မန်ချက်စတာ ယူနိုက်တက် နဲ့ ခိုင်မာတဲ့ အချိတ်အဆက် ရှိထားခဲ့တဲ့ ရက်ဘူးဆဲဘက် တိုက်စစ်မှူး အဲလင်းဟာလန်းက သူ့ဖခင် ဆန္ဒအရ ပရီးမီးယားလိဂ် မှာ ကစားဖို့ ရည်ရွယ်ချက် ရှိနေပါတယ်။ လူငယ်ကစားသမား ဟာလန်းဟာ ဆဲဘက်နဲ့ ပထမဆူံး ရာသီပြည့်အတွင်း ချန်ပီယံလိဂ် လေးပွဲမှာ ၇ဂိုး သွင်းယူခဲ့ပါတယ်။

ဟာလန်းက ပြည်တွင်းပြိုင်ပွဲတွေမှာလဲ ၁၆ဂိုးရရှိထားပြီး ဥရောပမှာ အလားအလာ အကောင်းဆုံး လူငယ်တစ်ယောက်အဖြစ် နာမည် ထွက်လာခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်ကစားသမားအတွက် အိုးလ်ထရက်ဖို့ဒ် က ဖြစ်နိုင်တဲ့ နောက်ထပ်ပန်းတိုင် တစ်ခုဖြစ်သလို ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် တို့ကလည်း စောင့်ကြည့်နေပါတယ်။

သားဖြစ်သူကို သူ့ရဲ့ခြေရာအတိုင်း ပရီးမီးယားလိဂ် မှာ လိုက်နင်းစေဖို့ မျှော်လင့်နေတဲ့ ဖခင် Alf-Inge က အဲလင်းရဲ့ နောက်အပြောင်းအရွှေ့ အပေါ် သူက ချုပ်ကိုင်ထားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“သူက လိဒ်ဖန်တစ်ယောက် ဖြစ်ခဲ့ပြီး မန်ချက်စတာ စီးတီး နဲ့ နော်တင်ဟမ် ဖောရတ်စ် ပရိသတ် တစ်ယောက်လဲ ဖြစ်တယ်။ သူက ကျနော့် ခြေရာအတိုင်း နင်းခဲ့ပေမယ့် ဒါက လူငယ်ဘဝမှာ မင်းလုပ်ရတဲ့အရာပါ။ ပရိသတ်တစ်ယောက် နဲ့ ကစားသမားတစ်ယောက် အဖြစ် ကြားမှာ မတူညီမှုတွေ ရှိတယ်။ တစ်ချိန်ချိန်ကျရင် ပရီးမီးယားလိဂ် မှာ သူ ကစားချင်လိမ့်မယ်လို့ ထင်တယ်။ ဘယ်အချိန်လဲတော့ ကျနော်လဲ မသိဘူး။ အဲ့ဒါက အရမ်း ခက်ခဲတဲ့လိဂ်ပါ။ အခုဖြစ်မလား နောက်မှ ဖြစ်လာမလား ဆိုတာ ကျနော်တို့ မသိပါဘူး။ ” လို့ ပြောခဲ့တာပါ။

ဆယ်ကျော်သက်သာ ဖြစ်ပေမယ့် ဟာလန်းက နော်ဝေနိုင်ငံ လက်ရွေးစင်အသင်းအတွက် ၂ပွဲ ကစားပေးထားပြီး ဖြစ်ပါတယ်။ အထင်ကြီးစရာ တိုက်စစ်မှူးအတွက် ဆဲဘက်ဟာ ယူရို သန်း ၁၀၀ လောက်အထိ တောင်းဆိုနိူင်တယ်လိူ့ သတင်းတွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကလပ်အနေနဲ့ ဒီလောက် များပြားတဲ့ ပမာဏကို တောင်းဆိုလိမ့်မယ်ဆိုတဲ့အပေါ်ကို ကစားသမားရဲ့ဖခင်ဖြစ်သူကတော့ သံသယရှိနေပါတယ်။

“သူက ဆဲဘက်မှာ။ သိပ်ကောင်းတဲ့ ကလပ်မှာဖြစ်ပြီး ချန်ပီယံလိဂ် ကစားနေရတယ်။ဒါကြောင့် အပြောင်းအရွှေ့ က အလျင်စလို လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် အတိတ်မှာ ဆဲဘက်က အလယ်အလတ်တန်း ကလပ်ဖြစ်တယ်ဆိုတာ ပြသခဲ့ပြီး အနာဂတ် မှာ ကစားသမား သစ်တွေ ခေါ်မယ်ဆိုရင် ကစားသမားတွေအပေါ် မဟုတ်ကဟုတ်က တန်ကြေးတွေ ဆိုလို့မရပါဘူး။ မဟုတ်ရင် ဘယ်သူကမှ အဲ့ဒီကို သွားမှာ မဟုတ်တော့ဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ ခိုင္မာတဲ့ အခ်ိတ္အဆက္ ရွိထားခဲ့တဲ့ ရက္ဘူးဆဲဘက္ တိုက္စစ္မႉး အဲလင္းဟာလန္းက သူ႔ဖခင္ ဆႏၵအရ ပရီးမီးယားလိဂ္ မွာ ကစားဖို႔ ရည္႐ြယ္ခ်က္ ရွိေနပါတယ္။ လူငယ္ကစားသမား ဟာလန္းဟာ ဆဲဘက္နဲ႔ ပထမဆူံး ရာသီျပည့္အတြင္း ခ်န္ပီယံလိဂ္ ေလးပြဲမွာ ၇ဂိုး သြင္းယူခဲ့ပါတယ္။

