ပရီးမီးယားလိဂ် ကစားသမားဟောင်း Shaka Hislop က ESPN အစီအစဉ်က ပြုလုပ်တဲ့ ဒီရာသီ အံ့အားသင့်ဖွယ်ကောင်းစွာ အတိုးတက်ဆုံး ကစားသမားများစာရင်းရဲ့ ထိပ်ဆုံးမှာတော့ အေဘရာဟမ်နဲ့ မေဆန်မောင့်တို့ကို ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

မန်နေဂျာလမ်းပတ်လက်ထက် သူတို့နှစ်ဦးဟာ တောက်ပတဲ့ ကစားသမားတွေဖြစ်လာခဲ့ပြီး ဝါရင့်တိုက်စစ်သမား ဗာဒီကပဲ အေဘရာဟမ်ရဲ့ ၁၀ ဂိုးထက် ဂိုးပိုသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်တာဖြစ်တယ်။ မေဆန်မောင့်ကလည်း အမှတ်ပေးပွဲ ၁၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၄ ဂိုးထိ ရရှိထားပြီဖြစ်ပါတယ်။

ဒီရာသီ အံ့အားသင့်ဖွယ်ကောင်းအောင် အတိုးတက်ဆုံး ကစားသမားများအကြောင်း ပြောရာမှာ Hislop က “ နားထောက်ဗျ။ အေဘရာဟမ်က ပွဲထွက်ခွင့်ရပေမယ့် သူဒီလောက်ထိ မိနစ်တွေ ကစားရမယ်လို့ မထင်ဘူး။ ကျနော်က လမ်းပတ်က ဂျရူးကို စမ်းသပ်ဖို့ သူ့ကို အခွင့်အရေး ပေးတယ်လို့ပဲ ထင်ခဲ့တယ်။ အခုတော့ အေဘရာဟမ်က အံ့အားသင့်စရာ အဆင့်တင် မဟုတ်ပါဘူး။ ဒီရာသီမှာ စောင့်ကြည့်ဖို့ကောင်းတဲ့ ကစားသမားတောင် ဖြစ်လာခဲ့တယ်။ ” လို့ဆိုတယ်။

Hislop ကပဲ အင်္ဂလန်လူငယ်လေး မောင့်အပေါ်မှာ လမ်းပတ်ရဲ့ ယုံကြည်မှုက အတော်လေး ကောင်းတယ်လို့ သုံးသပ်ပါတယ်။ အတွေ့အကြုံမရှိတဲ့ ကစားသမားလေးအဖြစ် ရာသီစက မယုံကြည်မှုတွေ ရှိခဲ့ကြပေမယ့်လည်း ပွဲထွက်ခွင့်ရချိန်မှာ စွမ်းဆောင်ပြမှုတွေနဲ့ မောင့်ဟာ အားလုံးရဲ့ မယုံကြည်ခြင်းတွေကနေ ဖော်ထွက်ခဲ့တယ်လို့လည်း သူက ယုံကြည်တယ်။

“ မောင့်ဟာ လမ်းပတ် အကြိုက် ကစားသမားဆိုတာ ကျနော် သိပါတယ်။ သူက ချယ်ဆီးကို မန်နေဂျာအဖြစ် ရောက်လာတော့ ကလပ်အသင်းကို မောင့်ကို အခြေခံပြီး တည်ဆောက်ဖို့ထိကို ကြိုးစားခဲ့တာလေ ” လို့ Hislop က ပြောဆိုခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္း Shaka Hislop က ESPN အစီအစဥ္က ျပဳလုပ္တဲ့ ဒီရာသီ အံ့အားသင့္ဖြယ္ေကာင္းစြာ အတိုးတက္ဆံုး ကစားသမားမ်ားစာရင္းရဲ႕ ထိပ္ဆံုးမွာေတာ့ ေအဘရာဟမ္နဲ႔ ေမဆန္ေမာင့္တို႔ကို ထည့္သြင္း ေဆြးေႏြးသြားခဲ့ပါတယ္။

မန္ေနဂ်ာလမ္းပတ္လက္ထက္ သူတို႔ႏွစ္ဦးဟာ ေတာက္ပတဲ့ ကစားသမားေတြျဖစ္လာခဲ့ျပီး ဝါရင့္တိုက္စစ္သမား ဗာဒီကပဲ ေအဘရာဟမ္ရဲ႕ ၁၀ ဂိုးထက္ ဂိုးပိုသြင္းႏုိင္သူအျဖစ္ မွတ္တမ္းဝင္တာျဖစ္တယ္။ ေမဆန္ေမာင့္ကလည္း အမွတ္ေပးပြဲ ၁၂ ပြဲ ကစားျပီးခ်ိန္မွာ သြင္းဂိုး ၄ ဂိုးထိ ရရွိထားျပီျဖစ္ပါတယ္။

ဒီရာသီ အံ့အားသင့္ဖြယ္ေကာင္းေအာင္ အတိုးတက္ဆံုး ကစားသမားမ်ားအေၾကာင္း ေျပာရာမွာ Hislop က “ နားေထာက္ဗ်။ ေအဘရာဟမ္က ပြဲထြက္ခြင့္ရေပမယ့္ သူဒီေလာက္ထိ မိနစ္ေတြ ကစားရမယ္လို႔ မထင္ဘူး။ က်ေနာ္က လမ္းပတ္က ဂ်ရူးကို စမ္းသပ္ဖို႔ သူ႔ကို အခြင့္အေရး ေပးတယ္လို႔ပဲ ထင္ခဲ့တယ္။ အခုေတာ့ ေအဘရာဟမ္က အံ့အားသင့္စရာ အဆင့္တင္ မဟုတ္ပါဘူး။ ဒီရာသီမွာ ေစာင့္ၾကည့္ဖို႔ေကာင္းတဲ့ ကစားသမားေတာင္ ျဖစ္လာခဲ့တယ္။ ” လို႔ဆိုတယ္။

Hislop ကပဲ အဂၤလန္လူငယ္ေလး ေမာင့္အေပၚမွာ လမ္းပတ္ရဲ႕ ယံုၾကည္မႈက အေတာ္ေလး ေကာင္းတယ္လို႔ သံုးသပ္ပါတယ္။ အေတြ႔အၾကံဳမရွိတဲ့ ကစားသမားေလးအျဖစ္ ရာသီစက မယံုၾကည္မႈေတြ ရွိခဲ့ၾကေပမယ့္လည္း ပြဲထြက္ခြင့္ရခ်ိန္မွာ စြမ္းေဆာင္ျပမႈေတြနဲ႔ ေမာင့္ဟာ အားလံုးရဲ႕ မယံုၾကည္ျခင္းေတြကေန ေဖာ္ထြက္ခဲ့တယ္လို႔လည္း သူက ယံုၾကည္တယ္။

“ ေမာင့္ဟာ လမ္းပတ္ အၾကိဳက္ ကစားသမားဆိုတာ က်ေနာ္ သိပါတယ္။ သူက ခ်ယ္ဆီးကို မန္ေနဂ်ာအျဖစ္ ေရာက္လာေတာ့ ကလပ္အသင္းကို ေမာင့္ကို အေျခခံျပီး တည္ေဆာက္ဖို႔ထိကို ၾကိဳးစားခဲ့တာေလ ” လို႔ Hislop က ေျပာဆိုခဲ့ပါတယ္။