လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုအတွက် လုပ်နိုင်သမျှ အရာအားလုံးကို အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ နည်းပြ ယာဂန်ကလော့ပ်က ကွင်းတွင်းအနိုင်ရရှိဖို့ ဦးဆောင်လမ်းပြနေတာနဲ့အတူ မာဆေးဆိုဒ် ကလပ်ဟာ မကြာသေးမီက ရာသီတွေမှာ အထင်ကြီးစရာ အပြောင်းအလဲတွေ လုပ်ပြခဲ့တာပါ။

လက်ရှိ လီဗာပူး အသင်းမှာ အဓိကဖြစ်နေတဲ့ ကစားသမား များစွာကို ခေါ်ယူခဲ့ရာမှာ အရေးပါခဲ့တဲ့ အားကစား ဒါရိုက်တာ မိုက်ကယ် အဒ်ဝဒ်ရဲ့ ကူညီမှုနဲ့ ကိစ္စများစွာကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ် ရောက်လာပြီးကတည်းက ဂျာမန်သားဟာ ကလပ်ရဲ့ ဆေးဝါးနဲ့ အားကစားသိပ္ပံဌာနတွေကို အလုံးစုံ ပြုပြင်မှုတွေမှာ ကြီးကြပ်ခဲ့ပါတယ်။

The Times ရဲ့ အဆိုအရ လီဗာပူးဟာ ကလော့ပ် လက်ထက်အတွင်း အရေးပါတဲ့ နေရာတွေမှာ ဝန်ထမ်းများစွာ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေး ခေါင်းဆောင်နေရာမှာ Andreas Kornmayer ၊ အစာအာဟာရပိုင်း ခေါင်းဆောင် နေရာမှာ Mona Nemmer ၊ ဒဏ်ရာပြန်လည်ကောင်းမွန်လာရေးနဲ့ စွမ်းဆောင်မှုပိုင်း မန်နေဂျာအဖြစ် Philipp Jacobsen၊ အသင်းကြီးရဲ့ အကြောအဆစ် ကုထုံးအဖွဲ့ ခေါင်းဆောင် အဖြစ် Christopher Rohrbeck တို့ပဲ ဖြစ်ပါတယ်။

ဝန်ထမ်းတစ်ယောက်စီတိုင်းဟာ လာမယ့် လီဗာပူး အသင်း ပွဲစဉ်တွေအတွက် ပြင်ဆင်ရေး၊ ပြီးခဲ့တဲ့ ပွဲစဉ်တွေအတွက် ပြန်လည် ကောင်းမွန်လာရေးတွေ မှာ အတော်လေး အကူအညီပေးပါတယ်။ ဥပမာအနေနဲ့ လီဗာပူးရဲ့ ပွဲကျပ်အချိန်ဇယားကြောင့် ကစားသမားတွေကို သင့်တော်တဲ့ အစားအသောက်တွေနဲ့ အားဖြည့်ပေးဖို့ အာဟာရအဖွဲ့က လုပ်ဆောင်ရပါတယ်။ ကစားသမားတွေအတွက် မီနူးက ဘာတွေ ဖြစ်သင့်တယ်ဆိုတာ နန်မာက စားဖိုဆောင်ကို ပြောဆိုရပါတယ်။ စားသောက်တဲ့နေရာတွေက ပရိုတိန်းနဲ့ ကာဗိုဟိူက်ဒရိုတ်တို့လို မှန်ကန်တဲ့ အစာအုပ်စုတွေ စားသုံးခြင်းရဲ့ တန်ဖိုးနဲ့ ပတ်သက်ပြီး အသိပေးချက်တွေ၊ ပိုစတာတွေနဲ့ ပြည့်နေပါတယ်။

