မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ည အက်ဖ်ကေ ပါတီဇန်နဲ့ ပွဲမှာ နိုင်ပွဲရရင် ယူရိုပါလိဂ် အုပ်စုကနေ တက်ဖို့ သေချာနိုင်တော့မှာ ဖြစ်ပြီး ထိုပွဲ အတွက် ပွဲကြို ထရိန်နင်ကို ၂၂ ယောက် ပါဝင်တဲ့ လူစာရင်းနဲ့ ပြုလုပ်သွားခဲ့ပါတယ်။ ပွဲကြို ထရိန်နင်မှာ အသင်း လူငယ်ကစားသမား Ethan Laird ပါဝင်လာတာ တွေ့ရပြီး ဒဏ်ရာ ရ ကစားသမားတွေတော့ တစ်ယောက်မှ ပြန် ပါဝင်တာ မတွေ့ရပါဘူး။

နောက်ကျော ဒဏ်ရာ ရှိနေတဲ့ ဗစ်တာ လင်ဒီလော့ဖ်လည်း ပွဲကြို ထရိန်နင်မှာ မပါဝင်တဲ့ အပြင် ခြေကျင်းဝတ် ဒဏ်ရာကနေ သက်သာနေဆဲ ဖြစ်တဲ့ ပေါ့ဘာလည်း မပါဝင်ခဲ့ပါဘူး။

ပြင်သစ်သားဟာ ဒီသီတင်းပတ်ထဲမှာ ဒဏ်ရာ အစည်းများ ဖြေမှာ ဖြစ်ကာ ပြန်လည်ထူထောင်ရေး လေ့ကျင့်ဖို့ နှစ်ပတ်မျှ အချိန်ယူရဦးမှာပါ။ ဆိုးရှားက နောဝစ်နဲ့ ပွဲပြီးတည်းက ပေါ့ဘာဟာ နိုဝင်ဘာ လကုန်ထိ ကစားနိုင်ဦးမှာ မဟုတ်ကြောင်း ဆိုခဲ့ပြီး ဒီတပတ်ထဲမှာတော့ ပေါ့ဘာက ဒီဇင်ဘာ ၇ ရက် မန်ချက်စတာဒါဘီပွဲ အမှီ ပြန် ကစားနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ဆိုခဲ့ပါတယ်။

သြဂုတ်လ ပဲလေ့စ်နဲ့ ပွဲတည်းက မပါဝင်နိုင်တော့တဲ့ လုခ်ရှောကို အသင်း ထရိန်နင်မှာ တွေ့ခဲ့ရပေမယ့် ၎င်းက ကြံ့ခိုင်မှု အပြည့်အ၀ ပြန်ရဖို့ သီးသန့်သာ လေ့ကျင့်မှု လုပ်ဆောင်နေပါတယ်။ မာတစ်၊ တူရမ်ဇီဘီ၊ ဒါလော့နဲ့ ဂိုမက်တို့ လည်း ထရိန်နင်မှာ မပါဝင်ခဲ့ပါဘူး။ ကာလရှည် ဒဏ်ရာ ရနေခဲ့တဲ့ ဘိုင်လီကလည်း အခုထိ ပြန်မကောင်းမွန်သေးပါဘူး။

လူငယ်တွေ ဖြစ်တဲ့ ဘရန်ဒန်ဝီလီယံ၊ တာဟစ်ချောင်၊ ဂျိမ်းစ် ဂါနာနဲ့ မေဆန် ဂရင်းဝုဒ်တို့ကတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ပွဲကြို ထရိန်နင်မှာ အားလုံး ပါဝင်ခဲ့ပါတယ်။

အက်ဖ်ကေ ပါတီဇန်နဲ့ ပွဲကြို ထရိန်နင်မှာ ပါဝင်လေ့ကျင့်ခဲ့တဲ့ ယူနိုက်တက် အသင်းသား ၂၂ ယောက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Goalkeepers: De Gea, Romero, Grant, Kovar

