တနင်္ဂနွေနေ့ အန်ဖီးမှာ မန်ချက်စတာ စီးတီးကို အနိုင်ရရှိရေးဟာ ဒီရာသီ အစောပိုင်းမှာတင် အမှတ်အများကြီးနဲ့ ဦးဆောင်နေဖို့ လီဗာပူးအတွက် အရေးကြီးပါတယ်။ ၁၁ ပွဲ ကစားအပြီးမှာ လီဗာပူးဟာ မန်စီးတီးကို ၆ မှတ်ဖြတ်ထားပြီး အိမ်ကွင်းမှာနိုင်ရင် ၉မှတ် ဖြစ်သွားမှာပါ။ ၉မှတ်ဆိုတာဟာ စီးတီးလို အထင်ကြီးစရာ ကောင်းတဲ့ အသင်းတစ်သင်း အတွက်တောင် များလွန်းပါတယ်။ ဒါပေမယ့်လဲ အန်ဖီးမှာ စီးတီးနိုင်ရင် ၃မှတ်ပဲ ကွာတော့မှာပါ။

ပရီးမီးယားလိဂ်မှာ အကြီးဆုံး ပွဲမတိုင်ခင် ပြိုင်ဘက်ဖြစ်တဲ့ ဂွာဒီယိုလာ ဘယ်လိုအကွက်တွေ သုံးနိုင်လဲဆိုတဲ့ အနေအထားတစ်ခုကို သုံးသပ်ပြလိုပါတယ်။

မလုံတဲ့ခံစစ်ကို တင်းကျပ်မယ်

အကယ်၍ စီးတီး ခံစစ်ဟာ တူညီတဲ့ အခြေခံ အမှားတွေကို လုပ်ဦးမယ်ဆိုရင် လီဗာပူးနဲ့ပွဲမှာ ပေးဆပ်ရမှု များပါလိမ့်မယ်။ လာပေါ်တေးကို ဆုံးရှုံးမှုက အတော်လေး ခံစားနေရဆဲဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ဂျွန်စတုန်းက ပုံစံကောင်းတွေ ပြန်ရလာပေမယ့်လဲ လီဗာပူး တိုက်စစ်က ဆောက်သမ်တန်ထက် အများကြီး ပိုဒုက္ခပေးမှာပါ။ ဒါတောင် စိန့်ကို ဦးဆောင်ခွင့်ပေးပြီး သူတို့ကိုယ်သူတို့ ပိုခက်ခဲအောင် လုပ်ခဲ့ပါတယ်။ လီဗာပူးကို နောက်ကလိုက်ကစားခဲ့ရရင် မန်စီးတီးက ပွဲကို အနိုင်ရဖို့ ခက်ခဲပါလိမ့်မယ်။ ဂွာဒီယိုလာက ဒါကို နားလည်သူဖြစ်ပါတယ်။

ကလော့ပ်ကို အနှောင့်အယှက်ပေးဖို့ လုပ်မယ်

ပက်ဂွာဒီယိုလာဟာ အမြဲတမ်း ကောင်းတဲ့လူ မဟုတ်ပါဘူး။ ဆောက်သမ်တန်နဲ့ပွဲမှာ သူလိုချင်သလို မဖြစ်တဲ့အခါ အထိမခံ၊ စိတ်ဆိုးတတ်တဲ့ပုံစံကို မြင်ခဲ့ရပါတယ်။ စီးတီးက ၂ဂိုးသွင်းတဲ့အခါ ဂွာဒီယိုလာဟာ အချိန်ဆွဲမှုလို အနေအထားနဲ့ သူတို့စိတ်ကို ဆွခဲ့တယ်လို့ စိန့်ရဲ့ နည်းပြအဖွဲ့ဝင်တွေက စွပ်စွဲခဲ့ပါတယ်။ ဂွာဒီယိုလာက လူစိတ်ဝင်စားခံရတာ ကြိုက်းတဲ့သူမဟုတ်ပေမယ့် လူစိတ်ဝင်စားခံရအောင်တော့ အမြဲ လုပ်တတ်ပါတယ်။ အန်ဖီးမှာ ရန်ပွဲဖန်တီးရတာက အကျင့်ကောင်း မဟုတ်ရင်တောင် သူ့အနေနဲ့ စိန့် နည်းပြတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုရင် လီဗာပူး ကိုလဲ အလားတူလုပ်ဖို့ ကြိုးစားနိုင်ပါတယ်။

ပွဲကြို မီဒီယာ စိတ်ဓာတ်စစ်ဆင်ရေး

ဘောလုံးပွဲတွေဟာ မြက်ခင်းပေါ်မှာနဲ့ သတင်းစာရှင်းလင်းပွဲ အပြင် ပွဲမတိုင်ခင် ဖြစ်တာတွေကလဲ အသင်းတစ်သင်းကို ကူညီရာမှာ အနည်းငယ် အရေးပါပါတယ်။ ဒါကို စိတ်ဓာတ်စစ်ဆင်ရေးလို့ ခေါ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ နည်းပြတွေက ပြိုင်ဘက် ကို ဗြောင်ကျကျ တိုက်ခိုက်ပြောဆိုတာတွေ မလုပ်ကြပေမယ့်လဲ ဂွာဒီယိုလာက ဒီလိုအရေးကြီးတဲ့ပွဲကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာအပေါ် ဆုံးဖြတ်ရမှာပါ။

ဒီပွဲရဲ့ အရေးပါမှုကို လျှောချပြီး သူ့အသင်းကို အနိုင်ရဖို့ လိုအပ်တယ်ဆိုတာ မဟုတ်ကြောင်း ပြောမှာလား? တကယ်တမ်း စီးတီးအနေနဲ့ အနည်းဆုံး မရှုံးဖို့လိုတယ်ဆိုတာ အားလုံးအသိပါ။ ဒါပေမယ့် ဂွာဒီယိုလာက သူ့ကစားသမား တွေရဲ့ ဖိအားအချို့ လျော့စေတာ ပိုကောင်းတယ်လို့ တွေးနိုင်ပါတယ်။ ရန်စတာမျိုး မဟုတ်ပဲ မာနေးကို ဒိုင်ဗင်အကြောင်း ပြောဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် ဂွာဒီယိုလာက မီဒီယာကို သုံးပြီး တစ်ခုခု လုပ်မှာ အသေအချာပါပဲ။

ချန်ပီယံလိဂ် အခြေအနေ

စီးတီးဟာ ချန်ပီယံလိဂ် အုပ်စုကို အေးဆေးကစားနေပြီး အဆင့်တက်နိုင်တာကြောင့် အတ္တလန္တာပွဲရဲ့ ပွဲထွက်စာရင်းမှာ အဂွဲရိုး၊ စတုန်း စတဲ့ အရေးပါတဲ့ ကစားသမားအချို့ကို လီဗာပူး ပွဲအတွက် အနားပေးခဲ့ပါတယ်။ ဒီဘရိုင်း၊ စတာလင်၊ ဘာနာတို တို့ကို ထည့်ကစားခဲ့ပြီး အခြေအနေအရ အဂွဲရိုကိုပါ ပြန်ထည့်ခဲ့ပြီး အီဒါဆန်နာသွားတဲ့ အနေအထားမှာ ဘရာဗိုကလည်း အနီကဒ် ထိခဲ့တယ်။ အထူးသဖြင့် အီဒါဆန် ပြန်သက်သာလာမလားကလည်း အဆုံးအဖြတ်အတွက် အရေးပါတဲ့ ကိစ္စပါပဲ။

