အာဆင်နယ်ကို ယာယီမန်နေဂျာအဖြစ် ယွန်းဘတ် တာဝန်ယူနေပြီဖြစ်ပြီး သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ နည်းပြအဖွဲ့က ဖြေရှင်းရမယ့် အဓိကအချက် ၅ချက်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

စိတ်ဓာတ်မြှင့်တင်ရေး

မကြာသေးမီက ကာလတွေအတွင်း ပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာ ပျော်ရွှင်မှုတွေ ကုန်ခမ်းသွားခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းကို ပိုပြီးပျော်စရာကောင်းတဲ့ နေရာဖြစ်စေဖို့၊ အမ်းမရိတ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့ အပြုံးတွေ မြင်တွေ့ရဖို့က ယွန်းဘတ်ရဲ့ ပထမဆုံး ရည်မှန်းချက် ဖြစ်ပါလိမ့်မယ်။

ကွင်းလယ်ကိုပြင်ဆင်မယ်

အမ်မရီဟာ အာဆင်နယ်ရဲ့ ဟန်ချက်မညီမှုကို ညည်းညူနေခဲ့ရတာဖြစ်ပေမယ့် ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့ စိတ်ပျက်ဖွယ်ကောင်းအောင် ယိုဆင်းနေတဲ့ ခံစစ်ပြဿနာတွေဟာ ပုံစံမကျတဲ့ ကွင်းလယ်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ပီပီအစစ်ကိုရှာဖွေဖို့

အာဆင်နယ်ရဲ့ ပြောင်းရွှေ့ကြေး စံချိန်ရှင် တိုက်စစ်သမား နီကိုးလပ် ပီပီဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်ကစားသမား ဖြစ်ပေမယ့် အာဆင်နယ်မှာ ယုံကြည်မှု ကင်းမဲ့နေခဲ့တာပါ။ သူ့အနေနဲ့ ပုံစံကောင်းတွေ ပြန်ရလာရင် အာဆင်နယ် တိုက်စစ်ကို ပြောင်းလဲနိုင်ပါလိမ့်မယ်။

ခံစစ်တည်ငြိမ်မှု

ခံစစ်သုံးယောက်လား၊ လေးယောက်လား။ အမ်မရီလက်ထက်က တိတိကျကျ မရှိခဲ့ပါဘူး။ အာဆင်နယ် ခံစစ်အနေနဲ့ ပုံစံနဲ့လူ အတည်တကျရှိရင် သေချာပေါက် အကျိုးခံစားရပါလိမ့်မယ်။

အိုဇေးအတွက် ဆုံးဖြတ်ချက်

ယွန်းဘတ်ဟာ အမ်မရီလက်ထက်က စိတ်မချရတဲ့ အိုဇေးပေါ် မူတည်ပြီး သူ့အသင်းကို တည်ဆောက်ရဲလား။ ဒါဟာ အမ်မရီ ဘယ်တုန်းကမှ မလုပ်ချင်ခဲ့တဲ့ စွန့်စားမှုတစ်ခုပါ။ ဒါပေမယ့် အိုဇေးဟာ အကောင်းဆုံး အချိန်မှာရှိနေရင် ပွဲကိုပြောင်းလဲနိုင်တဲ့သူ ဖြစ်နေဆဲပါ။

ZAWGYI








ခံစစ်တည်ငြိမ်မှု