အခုဆို အန်ဖီးက အဝတ်လဲခန်းမှာပါ ပါစတာနဲ့ ထမင်း ထားရှိတဲ့ အပိုနေရာတစ်ခုရှိပြီး ပွဲအပြီးမှာ ကစားသမားတွေ စားလို့ရတဲ့အပြင် အိမ်ကိုတောင် ယူသွားလို့ရပါတယ်။ ဒီအချက်တွေက အပေါ်ယံလောက်ပဲ ရှိပါသေးတယ်။ အနားယူတာက ကလော့ပ်လက်ထက်မှာ အရေးပါတဲ့ ရှုထောင့်တစ်ခု ဖြစ်လာပါတယ်။ ကစားသမားတွေကို ပွဲအပြီး တစ်ရက်နားပေးခြင်းခြင့် သူတို့ရဲ့ ကိုယ်ပိုင်အချိန်မှာ မှန်ကန်တဲ့ နည်းနဲ့ အားပြန်ပြည့်လာအောင် လုပ်ဖို့ ကစားသမားတွေကို ကလော့ပ်က ယုံကြည်မှု ပေးထားတာပါ။

ပုံမှန်လုပ်ရိုးလုပ်စဉ်မှာတော့ ကစားသမားတွေဟာ ကွင်းပတ်ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာတွေအပြင် ဂျင်မ်မှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေနဲ့ အတူ ၄၅မိနစ် အနှိပ်ခံနိုင်ပါတယ်။ ကစားသမား အများစုက အိမ်မှာ လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာတွေ ရှိပြီးသားမို့ ဒီလိုအချိန်မှာ ကလပ်ရဲ့ အရိုးအကြော ကုထုံးအဖွဲ့က ကစားသမား တစ်ယောက်ချင်းစီနဲ့ တွေ့ပြီး မက်ဆေ့ချ် လုပ်ပေးရပါတယ်။

ကစားသမားတွေကလဲ Kornmayer နဲ့ သူ့အဖွဲ့ဝင်တွေဆီကနေ တစ်ယောက်ချင်းတွေ့ပြီး ကျန်းမာကြံ့ခိူင်ရေး လေ့ကျင့်ခန်း လုပ်ဖို့ ပိုပြီးလိုလားကြပါတယ်။ ကလော့ပ်က ပွဲကျပ်ကာလ မှာ တစ်သင်းလုံးကို အသုံးပြုရတာနဲ့အတူ တစ်ပွဲစီမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေ ကို နှစ်ဖွဲ့ ခွဲပါတယ်။ တနင်္ဂနွေနေ့ တော့တင်ဟမ် နဲ့ပွဲမှာ ကစားခဲ့တဲ့ သူတွေကို တနင်္လာနေ့ အနားပေးပြီး ဗုဒ္ဓဟူးနေ့ အာဆင်နယ် နဲ့ပွဲမှာကစားခဲ့တဲ့ သူတွေကို ကြာသပတေးနေ့ မှာ အနားပေးပါတယ်။

နှစ်ဖွဲ့လုံးက စနေနေ့ ပွဲမတိုင်ခင် သောကြာနေ့ မှာ ပြန်လည်ဆုံဆည်းကြပါတယ်။ လေ့ကျင့်ရေး အစီအစဉ်ရဲ့ ပြုပြင်လွယ်မှုက အထူးသဖြင့် ရာသီအတွင်း နိုင်ငံတကာပွဲတွေနဲ့ နားချိန်ရဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေအတွက် အတော်အရေးပါပါတယ်။ ဒါလောက်ဆိုရင်တော့ လီဗာပူးအသင်းက နောက်ကွယ်မှာ ဘယ်လို run နေတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။

ZAWGYI

လီဗာပူးဟာ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈအတြက္ လုပ္ႏိုင္သမွ် အရာအားလုံးကို အေကာင္းဆုံး လုပ္ေဆာင္ေနပါတယ္။ နည္းျပ ယာဂန္ကေလာ့ပ္က ကြင္းတြင္းအႏိုင္ရရွိဖို႔ ဦးေဆာင္လမ္းျပေနတာနဲ႔အတူ မာ​ေဆးဆိုဒ္ ကလပ္ဟာ မၾကာေသးမီက ရာသီေတြမွာ အထင္ႀကီးစရာ အေျပာင္းအလဲေတြ လုပ္ျပခဲ့တာပါ။

