လီဗာပူးတိုက်စစ်မှူး မာနေးက သူ့ကို ဒိုင်ဗင်သမားလို့ ဂွာဒီယိုလာက စွပ်စွဲပေမယ့်လည်း သူ့ရဲ့ ကစားဟန်ကို ပြောင်းလဲမှာ မဟုတ်ပဲ လက်ရှိ ပုံစံအတိုင်း ဆက်လက်ပြီး စွမ်းဆောင်သွားမယ်လို့ ပြောဆိုပါတယ်။

လီဗာပူးနဲ့ မန်စီးတီးပွဲကြိုမှာ ဂွာဒီယိုလာက ပွဲဆူစေမယ့် စကားတွေ စတင်နေတာဖြစ်ပြီး အက်စတွန်ဗီလာနဲပွဲမှာ ဟန်ဆောင်လဲချတယ်ဆိုပြီး အဝါကဒ်ထိခဲ့တဲ့ မာနေးကို ဦးတည်တဲ့ တိုက်ခိုက်မှုကို စတင်ခဲ့တာဖြစ်တယ်။ မန်နေဂျာယာဂင်ကလော့ပ်က မာနေးကို ကာကွယ်ပြောဆိုထားပြီး သူ့ရဲ့ ကစားသမားဟာ ပပ်စွပ်စွဲသလို ကစားသမား မဟုတ်ဘူးဆိုတာ နားလည်ထားပါတယ်လို့ ဆိုခဲ့တာဖြစ်တယ်။

ဂျန့်နဲ့ပွဲမှာ အနားပေးခံခဲ့ရတဲ့ မာနေးဟာ မန်စီးတီးပွဲအတွက် ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိနေတာဖြစ်ပြီး ဂွာဒီယိုလာရဲ့ စိန်ခေါ်စကားကို တုန့်ပြန်ဖို့ ပွဲထွက်လူစာရင်းကနေ ပါဝင်လာမှာပါ။ မာနေးကပဲ အန်ဖီးမှာ ယှဉ်ပြိုင်မယ့် နှစ်သင်း ထိပ်တိုက်တွေ့ပမှုမှာ ” ဒိုင်ဗင်ထိုးလို့ ပင်နယ်တီရမယ်ဆိုရင် ဒိုင်ဗင်ထိုးပြပါမယ် ” လို့ ပြေပာဆိုလိုက်ပါတယ်။

” အကယ်လို့ ဒိုင်ဗင်ထိုးလို့ ပင်နယ်တီရမယ်ဆိုရင် ကျနော် ဘာလို့ မထိုးရမှာလဲ။ ကျနော် ထိုးပြပါမယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်ပြောတာ မှန်ပါတယ်။ ကျနော်က ဒိုင်ဗင်သမား မဟုတ်ပါဘူး။ ဗီလာနဲ့ပွဲမှာ ထိတွေ့မှုဖြစ်ခဲ့တာ သေချာပါတယ်။ ပင်နယ်တီမဟုတ်လို့ ပင်နယ်တီ အပေးမခံရပဲ ကျနော်ကို အဝါကဒ်ပေးခဲ့တာဖြစ်မှာပေါ့။ ရိုးရိုးသားသား ပြောရရင် ပြဿနာ မရှိပါဘူး။

ကျနော် ဆက်ပြီး ကြိုးစားနေမှာပပါ။ အကယ်လို့ ပင်နယ်တီ ရတယ်ဆိုရင်လည်း ပင်နယ်တီမို့ပါပဲ။ မရခဲ့ရင်လည်း မရသင့်လို့ပါပဲ။ ဒါပေမယ့် ကျနော် ကစားနေတဲ့ ကစားဟန်ကိုတော့ ဘယ်လိုမှ အပြောင်းအလဲ ပြုလုပ်မှာ မဟုတ်ပါဘူး။ ကျနော် ပြောနိုင်တာ တစ်ခုကတော့ အသင်းအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် ဖြစ်နိုင်သလောက် အစွမ်းကုန် ပေးဆပ်ပြီး အသင်းကို ကူညီနိုင်ဖို့ ကြိုးစားပါမယ်။

ဂွာဒီယိုလာက ဒိုင်လူကြီးတွေထံက စိတ်ဝင်စားမှုကို ထူးထူးချွန်ချွန် လုပ်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ကိုယ်ကစားတဲ့ ပုံစံအတိုင်းပဲ ဆက်ပြီး ကြိုးစားမှာပါ။ သူ ဘာကိုပြောတယ်ဆိုတာကို အကြောင်းပြချက်တွေ မပေးလိုပါဘူး။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပါပဲ။

ကျနော်အတွက် လုံ့ဆော်မှုတွေ ဘာတွေလည်း မဖြစ်ပါဘူး။ ကျနော်ကို ဒိုင်ဗင်သမားလို့ သူပြောနေတာ မြင်ခဲ့ပေမယ့် ကျနော်ကတော့ အကောင်းပဲ မြင်ပါတယ် ” လို့ မာနေးက တုန့်ပြန်သွားပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴး မာေနးက သူ႔ကို ဒိုင္ဗင္သမားလို႔ ဂြာဒီယိုလာက စြပ္စြဲေပမယ့္လည္း သူ႔ရဲ႕ ကစားဟန္ကို ေျပာင္းလဲမွာ မဟုတ္ပဲ လက္ရွိ ပံုစံအတိုင္း ဆက္လက္ျပီး စြမ္းေဆာင္သြားမယ္လို႔ ေျပာဆိုပါတယ္။

