နိုင်ငံတကာသီတင်းပတ်တွေကြောင့် တစ်ပတ်ခွဲကြာလောက် ကလပ်ပွဲတွေ ကစားရဖို့ မရှိတာကြောင့် ပြိုင်ပွဲတွေအပေါ် ပရိသတ်တွေရဲ့ သွေးဆူူမှုက အနည်းငယ် ငြိမ်သက်နေတာ ဖြစ်နိုင်ပါတယ်။

အမှတ်ပေးဇယားကို ရမှတ်အများအပြား ဖြတ်ထားနိုင်ပြီး ဆုဖလားတိုင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတဲ့ လီဗာပူးအနေနဲ့ နိုင်ငံတကာသီတင်းပတ်အပြီးမှာ အာရုံစိုက်ရမယ့် ကိစ္စကြီးတွေလည်း ရှိနေတယ်။ အဲ့သည်အထဲက ယာဂင်ကလော့ပ် အဓိက စဉ်းစားပေးဖို့လိုပြီး စဉ်းစားနေမယ့် ကိစ္စကြီး သုံးခုကို ဖော်ပြမှာဖြစ်ပါတယ်။

အဓိက ကစားသမားနှစ်ဦးရဲ့ ဒဏ်ရာ

ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ တိုက်စစ်မှူး ဆာလက်တို့ဟာ မန်စီးတီးပွဲနောက်ပိုင်းမှာ ခြေကျင်းဝတ်ဒဏ်ရာတွေကြောင့် လက်ရွေးစင်လူစာရင်းတွေကနေ အနားယူခဲ့ကြပါတယ်။ ရော်ဘတ်ဆန် ဒဏ်ရာက စဖြစ်နေတာ နှစ်ပတ်ကျော်ပြီလို့ သိရပြီး ဆာလက်ကလည်း လက်စတာနဲ့ပွဲ နောက်ပိုင်းကတည်းကဖြစ်ဖို့ တစ်လကျော်လာပါပြီ။ နိုင်ငံတကာပွဲအပြီး ရော်ဘတ်ဆန် ပြန်ကစားနိုင်ဖို့ မျှော်လင့်နိုင်ပေမယ့် ဆာလက်ကတော့ ပြန်ကစားမယ့်ရက်စွဲကို သိရဖို့ မသေချာသေးပါဘူး။ အဓိက ကစားသမား နှစ်ဦးနေရာ ဘယ်လို အစားထိုးမယ်ဆိုတာက ယာဂင်ကလော့ပ်အတွက် ခေါင်းကိုက်စရာပါ။

ပွဲကြပ်တွေမှာ အလှည့်ကျစနစ်

ဒီဇင်ဘာမှာ လီဗာပူးက ကလပ်များကမ္ဘာဖလား ကစားရဖို့ ရှိနေသလို ဇန်နဝါရီလထဲမှာ ကာရာဘောင်းနဲ့ အက်ဖ်အေ ပြိုင်ပွဲတွေပါ ထပ်မံ ပါဝင်လာဖို့ ရှိနေပါတယ်။ လီဗာပူးက ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်ရောက်ဖို့ ဆဲလ်ဘတ်နဲ့ပွဲ ရလဒ်ကောင်းဖို့ လိုအပ်ပါသေးတယ်။ ပြည်တွင်းဖလားပွဲတွေကို လူငယ်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖွယ်ရှိပေမယ့် အလှည့်ကျစနစ်က အမှတ်ပေးပွဲနဲ့ ချန်ပီယံလိဂ်ပွဲတွေထိပါ လုပ်ဆောင်ဖို့ လိုနေပြီး မတည်ငြိမ်တဲ့ လူစာရင်းက တည်ငြိမ်တဲ့ ရလဒ်ရယူနိုင်စွမ်း ဆက်ရှိနေဖို့ စီစဉ်ရတော့မှာပါ။

ဇန်နဝါရီ အပြောင်းအရွှေ့

ယာဂင်ကလော့ပ်ဟာ လီဗာပူးနည်းပြဘဝမှာ ဇန်နဝါရီဈေးကွက်အတွင်း အဓိက ခေါ်ယူမှုဆိုလို့ ဗန်ဒိုက်တစ်ဦးကိုပဲ ၂၀၁၈ ခုနှစ်က ခေါ်ယူဖူးပါတယ်။ လက်ရှိ လီဗာပူး အနေအထားအရ ကစားသမားကောင်းတွေကို သွေးဆောင်ဖို့ မခက်ပေမယ့် ရာသီဝက်မှာ ကစားသမားကောင်းရဖို့က ခက်ခဲလှပါတယ်။ နွေတုန်းကလည်း ကစားသမားအင်အားဖြည့်မှု မလုပ်ခဲ့တာကြောင့် ဒီတစ်ကြိမ်ဟာ ခက်ခဲတဲ့ ရာသီကြမ်းတစ်ခုမှာ လူစာရင်းကို ဖြည့်တင်းဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်ပါတ်။

