လီဗာပူးအသင်းဟာ ပွဲကြပ်တွေများတဲ့ ဒီဇင်ဘာထဲမှာမှ ၂၄ နာရီအတွင်း မတူညီတဲ့ နှစ်နိုင်ငံမှာ မတူတဲ့ပြိုင်ပွဲ ပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင် ကစားရဖို့ အတည်ပြုခဲ့ရပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ကစားဖို့ ရှိနေစဉ် အဲ့ဒီမတိုင်ခင် တစ်ရက် ကာတာမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲ အတွက် လီဗာပူးအသင်းဟာ လူစာရင်း နှစ်သင်းစာ ခွဲ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ကလော့ပ်က သတင်းထုတ်ပြန်ထားပြီး ကာတာမှာ ကစားမယ့် နှစ်ပွဲအတွက် လူစာရင်း ၁၁ ယောက်တည်း ခေါ်သွားကာ ကျန်တဲ့ ကစားသမားများ ဗီလာနဲ့ ပွဲ ကစားဖို့ ချန်ထားရန် မဖြစ်နိုင်ကြောင်း ကလော့ပ်က ဝန်ခံပြောဆိုထားပါတယ်။

ကလော့ပ် ပြောစကားများအရ ထိုပွဲ နှစ်ပွဲ အတွက် လီဗာပူး ပြင်ဆင်လာဖွယ်ရှိတဲ့ နှစ်သင်းစာ လူစာရင်းကို ဒေးလီးမေးလ်က ခန့်မှန်းထားပါတယ်။ ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ စီနီယာတွေကို အဓိကထား ကာတာသို့ ခေါ်ဆောင်သွားမယ်လို့ ယူဆနေကြပါတယ်။

အဒမ်လယ်လာနာက ဒီရာသီ ကာရာဘောင်းဖလားပွဲတွေမှာ ပွဲထွက် ကစားခွင့် ရထားပေမယ့် ကာတာပွဲဆီ လိုက်ပါရဖွယ် ရှိနေပါတယ်။ လယ်လာနာနဲ့ အတူ မေနာ၊ ဂိုမက်ဇ်၊ ချိန်ဘာလိန်နဲ့ ကိတ်တာတို့ကိုလည်း ကလော့ပ်က နှစ်ပွဲ ကစားရမယ့် ကာတာသို့ ခေါ်သွားဖွယ် ရှိပါတယ်။

လီဗာပူး Vs အက်စတွန်ဗီလာနဲ့ ပွဲ ဖြစ်နိုင်ဖွယ် လူစာရင်း

Kelleher, N Williams, van den Berg, Hoever, Larouci, Chirivella, Jones, Kane, Elliott, Brewster, Longstaff

Subs: Winterbottom, Koumetio, Lewis, Clarkson, Christie-Davies, Stewart, Cain

ကာတာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ လီဗာပူး ဖြစ်နိုင်ဖွဝ် လူစာရင်း

Alisson, Alexander-Arnold, Matip, Van Dijk, Robertson, Fabinho, Wijnaldum, Henderson, Salah, Firmino, Mane

Subs: Adrian, Gomez, Lovren, Oxlade-Chamberlain, Keita, Origi, Milner

အာဆင်နယ်နဲ့ ကာရာဘောင်းဖလားပွဲမှာ ဟီးရိုးဖြစ်ခဲ့တဲ့ အသက် ၂၀ အရွယ် ဂိုးသမား ကလယ်ဟားကို ကလော့ပ်က ကာတာသို့ ခေါ်သွားလိုဖွယ် ရှိပေမယ့် ၎င်းကို အင်္ဂလန်မှာ ထားခဲ့ကာ အန်ဒီ လိုနာဂန်ကိုပဲ တတိယ ဂိုးသမား အဖြစ် ရွေးသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ပြဲၾကပ္ေတြမ်ားတဲ့ ဒီဇင္ဘာထဲမွာမွ ၂၄ နာရီအတြင္း မတူညီတဲ့ နွစ္နုိင္ငံမွာ မတူတဲ့ျပိဳင္ပြဲ ပြဲစဥ္ နွစ္ပြဲ ယွဥ္ျပိဳင္ ကစားရဖို႔ အတည္ျပဳခဲ့ရျပီ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၇ ရက္ေန႕မွာ အက္စတြန္ဗီလာနဲ႕ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ ကစားဖို႔ ရွိေနစဥ္ အဲ့ဒီမတိုင္ခင္ တစ္ရက္ ကာတာမွာ ကလပ္အသင္းမ်ား ကမၻာ့ဖလား ဆီမီးဖိုင္နယ္ပြဲ ကစားရမွာ ျဖစ္ပါတယ္။

