အန်ဖီးကွင်းမှာတော့ စူပါဆန်းဒေးပွဲအဖြစ် လီဗာပူးဟာ မန်စီးတီးကို ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နှစ်သင်းဟာ ရလဒ်ပိုင်း ရယူနိုင်မှု ကောင်းမွန်တဲ့ အသင်းတွေဖြစ်ကြသလို ပြိုင်ဆိုင်မှုတွေက အကျိတ်အနယ် ဖြစ်လာတဲ့ အနေအထားဖြစ်တယ်။
ပရီးမီးယားလိဂ် ဝါရင့်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ဒီပွဲဟာ ဒီနှစ်တွေအတွင်း မြင်တွေ့လာရသလိုပဲ ခက်ခဲတဲ့ ပွဲကောင်းဖြစ်လာမယ်လို့ မြင်ထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမြင်မှာတော့ မန်စီးတီးဟာ လီဗာပူးအသင်းက ဒုက္ခပေးခြင်းကို ခံရနိုင်တဲ့ အားနည်းချက် ရှိနေတယ်လို့လည်း ထောက်ပြပြောဆိုမှု လုပ်ခဲ့ပါတယ်။
အာဆင်ဝင်းဂါးက ပြောရာမှာ ” ဒီနှစ်တွေထဲမှာ ဒီနှစ်သင်း ယှဉ်ပြိုင်ကစားတဲ့ ပွဲတွေက အတော်လေးကို ကြပ်တည်းပြင်းထန်တာကို ကျနေ်ာတို့တွေ မြင်ထားရတယ်။ မန်စီးတီးက လီဗာပူးကို လွှမ်းမိုးကစားနိုင်တယ်ဆိုတာ ကျနော်တို့ သိပေမယ့် ကောင်တာတိုက်စစ် အနေအထားတွေမှာ လီဗာပူးက အရမ်းကို အန္တရာယ်ကြီးတဲ့ အသင်းဖြစ်တယ်။
ပုဂ္ဂိုလ်ရေးအရ ကျနော် ခံစားမိနေတာက မန်စီးတီးမှာ လာပေါ်တေးက အဆုံးရံှူးခံလို့ မရတဲ့ ကစားသမားပါ။ သူတို့ရဲ့ ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် မန်စီးတီးက အကောင်းဆုံး ကစားနိုင်နေဆဲ ဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ် ခုခံနိုင်စွမ်းတွေက အနည်းငယ် ပိုအားပျေ့ာလာပါတယ်။ လီဗာပူးကို ရင်ဆိုင်ကစားဖို့ ဒီအချက်က ကြီးမားတဲ့ အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။ ” ဆိုပြီး ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ အမှတ်ပေးဇယားကို ၆ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး လိဂ်မှာ ရံှူးပွဲလုံးဝ မရှိသေးတာဖြစ်တယ်။ ဂွာဒီယိုလာရဲ့ အသင်းကတော့ လာပေါ်တေး မကစားနိုင်တဲ့ ဒီလတွေမှာ ရံှူးပွဲ နှစ်ပွဲထိ တွေ့ကြုံထားတာဖြစ်ပြီး ဒါဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းကို ရင်ဆိုင်ကစားဖို့ မန်စီးတီးရဲ့ အားနည်းချက်ပါလို့ အာဆင်ဝင်းဂါးက ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ZAWGYI
ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ အမှတ်ပေးဇယားကို ၆ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး လိဂ်မှာ ရှူံးပွဲလုံးဝ မရှိသေးတာဖြစ်တယ်။ ဂွာဒီယိုလာရဲ့ အသင်းကတော့ လာပေါ်တေး မကစားနိုင်တဲ့ ဒီလတွေမှာ ရှူံးပွဲ နှစ်ပွဲထိ တွေ့ကြုံထားတာဖြစ်ပြီး ဒါဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းကို ရင်ဆိုင်ကစားဖို့ မန်စီးတီးရဲ့ အားနည်းချက်ပါလို့ အာဆင်ဝင်းဂါးက ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။