လက္ရွိ လီဗာပူး အသင္းမွာ အဓိကျဖစ္ေနတဲ့ ကစားသမား မ်ားစြာကို ေခၚယူခဲ့ရာမွာ အေရးပါခဲ့တဲ့ အားကစား ဒါ႐ိုက္တာ မိုက္ကယ္ အဒ္ဝဒ္ရဲ႕ ကူညီမႈနဲ႔ ကိစၥမ်ားစြာကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ကေလာ့ပ္ ေရာက္လာၿပီးကတည္းက ဂ်ာမန္သားဟာ ကလပ္ရဲ႕ ေဆးဝါးနဲ႔ အားကစားသိပၸံဌာနေတြကို အလုံးစုံ ျပဳျပင္မႈေတြမွာ ႀကီးၾကပ္ခဲ့ပါတယ္။

The Times ရဲ႕ အဆိုအရ လီဗာပူးဟာ ကေလာ့ပ္ လက္ထက္အတြင္း အေရးပါတဲ့ ေနရာေတြမွာ ဝန္ထမ္းမ်ားစြာ ခန႔္အပ္ခဲ့တယ္လို႔ သိရပါတယ္။ က်န္းမာေရးနဲ႔ ၾကံ့ခိုင္ေရး ေခါင္းေဆာင္ေနရာမွာ Andreas Kornmayer ၊ အစာအာဟာရပိုင္း ေခါင္းေဆာင္ ေနရာမွာ Mona Nemmer ၊ ဒဏ္ရာျပန္လည္ေကာင္းမြန္လာေရးနဲ႔ စြမ္းေဆာင္မႈပိုင္း မန္ေနဂ်ာအျဖစ္ Philipp Jacobsen၊ အသင္းႀကီးရဲ႕ အေၾကာအဆစ္ ကုထုံးအဖြဲ႕ ေခါင္းေဆာင္ အျဖစ္ Christopher Rohrbeck တို႔ပဲ ျဖစ္ပါတယ္။

ဝန္ထမ္းတစ္ေယာက္စီတိုင္းဟာ လာမယ့္ လီဗာပူး အသင္း ပြဲစဥ္ေတြအတြက္ ျပင္ဆင္ေရး၊ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြအတြက္ ျပန္လည္ ေကာင္းမြန္လာေရးေတြ မွာ အေတာ္ေလး အကူအညီေပးပါတယ္။ ဥပမာအေနနဲ႔ လီဗာပူးရဲ႕ ပြဲက်ပ္အခ်ိန္ဇယားေၾကာင့္ ကစားသမားေတြကို သင့္ေတာ္တဲ့ အစားအေသာက္ေတြနဲ႔ အားျဖည့္ေပးဖို႔ အာဟာရအဖြဲ႕က လုပ္ေဆာင္ရပါတယ္။ ကစားသမားေတြအတြက္ မီႏူးက ဘာေတြ ျဖစ္သင့္တယ္ဆိုတာ နန္မာက စားဖိုေဆာင္ကို ေျပာဆိုရပါတယ္။ စားေသာက္တဲ့ေနရာေတြက ပ႐ိုတိန္းနဲ႔ ကာဗိုဟိူက္ဒ႐ိုတ္တို႔လို မွန္ကန္တဲ့ အစာအုပ္စုေတြ စားသုံးျခင္းရဲ႕ တန္ဖိုးနဲ႔ ပတ္သက္ၿပီး အသိေပးခ်က္ေတြ၊ ပိုစတာေတြနဲ႔ ျပည့္ေနပါတယ္။