လီဗာပူးနဲ႔ မန္စီးတီးပြဲၾကိဳမွာ ဂြာဒီယိုလာက ပြဲဆူေစမယ့္ စကားေတြ စတင္ေနတာျဖစ္ျပီး အက္စတြန္ဗီလာနဲပြဲမွာ ဟန္ေဆာင္လဲခ်တယ္ဆိုျပီး အဝါကဒ္ထိခဲ့တဲ့ မာေနးကို ဦးတည္တဲ့ တိုက္ခိုက္မႈကို စတင္ခဲ့တာျဖစ္တယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က မာေနးကို ကာကြယ္ေျပာဆိုထားျပီး သူ႔ရဲ႕ ကစားသမားဟာ ပပ္စြပ္စြဲသလို ကစားသမား မဟုတ္ဘူးဆိုတာ နားလည္ထားပါတယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

ဂ်န္႔နဲ႔ပြဲမွာ အနားေပးခံခဲ့ရတဲ့ မာေနးဟာ မန္စီးတီးပြဲအတြက္ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားမွာ ရွိေနတာျဖစ္ျပီး ဂြာဒီယိုလာရဲ႕ စိန္ေခၚစကားကို တုန္႔ျပန္ဖို႔ ပြဲထြက္လူစာရင္းကေန ပါဝင္လာမွာပါ။ မာေနးကပဲ အန္ဖီးမွာ ယွဥ္ျပိဳင္မယ့္ ႏွစ္သင္း ထိပ္တိုက္ေတြ႔ပမႈမွာ ” ဒိုင္ဗင္ထိုးလို႔ ပင္နယ္တီရမယ္ဆိုရင္ ဒိုင္ဗင္ထိုးျပပါမယ္ ” လို႔ ေျပပာဆိုလိုက္ပါတယ္။

” အကယ္လို႔ ဒိုင္ဗင္ထိုးလို႔ ပင္နယ္တီရမယ္ဆိုရင္ က်ေနာ္ ဘာလုိ႔ မထိုးရမွာလဲ။ က်ေနာ္ ထိုးျပပါမယ္။ ဒါေပမယ့္ ယာဂင္ကေလာ့ပ္ေျပာတာ မွန္ပါတယ္။ က်ေနာ္က ဒိုင္ဗင္သမား မဟုတ္ပါဘူး။ ဗီလာနဲ႔ပြဲမွာ ထိေတြ႔မႈျဖစ္ခဲ့တာ ေသခ်ာပါတယ္။ ပင္နယ္တီမဟုတ္လို႔ ပင္နယ္တီ အေပးမခံရပဲ က်ေနာ္ကို အဝါကဒ္ေပးခဲ့တာျဖစ္မွာေပါ့။ ရိုးရိုးသားသား ေျပာရရင္ ျပႆနာ မရွိပါဘူး။

က်ေနာ္ ဆက္ျပီး ၾကိဳးစားေနမွာပပါ။ အကယ္လို႔ ပင္နယ္တီ ရတယ္ဆိုရင္လည္း ပင္နယ္တီမို႔ပါပဲ။ မရခဲ့ရင္လည္း မရသင့္လို႔ပါပဲ။ ဒါေပမယ့္ က်ေနာ္ ကစားေနတဲ့ ကစားဟန္ကိုေတာ့ ဘယ္လိုမွ အေျပာင္းအလဲ ျပဳလုပ္မွာ မဟုတ္ပါဘူး။ က်ေနာ္ ေျပာႏုိင္တာ တစ္ခုကေတာ့ အသင္းအတြက္ အျမဲတမ္း အဆင္သင့္ျဖစ္ေနေအာင္ ျဖစ္ႏုိင္သေလာက္ အစြမ္းကုန္ ေပးဆပ္ျပီး အသင္းကို ကူညီႏုိင္ဖို႔ ၾကိဳးစားပါမယ္။

ဂြာဒီယိုလာက ဒိုင္လူၾကီးေတြထံက စိတ္ဝင္စားမႈကို ထူးထူးခၽြန္ခၽြန္ လုပ္ခဲ့တယ္လို႔ပဲ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ ကိုယ္ကစားတဲ့ ပံုစံအတိုင္းပဲ ဆက္ျပီး ၾကိဳးစားမွာပါ။ သူ ဘာကိုေျပာတယ္ဆိုတာကို အေၾကာင္းျပခ်က္ေတြ မေပးလိုပါဘူး။ ဒါက ေဘာလံုးရဲ႕ အစိတ္အပိုင္းပါပဲ။

က်ေနာ္အတြက္ လံု႔ေဆာ္မႈေတြ ဘာေတြလည္း မျဖစ္ပါဘူး။ က်ေနာ္ကို ဒိုင္ဗင္သမားလို႔ သူေျပာေနတာ ျမင္ခဲ့ေပမယ့္ က်ေနာ္ကေတာ့ အေကာင္းပဲ ျမင္ပါတယ္ ” လို႔ မာေနးက တုန္႔ျပန္သြားပါတယ္။