Defenders: Jones, Maguire, Rojo, Young, Wan-Bissaka, Williams, Laird

Midfielders: Mata, Lingard, Pereira, Fred, Garner, McTominay, James

Forwards: Martial, Rashford, Greenwood, Chong

Zawgyi

မန္ခ်က္စတာယူနုိက္တက္ဟာ ၾကာသပေတးေန႔ည အက္ဖ္ေက ပါတီဇန္နဲ႕ ပဲြမွာ နုိင္ပြဲရရင္ ယူရိုပါလိဂ္ အုပ္စုကေန တက္ဖို႔ ေသခ်ာနိုင္ေတာ့မွာ ျဖစ္ျပီး ထိုပြဲ အတြက္ ပြဲၾကိဳ ထရိန္နင္ကို ၂၂ ေယာက္ ပါ၀င္တဲ့ လူစာရင္းနဲ႕ ျပဳလုပ္သြားခဲ့ပါတယ္။ ပြဲၾကိဳ ထရိန္နင္မွာ အသင္း လူငယ္ကစားသမား Ethan Laird ပါ၀င္လာတာ ေတြ႔ရျပီး ဒဏ္ရာ ရ ကစားသမားေတြေတာ့ တစ္ေယာက္မွ ျပန္ ပါ၀င္တာ မေတြ႔ရပါဘူး။

ေနာက္ေက်ာ ဒဏ္ရာ ရွိေနတဲ့ ဗစ္တာ လင္ဒီေလာ့ဖ္လည္း ပြဲၾကိဳ ထရိန္နင္မွာ မပါ၀င္တဲ့ အျပင္ ေျခက်င္း၀တ္ ဒဏ္ရာကေန သက္သာေနဆဲ ျဖစ္တဲ့ ေပါ့ဘာလည္း မပါ၀င္ခဲ့ပါဘူး။

ျပင္သစ္သားဟာ ဒီသီတင္းပတ္ထဲမွာ ဒဏ္ရာ အစည္းမ်ား ေျဖမွာ ျဖစ္ကာ ျပန္လည္ထူေထာင္ေရး ေလ့က်င့္ဖို႔ နွစ္ပတ္မွ် အခ်ိန္ယူရဦးမွာပါ။ ဆိုးရွားက ေနာ၀စ္နဲ႕ ပြဲျပီးတည္းက ေပါ့ဘာဟာ နုိ၀င္ဘာ လကုန္ထိ ကစားနိုင္ဦးမွာ မဟုတ္ေၾကာင္း ဆိုခဲ့ျပီး ဒီတပတ္ထဲမွာေတာ့ ေပါ့ဘာက ဒီဇင္ဘာ ၇ ရက္ မန္ခ်က္စတာဒါဘီပြဲ အမွီ ျပန္ ကစားနိုင္ဖို႔ ပစ္မွတ္ထားေနေၾကာင္း ဆိုခဲ့ပါတယ္။

ၾသဂုတ္လ ပဲေလ့စ္နဲ႕ ပြဲတည္းက မပါ၀င္နုိင္ေတာ့တဲ့ လုခ္ေရွာကို အသင္း ထရိန္နင္မွာ ေတြ႔ခဲ့ရေပမယ့္ ၄င္းက ၾကံ႕ခိုင္မႈ အျပည့္အ၀ ျပန္ရဖို႔ သီးသန္႔သာ ေလ့က်င့္မႈ လုပ္ေဆာင္ေနပါတယ္။ မာတစ္၊ တူရမ္ဇီဘီ၊ ဒါေလာ့နဲ႕ ဂိုမက္တို႔ လည္း ထရိန္နင္မွာ မပါ၀င္ခဲ့ပါဘူး။ ကာလရွည္ ဒဏ္ရာ ရေနခဲ့တဲ့ ဘိုင္လီကလည္း အခုထိ ျပန္မေကာင္းမြန္ေသးပါဘူး။

လူငယ္ေတြ ျဖစ္တဲ့ ဘရန္ဒန္၀ီလီယံ၊ တာဟစ္ေခ်ာင္၊ ဂ်ိမ္းစ္ ဂါနာနဲ႕ ေမဆန္ ဂရင္း၀ုဒ္တို႔ကေတာ့ ဗုဒၶဟူးေန႔ မနက္ပိုင္း ပြဲၾကိဳ ထရိန္နင္မွာ အားလံုး ပါ၀င္ခဲ့ပါတယ္။

အက္ဖ္ေက ပါတီဇန္နဲ႕ ပြဲၾကိဳ ထရိန္နင္မွာ ပါ၀င္ေလ့က်င့္ခဲ့တဲ့ ယူနုိက္တက္ အသင္းသား ၂၂ ေယာက္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Goalkeepers: De Gea, Romero, Grant, Kovar

Defenders: Jones, Maguire, Rojo, Young, Wan-Bissaka, Williams, Laird

Midfielders: Mata, Lingard, Pereira, Fred, Garner, McTominay, James

Forwards: Martial, Rashford, Greenwood, Chong