Sinama-Pongolle ဟာ ၂၀၀၅ ခုနစ် ဂျပန်မှာ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ဘင်နီတက်ဇ်ရဲ့ ချန်ပီယံလိဂ် အောင်မြင်တဲ့အသင်းထဲမှာ ပါဝင်ခဲ့သူပါ။ ဒါပေမယ့် ယိုကိုဟားမားက ဖိုင်နယ်ပွဲမှာ ဆောပိုလိုကို ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးတို့ ဖီဖာချန်ပီယံ တံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဘင်နီတက်ဇ်ရဲ့ အသင်းဟာ ဖိုင်နယ်မှာ ၁-၀ နဲ့ မရှုံးခင် နောက်ဆုံးလေးသင်း အဆင့်မှာ ကော်စတာရီကာ ကလပ် ဒီပို့တီဗီု ဆာပရစ်ဆာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
” မင်းဟာ ပိုပြီး အောင်မြင်ချင်တယ်ဆိုတာကို နားလည်အောင် ကြိုးစားရုံပါပဲ။ တစ်ခါတစ်လေ အဲ့ ဒါက အကောင်းဆုံး အခိုက်အတန့် မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းဟာ ရာသီအလယ်မှာ အဆင်ပြေနေတယ်။ ဒါပေမယ့် ကစားသမား တစ်ယောက်အနေနဲ့ အသင်းတစ်သင်း အနေနဲ့ ရာသီကို အကောင်းဆုံး ပုံစံနဲ့ အဆုံးသတ်ဖို့ အတွေ့အကြုံသစ်တစ်ခု ပိုရသွားတာပေါ့။ ဒါက ကစားသမား တစ်ယောက် အတွက် အများကြီး အဓိပ္ပါယ်ရှိတယ်။
ဆုဖလား အောင်မြင်ရင် ပိုပြီးတော့တောင် အဓိပ္ပါယ်ရှိပါသေးတယ်။ ဒါပေမယ့် ဆောပိုလိုဟာ ဩဇာတိက္ကမနဲ့ပြည့်စုံတဲ့ ဂိုးသမား စီနီ၊ ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိသွားမယ့် စီစန်ဟို တို့နဲ့အတူ အင်အားကြီးတဲ့အသင်းကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ကျနော်တို့ သိခဲ့တယ်။ အဲ့ဒါကို ကျနော်တို့ တကယ်ကို ရယူချင်ခဲ့တာပါ။ ” လို့ Sinama-Pongolle က လီဗာပူးဝဘ်ဆိုဒ်ကို ပြောဆိုခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာရှိတဲ့ မတူညီတဲ့ တိုက်တွေကနေ မတူညီတဲ့ ကလပ်တွေ တွေ့ဆုံရတာဟာ အသင်းတွေရဲ့ တိုးတက်မှု အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်တယ်လို့ သူက ယုံကြည်နေပါတယ်။
” ဒါက သိပ်ကို ထူးခြားခဲ့ပါတယ်။ ဖိုင်နယ်မှာ ကျနော်တို့ သုံးဂိုးသွင်းခဲ့ပြီး အဲ့ဒါတွေကို ဂိုးမပေးးခဲ့ဘူး။ “ဟာ။ ဘာဖြစ်တာလဲဟ” ဆိုပြီး ဖြစ်ခဲ့ကြမယ်ထင်တယ်။ ဒါပေမယ့် မတူညီတဲ့ ဘောလုံးကစားပုံတွေနဲ့ ယဉ်ကျေးမှုရှိတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရတာ သိပ်ကောင်းတဲ့ အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။ ကျနော်ကတော့ အားလူံးကို အကောင်းပဲ မြင်ပါတယ်။” လို့ ဆိုပါတယ်။
၂၀၀၃ မှာ လီဗာပူး ကို ရောက်ရှိခဲ့ပြီး ၆၆ ပွဲ ကစားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးက ကလော့ပ်ရဲ့အသင်းဟာ ကလပ်သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဒီဖလားကို ကိုင်မြှောက်ဖို့ ပိုကောင်းအောင် ပြင်ဆင်ထားတယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
“အခု လီဗာပူး အသင်းက ပိုပြီး ပြည့်စုံတယ်။ အရည်အသွေး ရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းပါ။ အများစုက လူငယ်တွေဆိုပေမယ့် သူတို့ရဲ့ အတွေ့အကြုံ ကို မြင်နိူင်ပါတယ်။ သူတို့က အတွေ့အကြုံ အများကြီး ရှိတဲ့ ကစားသမား တွေလို စွမ်းဆောင်ပြနေတာပါ။ ဥပမာ ဗန်ဒိုက်က အမြဲ အဲ့လိုပါပဲ။ မာနေးရဲ့ အားထုတ်မှုနဲ့ ဘောလုံးကို ထိန်းသိမ်းနိူင်မှုက အထင်ကြီးစရာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI