ချယ်ဆီး ခံစစ်မှူး ဇူးမားက အသင်းမှာ ပွဲကစားချိန် နည်းပါးနေသည့်တိုင် ပရော်ဖက်ရှင်နယ် ဆန်စွာ ပြုမူထိန်းသိမ်းနေနိုင်တဲ့ ချယ်ဆီး တိုက်စစ်မှူး ဂျီရူးကို ချီးကျူး စကား ဆိုလိုက်ပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်က ဒီရာသီ အသင်းတိုက်စစ်မှာ အေဗရာဟမ်နဲ့ ဘတ်ရှူဝါရီကို ဂျီရူးထက် ဦးစားပေး ကစားခွင့် ပေးထားပါတယ်။ ဂျီရူးဟာ ဘန်လေကို နိုင်တဲ့ အောက်တိုဘာလကုန်က ပွဲနောက်ပိုင်း ပါဝင်ကစားခွင့် မရသေးပါဘူး။

ချယ်ဆီးအသင်း အဝတ်လဲခန်းထဲမှာတော့ ဂျီရူးက လွှမ်းမိုးနိုင်စွမ်းရှီတဲ့ စီနီယာ ကစားသမား ဖြစ်ဆဲလို့ ဇူးမားက ဖော်ထုတ်လိုက်ပြီး ၎င်းရဲ့ အကြံပေးမှုတွေက လူငယ်ကစားသမားတွေ အတွက် အဖိုးတန်တယ်လို့ သိရပါတယ်။

” ဂျီရူးလည်း စိတ်ပျက်ဒေါသထွက်တာပေါ့ သူလည်း ပို က စားချင်တယ်။ တခြား ဘောလုံးသမားတွေလိုပဲ ကွင်းထဲမှာ ရှိချင် ပါဝင်ကစားချင်တယ်။ ဒါပေမယ့် သူက အားလုံးကို အေးအေးဆေးဆေး တည်ငြိမ်စွာ ရင်ဆိုင်နေတယ်။ သူက ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားပါ။ ထရိန်နင်မှာလည်း ကြိုးကြိုးစားစား အလုပ်လုပ်တယ်။ ဒီလို ကစားသမားမျိုး ဖြစ်လို့ ကျနော် သူ့ကို လေးစားမှု အများကြီး ထားတယ်။ ”

” အဝတ်လဲခန်းထဲမှာ ဆိုရင် သူက တမ်မီ (အေဗရာဟမ်) နဲ့ မီချျီ (ဘတ်ရှူဝါရီ) တို့ကို အကြံပေးတဲ့သူလည်း ဖြစ်တယ်။ သူက အသင်းကို အကောင်းဆုံး ဖြစ်စေချင်တာ ဒါကအရေးကြီးတယ်။ သူက ဒီလို စိတ်ထားကောင်းမွန်တဲ့ သူလည်း ဖြစ်တယ်။ ” လို့ ဇူးမားက ဖွင့်ဟခဲ့ပါတယ်။

ပြင်သစ်သား တိုက်စစ်မှူးကြီး ဂျီရူးဟာ ဇန်နဝါရီပြီးရင် အသင်းမှာ ဆက်ရှိနေမလား မသေချာသေးပါဘူး။ ရာသီကုန်ရင် ချယ်ဆီးနဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်တဲ့ ဂျီရူးက ပွဲကစားချိန်တွေ အတွက် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဦးမှာလို့ သိရပြီး အဆင်မပြေရင်တော့ လာမယ့် ဇန်နဝါရီမှာ ထွက်ခွာသွားဖွယ် ရှိပါတယ်။

Zawgyi

ခ်ယ္ဆီး ခံစစ္မွဴး ဇူးမားက အသင္းမွာ ပြဲကစားခ်ိန္ နည္းပါးေနသည့္တိုင္ ပေရာ္ဖက္ရွင္နယ္ ဆန္စြာ ျပဳမူထိန္းသိမ္းေနနိုင္တဲ့ ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးကို ခ်ီးက်ဴး စကား ဆိုလိုက္ပါတယ္။ ခ်ယ္ဆီးနည္းျပ လမ္းပတ္က ဒီရာသီ အသင္းတိုက္စစ္မွာ ေအဗရာဟမ္နဲ႕ ဘတ္ရွဴ၀ါရီကို ဂ်ီရူးထက္ ဦးစားေပး ကစားခြင့္ ေပးထားပါတယ္။ ဂ်ီရူးဟာ ဘန္ေလကို နုိင္တဲ့ ေအာက္တိုဘာလကုန္က ပြဲေနာက္ပိုင္း ပါ၀င္ကစားခြင့္ မရေသးပါဘူး။

ခ်ယ္ဆီးအသင္း အ၀တ္လဲခန္းထဲမွာေတာ့ ဂ်ီရူးက လႊမ္းမိုးနိုင္စြမ္းရွီတဲ့ စီနီယာ ကစားသမား ျဖစ္ဆဲလို႔ ဇူးမားက ေဖာ္ထုတ္လိုက္ျပီး ၄င္းရဲ႕ အၾကံေပးမႈေတြက လူငယ္ကစားသမားေတြ အတြက္ အဖိုးတန္တယ္လို႔ သိရပါတယ္။

” ဂ်ီရူးလည္း စိတ္ပ်က္ေဒါသထြက္တာေပါ့ သူလည္း ပို က စားခ်င္တယ္။ တျခား ေဘာလံုးသမားေတြလိုပဲ ကြင္းထဲမွာ ရွိခ်င္ ပါ၀င္ကစားခ်င္တယ္။ ဒါေပမယ့္ သူက အားလံုးကို ေအးေအးေဆးေဆး တည္ျငိမ္စြာ ရင္ဆိုင္ေနတယ္။ သူက ပေရာ္ဖက္ရွင္နယ္ ဆန္တဲ့ ကစားသမားပါ။ ထရိန္နင္မွာလည္း ၾကိဳးၾကိဳးစားစား အလုပ္လုပ္တယ္။ ဒီလို ကစားသမားမ်ိဳး ျဖစ္လို႔ က်ေနာ္ သူ႔ကို ေလးစားမႈ အမ်ားၾကီး ထားတယ္။ ”

” အ၀တ္လဲခန္းထဲမွာ ဆိုရင္ သူက တမ္မီ (ေအဗရာဟမ္) နဲ႕ မီခ််ီ (ဘတ္ရွဴ၀ါရီ) တို႔ကို အၾကံေပးတဲ့သူလည္း ျဖစ္တယ္။ သူက အသင္းကို အေကာငး္ဆံုး ျဖစ္ေစခ်င္တာ ဒါကအေရးၾကီးတယ္။ သူက ဒီလို စိတ္ထားေကာင္းမြန္တဲ့ သူလည္း ျဖစ္တယ္။ ” လို႔ ဇူးမားက ဖြင့္ဟခဲ့ပါတယ္။

ျပင္သစ္သား တိုက္စစ္မွဴးၾကီး ဂ်ီရူးဟာ ဇန္န၀ါရီျပီးရင္ အသင္းမွာ ဆက္ရွိေနမလား မေသခ်ာေသးပါဘူး။ ရာသီကုန္ရင္ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္တဲ့ ဂ်ီရူးက ပြဲကစားခ်ိန္ေတြ အတြက္ အသင္းတာ၀န္ရွိသူေတြနဲ႕ ေဆြးေႏြးဦးမွာလို႔ သိရျပီး အဆင္မေျပရင္ေတာ့ လာမယ့္ ဇန္န၀ါရီမွာ ထြက္ခြာသြားဖြယ္ ရွိပါတယ္။