ယူနိုက်တက်မှာ ပွဲဆက်များပြီး ပွဲတိုင်းမှာ အားထုတ်မှုကြီးတွေ လုပ်နေရတာကြောင့် ဂျိမ်းဟာ ကစားသမားဘဝ အကောင်းဆုံး အချိန်မှာ ကိုယ်အား စိတ်အား ချုံးချုံးကျမှုကို ရင်ဆိုင်ရမှာ မန်နေဂျာဆိုးရှားက စိုးရိမ်နေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ နွေအပြောင်းအရွှေ့မှာ ပေါင် ၁၈ သန်းနဲ့ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် ပြုလုပ်ထားသူဖြစ်တယ်။ သူဟာ ဒီရာသီ ယူနိုက်တက်အတွက် ၁၅ ပွဲထိ ကစားထားပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပွဲချိန် ၈၉၅ မိနစ်နဲ့ ယူရိုပါလိဂ်နှစ်ပွဲကိုလည်း ပါဝင်ကစားထားပါတယ်။

ဝေလ်းလက်ရွေးစင်ဟာ ပွဲဆက်များမှုကြောင့် ပင်ပန်းမှုဒဏ်ကို ခံရမှာကို စိုးရိမ်ပြီး မန်နေဂျာဆိုးရှားက အနားပေးမှုတွေလုပ်ဖို့ စီစဉ်လာတာပါ။ ယူနိုက်တက်ကလပ်တွင်း တာဝန်ရှိသူတစ်ဦးက ‘ ဒန်နီရယ်ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ကြံ့ခိုင်မှုကို ဘယ်သူကမှ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမယ့် ဂရုစိုက်ဖို့ လိုပါတယ်။ သူ့ကို ဒဏ်ရာနဲ့ ပွဲမကစားနိုင်တာ မြင်နေရတာမျိုး ကျနေ်ာတို့ မလိုချင်ပါဘူး။ မန်နေဂျာက သူ့ကို အနားပေးဖို့ စီစဉ်ထားပါတယ် ’ လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ကြားရက်ပွဲအဖြစ် ပါတီဇန်နဲ့ ယူရိုပါလိဂ် ကစားရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို ခပ်စောစော တက်ရောက်ထားနိုင်ဖို့ ရလဒ် သေချာအောင် လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီပွဲပြီးရင်တော့ တနင်္ဂနွေနေ့ပမှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး ရလဒ်ကောင်း ပြန်ယူနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။

ယူနိုက်တက်တိုက်စစ်မှာ မာရှယ်၊ ရပ်ဖို့၊ ဂျိမ်းတို့ ကစားနိုင်ပေမယ့် ဒဏ်ရာပြဿနာတွေ ဆက်လက် မပေါ်ပေါက်ဖို့ရာ အနားပေးမှုတွေလည်း လုပ်ဖို့ လိုအပ်မှာဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်ကာလမှာ သူတို့တွေ ကြံ့ခိုင်မှု ဆက်ကောင်းနေဖို့ မျှော်လင့်နေရမှာပဲ ဖြစ်ပါတယ်။

Zawgyi

ယူႏုိက္တက္မွာ ပြဲဆက္မ်ားျပီး ပြဲတိုင္းမွာ အားထုတ္မႈၾကီးေတြ လုပ္ေနရတာေၾကာင့္ ဂ်ိမ္းဟာ ကစားသမားဘဝ အေကာင္းဆံုး အခ်ိန္မွာ ကိုယ္အား စိတ္အား ခ်ံဳးခ်ံဳးက်မႈကို ရင္ဆုိင္ရမွာ မန္ေနဂ်ာဆိုးရွားက စိုးရိမ္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားဟာ ေႏြအေျပာင္းအေရႊ႔႔မွာ ေပါင္ ၁၈ သန္းနဲ႔ ယူႏုိက္တက္ကို ေရာက္လာျပီးေနာက္ပိုင္း ကိုယ္တိုင္ ၃ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ ျပဳလုပ္ထားသူျဖစ္တယ္။ သူဟာ ဒီရာသီ ယူႏုိက္တက္အတြက္ ၁၅ ပြဲထိ ကစားထားျပီျဖစ္ျပီး ပရီးမီးယားလိဂ္မွာ ပြဲခ်ိန္ ၈၉၅ မိနစ္နဲ႔ ယူရိုပါလိဂ္ႏွစ္ပြဲကိုလည္း ပါဝင္ကစားထားပါတယ္။

ေဝလ္းလက္ေရြးစင္ဟာ ပြဲဆက္မ်ားမႈေၾကာင့္ ပင္ပန္းမႈဒဏ္ကို ခံရမွာကို စိုးရိမ္ျပီး မန္ေနဂ်ာဆိုးရွားက အနားေပးမႈေတြလုပ္ဖို႔ စီစဥ္လာတာပါ။ ယူႏုိက္တက္ကလပ္တြင္း တာဝန္ရွိသူတစ္ဦးက ‘ ဒန္နီရယ္ရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ ၾကံ႕ခိုင္မႈကို ဘယ္သူကမွ ေမးခြန္းထုတ္စရာ မရွိပါဘူး။ ဒါေပမယ့္ ဂရုစိုက္ဖို႔ လိုပါတယ္။ သူ႔ကို ဒဏ္ရာနဲ႔ ပြဲမကစားႏုိင္တာ ျမင္ေနရတာမ်ိဳး က်ေန္ာတို႔ မလိုခ်င္ပါဘူး။ မန္ေနဂ်ာက သူ႔ကို အနားေပးဖို႔ စီစဥ္ထားပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ ၾကားရက္ပြဲအျဖစ္ ပါတီဇန္နဲ႔ ယူရိုပါလိဂ္ ကစားရမွာျဖစ္ျပီး ေနာက္တစ္ဆင့္ကို ခပ္ေစာေစာ တက္ေရာက္ထားႏုိင္ဖို႔ ရလဒ္ ေသခ်ာေအာင္ လုပ္ေဆာင္ရမွာျဖစ္တယ္။ ဒီပြဲျပီးရင္ေတာ့ တနဂၤေႏြေန႔ပမွာ ဘရိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲကို အာရံုစိုက္ရမွာျဖစ္ျပီး ရလဒ္ေကာင္း ျပန္ယူႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္တယ္။

ယူႏုိက္တက္တိုက္စစ္မွာ မာရွယ္၊ ရပ္ဖို႔၊ ဂ်ိမ္းတို႔ ကစားႏုိင္ေပမယ့္ ဒဏ္ရာျပႆနာေတြ ဆက္လက္ မေပၚေပါက္ဖို႔ရာ အနားေပးမႈေတြလည္း လုပ္ဖို႔ လိုအပ္မွာျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္ကာလမွာ သူတို႔ေတြ ၾကံ႕ခိုင္မႈ ဆက္ေကာင္းေနဖို႔ ေမွ်ာ္လင့္ေနရမွာပဲ ျဖစ္ပါတယ္။