ဒီကနေ့ တယ်လီဂရပ်သတင်းက ဖော်ပြလာမှုအရ အပြောင်းအရွှေ့ အယူခံဝင်မှု အောင်မြင်ခဲ့မယ်ဆိုရင် ချယ်ဆီးဟာ ဇန်နဝါရီမှာ အသုံးစရိတ် ပေါင် ၁၅၀ သန်းထိ အသုံးပြုပြီး ကစားသမား ခေါ်ယူနိုင်မယ်လို့ ဖော်ပြခဲ့တယ်။

ချယ်ဆီးဟာ အပြောင်းအရွှေ့ နှစ်ခုစာ ပိတ်ခံထားရမှုကို အယူခံဝင်ထားတာဖြစ်ပြပီး နိုဝင်ဘာ ၂၀ ရက်မှာတော့ ကြားနာမှု လုပ်ဆောင်မှာဖြစ်ကာ နွေမှမဟုတ်ပဲ ဇန်နဝါရီမှာတင် ကစားသမား ခေါ်ယူခွင့်ရမယ်လို့ ယူဆခံထားရတယ်။ ချယ်ဆီးဘက်က မန်နေဂျာလမ်းပတ်ကို အသုံးစရိတ် ပေါင် ၁၅၀ သန်းပေးကာ ကစားသမားခေါ်ယူခွင့်မှာ စိတ်တိုင်းကျ အသုံးပြုခွင့်ပေးမယ်လို့ ယူဆခံရတဲ့ အနေအထားဖြစ်ပါတယ်။

ချယ်ဆီးဘက်ကတော့ ဝါရင့်တိုက်စစ်သမားတွေဖြစ်တဲ့ ပက်ဒရို၊ ဝီလီယမ်နဲ့ ဂျရူးနေရာတွေမှာ အစားထိုးဖို့ ဒမ်ဘီလီ၊ ဇာဟာ၊ ဆန်ချိုနဲ့ ဝါနာတို့ကို စောင့်ကြည့်နေတယ်လို့ သတင်းထွက်ထားပြီး သေချာတဲ့ လုပ်ဆောင်မှုတွေကတော့ နောက်လတွေမှပဲ မြင်တွေ့ရမှာပါ။ ချယ်ဆီးဟာ တိုက်စစ်နဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ ရှိနေပေမယ့် ခံစစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်နေပါသေးတယ်။

ခံစစ်အတွက် လက်စတာမှ ဘယ်အစွန်လူ ဘမ်ချီဝဲလ် သတင်းကြီးနေသလို အရင်ကတော့ ဘုန်းမောက်အသင်းမှ ချယ်ဆီးခံစစ်သမားဟောင်း အကီကိုလည်း ပေါင် ၄၀ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ရှိတယ်လို့ သိထားရတယ်။ တယ်လီဂရပ်က ဖော်ထုတ်ခဲ့တဲ့ သတင်းအပြီးမှာ ချယ်ဆီးရဲ့ အပြောင်းအရွှေ့ လားရာအပေါ်မှာ အများကြီး ပြောဆိုမှုတွေ ရှိလာခဲ့တာဖြစ်ပြီး ပရိသတ်တွေဘက်ကလည်း အသံထွက်လာခဲ့ပါပြီ။

ချယ်ဆီးပရိသတ်တွေကတော့ ကစားသမား ခေါ်ယူမှု အများကြီး မလုပ်ရင်တောင်မှ တိုက်စစ်သမားတစ်ဦးနဲ့ ခံစစ်သမားတစ်ဦးကို ခေါ်ယူစေလိုနေကြတယ်။ အေဂျက်အသင်းမှ ဘရာဇီးသား တိုက်စစ်သမား နီရက်စ်နဲ့ ဘုန်းမောက်မှ ခံစစ်မှူး အကီတို့ကို သဘောတွေ့နေပြီး သူတို့ နှစ်ဦးကို ခေါ်ယူမယ်ဆိုရင် တန်ဖိုးလည်း အများကြီး ကျသင့်မှာ မဟုတ်ကာ ကလပ်အသင်းအတွက်လည်း အကျိုးဖြစ်နိုင်တယ်လို့ ထောက်ခံနေကြပါတယ်။

ချယ်ဆီးဟာ အဓိက ဆုဖလားပြိုင်ပွဲတွေမှာ ပိုကောင်းတဲ့ အဆင့်ကို ရောက်နိုင်ဖို့နဲ့ ဝါရင့် ကစားသမားတွေနေရာမှာ အစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခွင့်ရမယ်ဆိုရင် ဇန်နဝါရီမှာ လုပ်ဆောင်မှာဖြစ်ပြီး ကစားသမား ကင်းထောက်မှုတွေ စတင်ထားတယ်လို့လည်း သတင်းရှိထားတာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ တယ္လီဂရပ္သတင္းက ေဖာ္ျပလာမႈအရ အေျပာင္းအေရႊ႔ အယူခံဝင္မႈ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ အသံုးစရိတ္ ေပါင္ ၁၅၀ သန္းထိ အသံုးျပဳျပီး ကစားသမား ေခၚယူႏုိင္မယ္လို႔ ေဖာ္ျပခဲ့တယ္။

