ချယ်ဆီးမန်နေဂျာလမ်းပတ်က ဂိုးသမားကီပါရဲ့ အနေအထား ပိုတိုးတက်လာစေဖို့ ကလပ်အသင်းထံ နည်းပြအဖွဲ့ဝင်သစ်တစ်ဦး ခေါ်ယူလိုပြီး အသင်းဟောင်း ဒါဘီမှာ လက်တွဲခဲ့တဲ့ ဂိုးသမား ဂစ်ဗမ်းကို ထည့်သွင်းမှု ထပ်လုပ်မယ်လို့ သိရပါတယ်။

ဂစ်ဗမ်းဟာ ဒါဘီအသင်းမှာ မိုရစ်၊ ခရစ်ဂျုန်းလိုပဲ လမ်းပတ်နဲ့အတူ တွဲပြီး အလုပ်လုပ်ခဲ့ကာ ဂိုးနည်းပြတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစစ်တယ်။ ကလပ်အသင်းရဲ့ အုပ်ချုပ်မှုဆိုင်ရာ အပြောင်းအလဲ အနည်းငယ်ကို စတမ်းဖိုဒ့်ဘရစ်က ဘုတ်အဖွဲ့ထံက သဘောတူညီမှု ရယူပြီး ထည့်သွင်းမှု ပြုလုပ်မှာဖြစ်တယ်။

လောလောဆယ်မှာ ဂစ်ဗမ်းဟာ ဒါဘီမန်နေဂျာသစ် Philipp Cocu လက်အောက်မှာ အလုပ်လုပ်နေဆဲပါ။ ဒါပေမယ့်လည်း အသက် ၄၃ နှစ်အရွယ် အိုင်ရင်သားကို ကီပါအတွက် အထောက်အကူဖြစ်ဖို့ ချယ်ဆီးထံ ခေါ်ယူနိုင်မယ်လို့ လမ်းပတ်က ယုံကြည်နေပါတယ်။

ချယ်ဆီးဟာ အသက် ၂၅ နှစ်အရွယ် စပိန်ဂိုးသမား ကီပါကို မနှစ်တုန်းက ဘီဘာအိုကနေ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေး ပေါင် ၇၁.၆ သန်းပေးပြီး ခေါ်ယူခဲ့တာပါ။ ကီပါဟာ အလားအလာကောင်းတဲ့ ဂိုးသမားဖြစ်ပေမယ့် ဂိုးပေါက် ကာကွယ်မှုမှာ လိုအပ်ချက်တွေ ရှိနေပြီး သွင်းဂိုးတွေ အမြဲပြန်ပေးရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရသူဖြစ်တယ်။

စပိန်လက်ရွေးစင်မှာ ဒီဂီယာကို ကျော်လွန်ပြီး နေရာရလာပေမယ့် ကလပ်အသင်း လက်စွမ်းအရ တည်ကန်ဘောတွေမှာ လိုအပ်ချက်များတယ်လို့ သုံးသပ်ခံထားရတယ်။ လမ်းပတ်ကတော့ ရာသီစကောင်းနေမှုကို အားသွန်းလိုပြီး ဒီအနေအထားမှာ အားနည်းချက်လိုဖြစ်နေတဲ့ ကီပါရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ပိုကောင်းလာဖို့ နည်းပြသစ်ကို ထည့်သွင်းလိုခြင်း ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ဂိုးသမားကီပါရဲ႕ အေနအထား ပိုတိုးတက္လာေစဖို႔ ကလပ္အသင္းထံ နည္းျပအဖြဲ႔ဝင္သစ္တစ္ဦး ေခၚယူလိုျပီး အသင္းေဟာင္း ဒါဘီမွာ လက္တြဲခဲ့တဲ့ ဂိုးသမား ဂစ္ဗမ္းကို ထည့္သြင္းမႈ ထပ္လုပ္မယ္လို႔ သိရပါတယ္။

ဂစ္ဗမ္းဟာ ဒါဘီအသင္းမွာ မိုရစ္၊ ခရစ္ဂ်ဳန္းလိုပဲ လမ္းပတ္နဲ႔အတူ တြဲျပီး အလုပ္လုပ္ခဲ့ကာ ဂိုးနည္းျပတာဝန္ကို ထမ္းေဆာင္ခဲ့သူျဖစစ္တယ္။ ကလပ္အသင္းရဲ႕ အုပ္ခ်ဳပ္မႈဆိုင္ရာ အေျပာင္းအလဲ အနည္းငယ္ကို စတမ္းဖိုဒ့္ဘရစ္က ဘုတ္အဖြဲ႔ထံက သေဘာတူညီမႈ ရယူျပီး ထည့္သြင္းမႈ ျပဳလုပ္မွာျဖစ္တယ္။

ေလာေလာဆယ္မွာ ဂစ္ဗမ္းဟာ ဒါဘီမန္ေနဂ်ာသစ္ Philipp Cocu လက္ေအာက္မွာ အလုပ္လုပ္ေနဆဲပါ။ ဒါေပမယ့္လည္း အသက္ ၄၃ ႏွစ္အရြယ္ အိုင္ရင္သားကို ကီပါအတြက္ အေထာက္အကူျဖစ္ဖို႔ ခ်ယ္ဆီးထံ ေခၚယူႏုိင္မယ္လို႔ လမ္းပတ္က ယံုၾကည္ေနပါတယ္။

ခ်ယ္ဆီးဟာ အသက္ ၂၅ ႏွစ္အရြယ္ စပိန္ဂိုးသမား ကီပါကို မႏွစ္တုန္းက ဘီဘာအိုကေန ဂိုးသမားတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ေၾကး ေပါင္ ၇၁.၆ သန္းေပးျပီး ေခၚယူခဲ့တာပါ။ ကီပါဟာ အလားအလာေကာင္းတဲ့ ဂိုးသမားျဖစ္ေပမယ့္ ဂိုးေပါက္ ကာကြယ္မႈမွာ လိုအပ္ခ်က္ေတြ ရွိေနျပီး သြင္းဂိုးေတြ အျမဲျပန္ေပးရတဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနရသူျဖစ္တယ္။

စပိန္လက္ေရြးစင္မွာ ဒီဂီယာကို ေက်ာ္လြန္ျပီး ေနရာရလာေပမယ့္ ကလပ္အသင္း လက္စြမ္းအရ တည္ကန္ေဘာေတြမွာ လိုအပ္ခ်က္မ်ားတယ္လို႔ သံုးသပ္ခံထားရတယ္။ လမ္းပတ္ကေတာ့ ရာသီစေကာင္းေနမႈကို အားသြန္းလိုျပီး ဒီအေနအထားမွာ အားနည္းခ်က္လိုျဖစ္ေနတဲ့ ကီပါရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ကို ပိုေကာင္းလာဖို႔ နည္းျပသစ္ကို ထည့္သြင္းလိုျခင္း ျဖစ္ပါတယ္။