ဟာလန္းက ျပည္တြင္းၿပိဳင္ပြဲေတြမွာလဲ ၁၆ဂိုးရရွိထားၿပီး ဥေရာပမွာ အလားအလာ အေကာင္းဆုံး လူငယ္တစ္ေယာက္အျဖစ္ နာမည္ ထြက္လာခဲ့ပါတယ္။ အသက္ ၁၉ႏွစ္ အ႐ြယ္ကစားသမားအတြက္ အိုးလ္ထရက္ဖို႔ဒ္ က ျဖစ္ႏိုင္တဲ့ ေနာက္ထပ္ပန္းတိုင္ တစ္ခုျဖစ္သလို ဂ်ဴဗင္တပ္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ တို႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။

သားျဖစ္သူကို သူ႔ရဲ႕ေျခရာအတိုင္း ပရီးမီးယားလိဂ္ မွာ လိုက္နင္းေစဖို႔ ေမွ်ာ္လင့္ေနတဲ့ ဖခင္ Alf-Inge က အဲလင္းရဲ႕ ေနာက္အေျပာင္းအေ႐ႊ႕ အေပၚ သူက ခ်ဳပ္ကိုင္ထားမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

“သူက လိဒ္ဖန္တစ္ေယာက္ ျဖစ္ခဲ့ၿပီး မန္ခ်က္စတာ စီးတီး နဲ႔ ေနာ္တင္ဟမ္ ေဖာရတ္စ္ ပရိသတ္ တစ္ေယာက္လဲ ျဖစ္တယ္။ သူက က်ေနာ့္ ေျခရာအတိုင္း နင္းခဲ့ေပမယ့္ ဒါက လူငယ္ဘဝမွာ မင္းလုပ္ရတဲ့အရာပါ။ ပရိသတ္တစ္ေယာက္ နဲ႔ ကစားသမားတစ္ေယာက္ အ​ျဖစ္ ၾကားမွာ မတူညီမႈေတြ ရွိတယ္။ တစ္ခ်ိန္ခ်ိန္က်ရင္ ပရီးမီးယားလိဂ္ မွာ သူ ကစားခ်င္လိမ့္မယ္လို႔ ထင္တယ္။ ဘယ္အခ်ိန္လဲေတာ့ က်ေနာ္လဲ မသိဘူး။ အဲ့ဒါက အရမ္း ခက္ခဲတဲ့လိဂ္ပါ။ အခုျဖစ္မလား ေနာက္မွ ျဖစ္လာမလား ဆိုတာ က်ေနာ္တို႔ မသိပါဘူး။ ” လို႔ ေျပာခဲ့တာပါ။

ဆယ္ေက်ာ္သက္သာ ျဖစ္ေပမယ့္ ဟာလန္းက ေနာ္ေဝႏိုင္ငံ လက္ေရြးစင္အသင္းအတြက္ ၂ပြဲ ကစားေပးထားျပီး ျဖစ္ပါတယ္။ အထင္ႀကီးစရာ တိုက္စစ္မႉးအတြက္ ဆဲဘက္ဟာ ယူ႐ို သန္း ၁၀၀ ေလာက္အထိ ေတာင္းဆိုႏိူင္တယ္လိူ႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာ ကလပ္အေနနဲ႔ ဒီေလာက္ မ်ားျပားတဲ့ ပမာဏကို ေတာင္းဆိုလိမ့္မယ္ဆိုတဲ့အေပၚကို ကစားသမားရဲ႕ဖခင္ျဖစ္သူကေတာ့ သံသယရွိေနပါတယ္။

“သူက ဆဲဘက္မွာ။ သိပ္ေကာင္းတဲ့ ကလပ္မွာျဖစ္​ၿပီး ခ်န္ပီယံလိဂ္ ကစားေနရတယ္။ဒါေၾကာင့္ အေျပာင္းအေ႐ႊ႕ က အလ်င္စလို လုပ္ဖို႔ မရွိပါဘူး။ ဒါေပမယ့္ အတိတ္မွာ ဆဲဘက္က အလယ္အလတ္တန္း ကလပ္ျဖစ္တယ္ဆိုတာ ျပသခဲ့ၿပီး အနာဂတ္ မွာ ကစားသမား သစ္ေတြ ေခၚမယ္ဆိုရင္ ကစားသမားေတြအေပၚ မဟုတ္ကဟုတ္က တန္ေၾကးေတြ ဆိုလို႔မရပါဘူး။ မဟုတ္ရင္ ဘယ္သူကမွ အဲ့ဒီကို သြားမွာ မဟုတ္ေတာ့ဘူး။ ” လို႔ ေျပာဆိုခဲ့ပါတယ္။