ZAWGYI

တနဂၤေႏြေန႔ အန္ဖီးမွာ မန္ခ်က္စတာ စီးတီးကို အႏိုင္ရရွိေရးဟာ ဒီရာသီ အေစာပိုင္းမွာတင္ အမွတ္အမ်ားႀကီးနဲ႔ ဦးေဆာင္ေနဖို႔ လီဗာပူးအတြက္ အေရးႀကီးပါတယ္။ ၁၁ ပြဲ ကစားအၿပီးမွာ လီဗာပူးဟာ မန္စီးတီးကို ၆ မွတ္ျဖတ္ထားၿပီး အိမ္ကြင္းမွာႏိုင္ရင္ ၉မွတ္ ျဖစ္သြားမွာပါ။ ၉မွတ္ဆိုတာဟာ စီးတီးလို အထင္ႀကီးစရာ ေကာင္းတဲ့ အသင္းတစ္သင္း အတြက္ေတာင္ မ်ားလြန္းပါတယ္။ ဒါေပမယ့္လဲ အန္ဖီးမွာ စီးတီးႏိုင္ရင္ ၃မွတ္ပဲ ကြာေတာ့မွာပါ။

ပရီးမီးယားလိဂ္မွာ အႀကီးဆံုး ပြဲမတိုင္ခင္ ျပိဳင္ဘက္ျဖစ္တဲ့ ဂြာဒီယိုလာ ဘယ္လိုအကြက္ေတြ သံုးႏုိင္လဲဆိုတဲ့ အေနအထားတစ္ခုကို သံုးသပ္ျပလိုပါတယ္။

မလုံတဲ့ခံစစ္ကို တင္းက်ပ္မယ္

အကယ္၍ စီးတီး ခံစစ္ဟာ တူညီတဲ့ အေျခခံ အမွားေတြကို လုပ္ဦးမယ္ဆိုရင္ လီဗာပူးနဲ႔ပြဲမွာ ေပးဆပ္ရမႈ မ်ားပါလိမ့္မယ္။ လာေပၚေတးကို ဆံုးရႈံးမႈက အေတာ္ေလး ခံစားေနရဆဲျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂြၽန္စတုန္းက ပုံစံေကာင္းေတြ ျပန္ရလာေပမယ့္လဲ လီဗာပူး တိုက္စစ္က ေဆာက္သမ္တန္ထက္ အမ်ားႀကီး ပိုဒုကၡေပးမွာပါ။ ဒါေတာင္ စိန္႔ကို ဦးေဆာင္ခြင့္ေပးၿပီး သူတို႔ကိုယ္သူတို႔ ပိုခက္ခဲေအာင္ လုပ္ခဲ့ပါတယ္။ လီဗာပူးကို ေနာက္ကလိုက္ကစားခဲ့ရရင္ မန္စီးတီးက ပြဲကို အႏိုင္ရဖို႔ ခက္ခဲပါလိမ့္မယ္။ ဂြာဒီယိုလာက ဒါကို နားလည္သူျဖစ္ပါတယ္။

ကေလာ့ပ္ကို အေႏွာင့္အယွက္ေပးဖို႔ လုပ္မယ္

ပက္ဂြာဒီယိုလာဟာ အၿမဲတမ္း ေကာင္းတဲ့လူ မဟုတ္ပါဘူး။ ေဆာက္သမ္တန္နဲ႔ပြဲမွာ သူလိုခ်င္သလို မျဖစ္တဲ့အခါ အထိမခံ၊ စိတ္ဆိုးတတ္တဲ့ပုံစံကို ျမင္ခဲ့ရပါတယ္။ စီးတီးက ၂ဂိုးသြင္းတဲ့အခါ ဂြာဒီယိုလာဟာ အခ်ိန္ဆြဲမႈလို အေနအထားနဲ႔ သူတို႔စိတ္ကို ဆြခဲ့တယ္လို႔ စိန္႔ရဲ႕ နည္း​ျပအဖြဲ႕ဝင္ေတြက စြပ္စြဲခဲ့ပါတယ္။ ဂြာဒီယိုလာက လူစိတ္ဝင္စားခံရတာ ႀကိဳက္းတဲ့သူမဟုတ္ေပမယ့္ လူစိတ္ဝင္စားခံရေအာင္ေတာ့ အျမဲ လုပ္တတ္ပါတယ္။ အန္ဖီးမွာ ရန္ပြဲဖန္တီးရတာက အက်င့္ေကာင္း မဟုတ္ရင္ေတာင္ သူ႔အေနနဲ႔ စိန္႔ နည္းျပေတြကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္တယ္ဆိုရင္ လီဗာပူး ကိုလဲ အလားတူလုပ္ဖို႔ ႀကိဳးစားႏိုင္ပါတယ္။