အခုဆို အန္ဖီးက အဝတ္လဲခန္းမွာပါ ပါစတာနဲ႔ ထမင္း ထားရွိတဲ့ အပိုေနရာတစ္ခုရွိၿပီး ပြဲအၿပီးမွာ ကစားသမားေတြ စားလို႔ရတဲ့အျပင္ အိမ္ကိုေတာင္ ယူသြားလို႔ရပါတယ္။ ဒီအခ်က္ေတြက အေပၚယံေလာက္ပဲ ရွိပါေသးတယ္။ အနားယူတာက ကေလာ့ပ္လက္ထက္မွာ အေရးပါတဲ့ ရႈေထာင့္တစ္ခု ျဖစ္လာပါတယ္။ ကစားသမားေတြကို ပြဲအၿပီး တစ္ရက္နားေပးျခင္းျခင့္ သူတို႔ရဲ႕ ကိုယ္ပိုင္အခ်ိန္မွာ မွန္ကန္တဲ့ နည္းနဲ႔ အားျပန္ျပည့္လာေအာင္ လုပ္ဖို႔ ကစားသမားေတြကို ကေလာ့ပ္က ယုံၾကည္မႈ ေပးထားတာပါ။

ပုံမွန္လုပ္႐ိုးလုပ္စဥ္မွာေတာ့ ကစားသမားေတြဟာ ကြင္းပတ္ေျပးတာ၊ စက္ဘီးစီးတာ၊ ေရကူးတာေတြအျပင္ ဂ်င္မ္မွာ ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေတြနဲ႔ အတူ ၄၅မိနစ္ အႏွိပ္ခံႏိုင္ပါတယ္။ ကစားသမား အမ်ားစုက အိမ္မွာ ေလ့က်င့္ခန္းလုပ္တဲ့ ကိရိယာေတြ ရွိၿပီးသားမို႔ ဒီလိုအခ်ိန္မွာ ကလပ္ရဲ႕ အ႐ိုးအေၾကာ ကုထုံးအဖြဲ႕က ကစားသမား တစ္ေယာက္ခ်င္းစီနဲ႔ ေတြ႕ၿပီး မက္ေဆ့ခ်္ လုပ္ေပးရပါတယ္။

ကစားသမားေတြကလဲ Kornmayer နဲ႔ သူ႔အဖြဲ႕ဝင္ေတြဆီကေန တစ္ေယာက္ခ်င္းေတြ႕ၿပီး က်န္းမာႀကံ့ခိူင္ေရး ေလ့က်င့္ခန္း လုပ္ဖို႔ ပိုၿပီးလိုလားၾကပါတယ္။ ကေလာ့ပ္က ပြဲက်ပ္ကာလ မွာ တစ္သင္းလုံးကို အသုံးျပဳရတာနဲ႔အတူ တစ္ပြဲစီမွာ ပါဝင္ခဲ့တဲ့ ကစားသမားေတြ ကို ႏွစ္ဖြဲ႕ ခြဲပါတယ္။ တနဂၤေႏြေန႔ ေတာ့တင္ဟမ္ နဲ႔ပြဲမွာ ကစားခဲ့တဲ့ သူေတြကို တနလၤာေန႔ အနားေပးၿပီး ဗုဒၶဟူးေန႔ အာဆင္နယ္ နဲ႔ပြဲမွာကစားခဲ့တဲ့ သူေတြကို ၾကာသပေတးေန႔ မွာ အနားေပးပါတယ္။

ႏွစ္ဖြဲ႕လုံးက စေနေန႔ ပြဲမတိုင္ခင္ ေသာၾကာေန႔ မွာ ျပန္လည္ဆုံဆည္းၾကပါတယ္။ ေလ့က်င့္ေရး အစီအစဥ္ရဲ႕ ျပဳျပင္လြယ္မႈက အထူးသျဖင့္ ရာသီအတြင္း ႏိုင္ငံတကာပြဲေတြနဲ႔ နားခ်ိန္ရဖို႔ ႐ုန္းကန္ေနရတဲ့ ကစားသမားေတြအတြက္ အေတာ္အေရးပါပါတယ္။ ဒါေလာက္ဆိုရင္ေတာ့ လီဗာပူးအသင္းက ေနာက္ကြယ္မွာ ဘယ္လို run ေနတယ္ဆိုတာ သိေလာက္ၿပီထင္ပါတယ္။