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔ ႏွစ္ခုစာ ပိတ္ခံထားရမႈကို အယူခံဝင္ထားတာျဖစ္ျပပီး ႏုိဝင္ဘာ ၂၀ ရက္မွာေတာ့ ၾကားနာမႈ လုပ္ေဆာင္မွာျဖစ္ကာ ေႏြမွမဟုတ္ပဲ ဇန္နဝါရီမွာတင္ ကစားသမား ေခၚယူခြင့္ရမယ္လုိ႔ ယူဆခံထားရတယ္။ ခ်ယ္ဆီးဘက္က မန္ေနဂ်ာလမ္းပတ္ကို အသံုးစရိတ္ ေပါင္ ၁၅၀ သန္းေပးကာ ကစားသမားေခၚယူခြင့္မွာ စိတ္တိုင္းက် အသံုးျပဳခြင့္ေပးမယ္လို႔ ယူဆခံရတဲ့ အေနအထားျဖစ္ပါတယ္။

ခ်ယ္ဆီးဘက္ကေတာ့ ဝါရင့္တိုက္စစ္သမားေတြျဖစ္တဲ့ ပက္ဒရို၊ ဝီလီယမ္နဲ႔ ဂ်ရူးေနရာေတြမွာ အစားထိုးဖို႔ ဒမ္ဘီလီ၊ ဇာဟာ၊ ဆန္ခ်ိဳနဲ႔ ဝါနာတို႔ကို ေစာင့္ၾကည့္ေနတယ္လို႔ သတင္းထြက္ထားျပီး ေသခ်ာတဲ့ လုပ္ေဆာင္မႈေတြကေတာ့ ေနာက္လေတြမွပဲ ျမင္ေတြ႔ရမွာပါ။ ခ်ယ္ဆီးဟာ တိုက္စစ္နဲ႔ ကြင္းလယ္မွာ ကစားသမားေကာင္းေတြ ရွိေနေပမယ့္ ခံစစ္ပိုင္းကို အားျဖည့္ဖို႔ လိုအပ္ေနပါေသးတယ္။

ခံစစ္အတြက္ လက္စတာမွ ဘယ္အစြန္လူ ဘမ္ခ်ီဝဲလ္ သတင္းၾကီးေနသလို အရင္ကေတာ့ ဘုန္းေမာက္အသင္းမွ ခ်ယ္ဆီးခံစစ္သမားေဟာင္း အကီကိုလည္း ေပါင္ ၄၀ သန္းနဲ႔ ျပန္လည္ေခၚယူခြင့္ရွိတယ္လို႔ သိထားရတယ္။ တယ္လီဂရပ္က ေဖာ္ထုတ္ခဲ့တဲ့ သတင္းအျပီးမွာ ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႔ လားရာအေပၚမွာ အမ်ားၾကီး ေျပာဆိုမႈေတြ ရွိလာခဲ့တာျဖစ္ျပီး ပရိသတ္ေတြဘက္ကလည္း အသံထြက္လာခဲ့ပါျပီ။

ခ်ယ္ဆီးပရိသတ္ေတြကေတာ့ ကစားသမား ေခၚယူမႈ အမ်ားၾကီး မလုပ္ရင္ေတာင္မွ တုိက္စစ္သမားတစ္ဦးနဲ႔ ခံစစ္သမားတစ္ဦးကို ေခၚယူေစလိုေနၾကတယ္။ ေအဂ်က္အသင္းမွ ဘရာဇီးသား တိုက္စစ္သမား နီရက္စ္နဲ႔ ဘုန္းေမာက္မွ ခံစစ္မွဴး အကီတို႔ကို သေဘာေတြ႔ေနျပီး သူတို႔ ႏွစ္ဦးကို ေခၚယူမယ္ဆိုရင္ တန္ဖိုးလည္း အမ်ားၾကီး က်သင့္မွာ မဟုတ္ကာ ကလပ္အသင္းအတြက္လည္း အက်ိဳးျဖစ္ႏုိင္တယ္လို႔ ေထာက္ခံေနၾကပါတယ္။

ခ်ယ္ဆီးဟာ အဓိက ဆုဖလားျပိဳင္ပြဲေတြမွာ ပိုေကာင္းတဲ့ အဆင့္ကို ေရာက္ႏုိင္ဖို႔နဲ႔ ဝါရင့္ ကစားသမားေတြေနရာမွာ အစားထိုးဖို႔အတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ခြင့္ရမယ္ဆိုရင္ ဇန္နဝါရီမွာ လုပ္ေဆာင္မွာျဖစ္ျပီး ကစားသမား ကင္းေထာက္မႈေတြ စတင္ထားတယ္လို႔လည္း သတင္းရွိထားတာျဖစ္ပါတယ္။