ပြဲႀကိဳ မီဒီယာ စိတ္ဓာတ္စစ္ဆင္ေရး

ေဘာလုံးပြဲေတြဟာ ျမက္ခင္းေပၚမွာနဲ႔ သတင္းစာရွင္းလင္းပြဲ အျပင္ ပြဲမတိုင္ခင္ ျဖစ္တာေတြကလဲ အသင္းတစ္သင္းကို ကူညီရာမွာ အနည္းငယ္ အေရးပါပါတယ္။ ဒါကို စိတ္ဓာတ္စစ္ဆင္ေရးလို႔ ေခၚႏိုင္ပါတယ္။ ဒီေန႔ေခတ္မွာ နည္းျပေတြက ျပိဳင္ဘက္ ကို ေျဗာင္က်က် တိုက္ခိုက္ေျပာဆိုတာေတြ မလုပ္ၾကေပမယ့္လဲ ဂြာဒီယိုလာက ဒီလိုအေရးႀကီးတဲ့ပြဲကို ဘယ္လို ကိုင္တြယ္မယ္ဆိုတာအေပၚ ဆုံးျဖတ္ရမွာပါ။

ဒီပြဲရဲ႕ အေရးပါမႈကို ေလွ်ာခ်ၿပီး သူ႔အသင္းကို အႏိုင္ရဖို႔ လိုအပ္တယ္ဆိုတာ မဟုတ္ေၾကာင္း ေျပာမွာလား? တကယ္တမ္း စီးတီးအေနနဲ႔ အနည္းဆုံး မရႈံးဖို႔လိုတယ္ဆိုတာ အားလံုးအသိပါ။ ဒါေပမယ့္ ဂြာဒီယိုလာက သူ႔ကစားသမား ေတြရဲ႕ ဖိအားအခ်ိဳ႕ ေလ်ာ့ေစတာ ပိုေကာင္းတယ္လို႔ ေတြးႏိုင္ပါတယ္။ ရန္စတာမ်ိဳး မဟုတ္ပဲ မာေနးကို ဒိုင္ဗင္အေၾကာင္း ေျပာဆိုခဲ့တာကို ၾကည့္ျခင္းအားျဖင့္ ဂြာဒီယိုလာက မီဒီယာကို သုံးၿပီး တစ္ခုခု လုပ္မွာ အေသအခ်ာပါပဲ။

ခ်န္ပီယံလိဂ္ အေျခအေန

စီးတီးဟာ ခ်န္ပီယံလိဂ္ အုပ္စုကို ေအးေဆးကစားေနၿပီး အဆင့္တက္ႏိုင္တာေၾကာင့္ အတၱလႏၲာပြဲရဲ႕ ပြဲထြက္စာရင္းမွာ အဂြဲ႐ိုး၊ စတုန္း စတဲ့ အေရးပါတဲ့ ကစားသမားအခ်ိဳ႕ကို လီဗာပူး ပြဲအတြက္ အနားေပးခဲ့ပါတယ္။ ဒီဘရိုင္း၊ စတာလင္၊ ဘာနာတို တို႔ကို ထည့္ကစားခဲ့ျပီး အေျခအေနအရ အဂြဲရိုကိုပါ ျပန္ထည့္ခဲ့ျပီး အီဒါဆန္နာသြားတဲ့ အေနအထားမွာ ဘရာဗိုကလည္း အနီကဒ္ ထိခဲ့တယ္။ အထူးသျဖင့္ အီဒါဆန္ ျပန္သက္သာလာမလားကလည္း အဆံုးအျဖတ္အတြက္ အေရးပါတဲ့ ကိစၥပါပဲ။