ဒီပြဲ အတြက္ လီဗာပူးအသင္းဟာ လူစာရင္း နွစ္သင္းစာ ခြဲ ယွဥ္ျပိဳင္မွာ ျဖစ္ေၾကာင္း ကေလာ့ပ္က သတင္းထုတ္ျပန္ထားျပီး ကာတာမွာ ကစားမယ့္ နွစ္ပြဲအတြက္ လူစာရင္း ၁၁ ေယာက္တည္း ေခၚသြားကာ က်န္တဲ့ ကစားသမားမ်ား ဗီလာနဲ႕ ပြဲ ကစားဖို႔ ခ်န္ထားရန္ မျဖစ္နုိင္ေၾကာင္း ကေလာ့ပ္က ၀န္ခံေျပာဆိုထားပါတယ္။

ကေလာ့ပ္ ေျပာစကားမ်ားအရ ထိုပြဲ နွစ္ပြဲ အတြက္ လီဗာပူး ျပင္ဆင္လာဖြယ္ရွိတဲ့ နွစ္သင္းစာ လူစာရင္းကို ေဒးလီးေမးလ္က ခန္႔မွန္းထားပါတယ္။ ကေလာ့ပ္က ခ်န္ပီယံလိဂ္ ဗိုလ္စြဲထားတဲ့ စီနီယာေတြကို အဓိကထား ကာတာသို႔ ေခၚေဆာင္သြားမယ္လို႔ ယူဆေနၾကပါတယ္။

အဒမ္လယ္လာနာက ဒီရာသီ ကာရာေဘာင္းဖလားပြဲေတြမွာ ပြဲထြက္ ကစားခြင့္ ရထားေပမယ့္ ကာတာပြဲဆီ လိုက္ပါရဖြယ္ ရွိေနပါတယ္။ လယ္လာနာနဲ႕ အတူ ေမနာ၊ ဂိုမက္ဇ္၊ ခ်ိန္ဘာလိန္နဲ႕ ကိတ္တာတုိ႔ကိုလည္း ကေလာ့ပ္က နွစ္ပြဲ ကစားရမယ့္ ကာတာသို႔ ေခၚသြားဖြယ္ ရွိပါတယ္။

လီဗာပူး Vs အက္စတြန္ဗီလာနဲ႕ ပြဲ ျဖစ္နုိင္ဖြယ္ လူစာရင္း

Kelleher, N Williams, van den Berg, Hoever, Larouci, Chirivella, Jones, Kane, Elliott, Brewster, Longstaff

Subs: Winterbottom, Koumetio, Lewis, Clarkson, Christie-Davies, Stewart, Cain

ကာတာ ကမၻာ့ဖလား ဆီမီးဖိုင္နယ္ပြဲ လီဗာပူး ျဖစ္နုိင္ဖြဝ္ လူစာရင္း

Alisson, Alexander-Arnold, Matip, Van Dijk, Robertson, Fabinho, Wijnaldum, Henderson, Salah, Firmino, Mane

Subs: Adrian, Gomez, Lovren, Oxlade-Chamberlain, Keita, Origi, Milner

အာဆင္နယ္နဲ႕ ကာရာေဘာင္းဖလားပြဲမွာ ဟီးရိုးျဖစ္ခဲ့တဲ့ အသက္ ၂၀ အရြယ္ ဂိုးသမား ကလယ္ဟားကို ကေလာ့ပ္က ကာတာသို႔ ေခၚသြားလိုဖြယ္ ရွိေပမယ့္ ၄င္းကို အဂၤလန္မွာ ထားခဲ့ကာ အန္ဒီ လိုနာဂန္ကိုပဲ တတိယ ဂိုးသမား အျဖစ္ ေရြးသြားဖြယ္ ရွိတယ္လို႔ ဆိုပါတယ္။