လက်စတာနဲ့ ပွဲမှာ အာဆင်နယ်အသင်းအတွက် အူဘာမီယန် ပါဝင်ကစားနိုင်ဖို့ သံသယရှိဖွယ် အနေအထားဖြစ်ပြီး ဆွာရက်စ်နဲ့ ရမ်ဆေးတို့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်း တစ်သင်းဖြစ်သည်ထိပါ ကြိုးစားသွားဖို့ ရည်မှန်းချက်ကြီး ရှိကြောင်း နည်းပြ အမ်မရီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသင်းက ထွက်ခွာမယ့် ရမ်ဆေးနေရာ အစားထိုးဖို့ အတွက် အာဆင်နယ်အသင်း ကင်းထောက်အဖွဲ့ဟာ ဘာရယ်လာ၊ Nkunku အစရှိတဲ့ ကစားသမားများကို စောင့်ကြည့်မှုတွေ ရှိထားသော်လည်း အမ်မရီကတော့ ထိုနေရာအတွက် အကယ်ဒမီက တက်လာတဲ့ ကစားသမားအချို့ကိုလည်း ပျိုးထောင် နေရာပေးနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

” အကယ်ဒမီ အသင်း မှာ စွမ်းဆောင်ရည် ကောင်းတွေ ပြသထားပြီး အလားအလာ ရှိတဲ့ ကစားသမားလေးတွေကို တွေ့ထားပါတယ်။ ရမ်ဆေး နေရာကို တခြား အသင်းက ကစားသမား တစ်ဦး နဲ့ အစားထိုးနိုင်ချေ ရှိသလို အသင်းက ငယ်မွေးခြံပေါက် ကစားသမားနဲ့လည်း အစားထိုးသွားဖို့ ရှိတယ်။ ” လို့ အမ်မရီက ဆိုခဲ့တာပါ။

လက်ရှိ ရာသီကုန်ရင် အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ဘောလုံးကစားခြင်းမှ အနားယူတော့မယ့် ဂိုးသမားကြီး ပီတာချက်ကို ချယ်ဆီး အသင်းက စတန်းဖို့ဘရစ်ခ်ျထံ ပြန်လာပူးပေါင်းစေဖို့ ရာထူးတစ်ခု ကမ်းလှမ်းသွားရန် စီစဉ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့ ဒန်နီဝဲလ်ဘတ်ကို သက်တမ်းတိုး စာချုပ် ကမ်းလှမ်းရန် စဉ်းစားနေပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ် အစောပိုင်းကပဲ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပြီး ကုသမှု ခံယူနေခဲ့ရတာပါ။

အာဆင်နယ်၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ရီးရဲလ် နောက်ဆုတ်သွားတဲ့ ပီအက်စ်ဂျီမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမား ရာဘီရော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ပစ်မှတ်ထားနေတဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်လေကတော့ နောက်ဘောလုံးရာသီမှာလည်း မန်ချက်စတာမှာပဲ ဆက်နေသွားဖို့ အလိုရှိနေပါတယ်။

လက်စတာနဲ့ ပွဲမှာတော့ အာဆင်နယ်အသင်းဟာ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတွေ ပြန်ရဖို့ လိုအပ်ကြောင်း အမ်မရီက ၀န်ခံလိုက်ပါတယ်။ လက်စတာနဲ့ ပွဲ မတိုင်ခင်မှာ အာဆင်နယ်က ၀ုဗ်၊ ပဲလေ့စ်တို့ကို ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။