္ အျပဳအမႈေတြကို မၾကာခဏ လုပ္ခဲ့ဖူးျပီး သူ႔ကို အသင္းေခါင္းေဆာင္အျဖစ္ ေၾကညာခဲ့ကတည္းက ေဝဖန္မႈေတြ ရွိခဲ့တာျဖစ္တယ္။ အဂၤလန္နာမည္ေက်ာ္ သတင္းစာတိုက္ျဖစ္တဲ့ Times ရဲ႕ အားကစားဆိုင္ရာ သတင္းေထာက္ ဟင္နရီဝင္တာက ဆြစ္လက္ေရြးစင္က ရင္က်က့္မႈေတြရွိလာလို႔ အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခံရတာျဖစ္ျပီး သူ႔အေနနဲ႔ အတိတ္က ျဖစ္ရပ္ေတြကို သင္ခန္းစာ ယူဖို႔လိုမယ္လို႔ ေျပာဆိုခဲ့ပါေသးတယ္။

ဟင္နရီဝင္တာက ” ရွာခါကို ဒီလိုတာဝန္မ်ိဳးေပး တာ ကံေကာင္းတယ္လို႔ ထင္ေနပါတယ္။ သူ႔အသင္းေဖာ္ေတြၾကား မဲေပးမႈမွာ အႏိုင္ရတာက အာဆင္နယ္ အသင္းအေနနဲ႔ အဝတ္လဲခန္းထဲမွာ သူဟာ လႊမ္းမိုးမႈရွိတဲ့သူ ျဖစ္ဖို႔ စဥ္းစားထားတာ ျဖစ္မွာပါ။ ဒါက လူငယ္ေတြ ျပည့္ေနတဲ့ အသင္းမွာ အဓိက အရည္အေသြး ျဖစ္ပါလိမ့္မယ္။

လက္ရွိအခ်ိန္မွာ ရွာခါက ေျမာက္လန္ဒန္မွာ ပြဲထြက္တစ္​ေနရာ အတြက္ တိုက္ပြဲဝင္ေနရပါတယ္။ ဒီရာသီမွာ ဂြမ္ဒူဇီက ေတာက္ပေန႐ုံမက အမ္မရီဟာ ဆီဘာေယာ့စ္၊ ဂ်ိဳးေဝေလာ့ခ္နဲ႔ ေတာ္ရဲရားတို႔ကို ဗဟိုကြင္းလယ္မွာ အသုံးျပဳေနတာပါ။ အာဆင္နယ္ရဲ႕ ေမွ်ာ္လင့္ခ်က္ က ရွာခါဟာ လိုအပ္ေနတဲ့ ရင့္က်က္မႈေတြကို ယူေဆာင္လာေပးလိမ့္မယ္ဆိုၿပီး ဒီရာထူးကို ေပးအပ္ခဲ့တာ ျဖစ္မွာပါ။

သူ႔အေနနဲ႔ မဆင္မျခင္ လုပ္တတ္တာေတြကို ေဖ်ာက္ဖ်က္ၿပီး ေျခစြမ္းတည္ၿငိမ္မႈ ရရင္ သူဟာ ဂန္းနားေတြအတြက္ တကယ့္အဖိုးတန္ကစားသမား ျဖစ္လာပါလိမ့္မယ္။ ” လို႔ ဆိုခဲ့ဖူးတာပဲျဖစ္ပါတယ္။