ZAWGYI

ႏုိင္ငံတကာသီတင္းပတ္ေတြေၾကာင့္ တစ္ပတ္ခြဲၾကာေလာက္ ကလပ္ပြဲေတြ ကစားရဖို႔ မရွိတာေၾကာင့္ ျပိဳင္ပြဲေတြအေပၚ ပရိသတ္ေတြရဲ႕ ေသြးဆူူမႈက အနည္းငယ္ ျငိမ္သက္ေနတာ ျဖစ္ႏုိင္ပါတယ္။

အမွတ္ေပးဇယားကို ရမွတ္အမ်ားအျပား ျဖတ္ထားႏုိင္ျပီး ဆုဖလားတိုင္းမွာ ပါဝင္ယွဥ္ျပိဳင္ႏုိင္စြမ္း ရွိေနတဲ့ လီဗာပူးအေနနဲ႔ ႏုိင္ငံတကာသီတင္းပတ္အျပီးမွာ အာရံုစိုက္ရမယ့္ ကိစၥၾကီးေတြလည္း ရွိေနတယ္။ အဲ့သည္အထဲက ယာဂင္ကေလာ့ပ္ အဓိက စဥ္းစားေပးဖို႔လိုျပီး စဥ္းစားေနမယ့္ ကိစၥၾကီး သံုးခုကို ေဖာ္ျပမွာျဖစ္ပါတယ္။

အဓိက ကစားသမားႏွစ္ဦးရဲ႕ ဒဏ္ရာ

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္နဲ႔ တိုက္စစ္မွဴး ဆာလက္တို႔ဟာ မန္စီးတီးပြဲေနာက္ပိုင္းမွာ ေျခက်င္းဝတ္ဒဏ္ရာေတြေၾကာင့္ လက္ေရြးစင္လူစာရင္းေတြကေန အနားယူခဲ့ၾကပါတယ္။ ေရာ္ဘတ္ဆန္ ဒဏ္ရာက စျဖစ္ေနတာ ႏွစ္ပတ္ေက်ာ္ျပီလို႔ သိရျပီး ဆာလက္ကလည္း လက္စတာနဲ႔ပြဲ ေနာက္ပိုင္းကတည္းကျဖစ္ဖို႔ တစ္လေက်ာ္လာပါျပီ။ ႏုိင္ငံတကာပြဲအျပီး ေရာ္ဘတ္ဆန္ ျပန္ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ႏုိင္ေပမယ့္ ဆာလက္ကေတာ့ ျပန္ကစားမယ့္ရက္စြဲကို သိရဖို႔ မေသခ်ာေသးပါဘူး။ အဓိက ကစားသမား နွစ္ဦးေနရာ ဘယ္လို အစားထိုးမယ္ဆိုတာက ယာဂင္ကေလာ့ပ္အတြက္ ေခါင္းကိုက္စရာပါ။

ပြဲၾကပ္ေတြမွာ အလွည့္က်စနစ္

ဒီဇင္ဘာမွာ လီဗာပူးက ကလပ္မ်ားကမၻာဖလား ကစားရဖို႔ ရွိေနသလို ဇန္နဝါရီလထဲမွာ ကာရာေဘာင္းနဲ႔ အက္ဖ္ေအ ျပိဳင္ပြဲေတြပါ ထပ္မံ ပါဝင္လာဖို႔ ရွိေနပါတယ္။ လီဗာပူးက ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ ဆဲလ္ဘတ္နဲ႔ပြဲ ရလဒ္ေကာင္းဖို႔ လိုအပ္ပါေသးတယ္။ ျပည္တြင္းဖလားပြဲေတြကို လူငယ္ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္ဖြယ္ရွိေပမယ့္ အလွည့္က်စနစ္က အမွတ္ေပးပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲေတြထိပါ လုပ္ေဆာင္ဖို႔ လိုေနျပီး မတည္ျငိမ္တဲ့ လူစာရင္းက တည္ျငိမ္တဲ့ ရလဒ္ရယူႏုိင္စြမ္း ဆက္ရွိေနဖို႔ စီစဥ္ရေတာ့မွာပါ။

ဇန္နဝါရီ အေျပာင္းအေရႊ႔

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးနည္းျပဘဝမွာ ဇန္နဝါရီေစ်းကြက္အတြင္း အဓိက ေခၚယူမႈဆိုလို႔ ဗန္ဒိုက္တစ္ဦးကိုပဲ ၂၀၁၈ ခုႏွစ္က ေခၚယူဖူးပါတယ္။ လက္ရွိ လီဗာပူး အေနအထားအရ ကစားသမားေကာင္းေတြကို ေသြးေဆာင္ဖို႔ မခက္ေပမယ့္ ရာသီဝက္မွာ ကစားသမားေကာင္းရဖို႔က ခက္ခဲလွပါတယ္။ ေႏြတုန္းကလည္း ကစားသမားအင္အားျဖည့္မႈ မလုပ္ခဲ့တာေၾကာင့္ ဒီတစ္ၾကိမ္ဟာ ခက္ခဲတဲ့ ရာသီၾကမ္းတစ္ခုမွာ လူစာရင္းကို ျဖည့္တင္းဖို႔ ေနာက္ဆံုး အခြင့္အေရး ျဖစ္ပါတ္။