အေဗရာဟမ် မပါတဲ့ ချယ်ဆီးဟာ ရုန်းကန်ရမှုတွေရှိနေပြီး သူ့ဒဏ်ရာပြန်ကောင်းလာရင် ကြားရက်ပွဲအဖြစ် ဗုဒ္ဓဟူးနေ့ အက်စ်တွန်ဗီလာနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်ရပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ချယ်ဆီးတိုက်စစ်ဟာ ဘာမှမလုပ်နိုင်ခဲ့ပဲ အေဗရာဟမ်ရဲ့ ရုန်းကန်နိုင်မှုတွေ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဂျီရူးရဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ကစားပုံကြောင့် လမ်းပတ်က သူ့ကို နောက်လမှာ ရောင်းထုတ်ဖို့ ကြိုးစားနိုင်ပါတယ်။ ဗလန်စီယာနဲ့ သရေကျပြီးနောက် လမ်းပတ်က အပြောင်းအလဲ ငါးခုလုပ်ခဲ့ပေမယ့် ကစားပုံက ဖရိုဖရဲ ဖြစ်နေခဲ့ပါတယ်။ ပက်ဒရိုကလဲ ရုန်းကန်နေခဲ့ရပြီး ဘတ်ရှူဝါရီကို အရံခုံထိုင်ခိုင်းခဲ့တာတော့ အံ့ဩစရာကောင်းပါတယ်။

လမ်းပတ်က ” ဂျီရူးအတွက် ခက်ခဲတဲ့ပွဲဖြစ်ခ့တယ်။ သူက ဘောလုံးကို လုံလုံလောက်လောက် မရတာကြောင့် အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ သူ့အတွက် ခက်ခဲတဲ့ပွဲဖြစ်ပေပမယ့် အသင်းက သူတစ်ယောက်ထဲ စွမ်းဆောင်ရည် မကောင်းခဲ့တာ မဟုတ်ပါဘူး။ လွယ်ကူတဲ့ပွဲ မဟုတ်ခဲ့ပါဘူး။

ကျနေ်ာတို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတယ်။ ကျနေ်ာတို့ ရှိတဲ့ လူစာရင်းနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပါတယ်။ ကြံ့ခိုင်မှုဆိုင်ရာကို ထောက်ပြမှုတွေ မလုပ်လိုပါဘူး။ နောက်ကျ ဝင်ကစားမှုတွေမှာ ဘတ်ရှုဝါရီက စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တယ်။ ပွဲတွေမှာ ခြားနားတဲ့ သက်ရောက်မှုတွေရှိပေပမယ့် ဝက်ဟမ်းနဲ့ပွဲမှာတော့ သူ့က ဦးစားပေး မဖြစ်ခဲ့ပါဘူး။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ အေဘရာဟမ်ရဲ့ အခြေအနေကို ကြည့်ရမှာပါ။ သူ လေ့ကျင့်ရေးမှာ ပါလာဖို့လိုတယ်။ နောက်နှစ်ရက်အတွင်း လေ့ကျင့်ရေးမှာ ပါလာနိုင်မလား ကြည့်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဝက်ဟမ်းနဲ့ပွဲမှာ ဂျီရူး ရုန်းကန်ခဲ့ရမှုဟာ ပွဲကစားခွင့် နည်းပါးခြင်းကြောင့် ပြင်သစ်သား တိုက်စစ်မှူး ရုန်းကန်ခဲ့ရခြင်းလို့ ပြောဆိုခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာနဲ့ပွဲမှာ ဘတ်ရှုဝါရီကို သုံးဖို့ အာမခံချက်တော့ မပေးခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကြံ့ခိုင်မှုကနေ ပြန်သက်သာလာမယ်ဆိုရင် အေဗရာဟမ် ပြန်ပါလာဖို့ လမ်းပတ်အတွက် လိုအပ်နေပြီဖြစ်ပါတယ်။

ZAWGYI

ေအဗရာဟမ္ မပါတဲ့ ခ်ယ္ဆီးဟာ ရုန္းကန္ရမႈေတြရွိေနျပီး သူ႔ဒဏ္ရာျပန္ေကာင္းလာရင္ ၾကားရက္ပြဲအျဖစ္ ဗုဒၶဟူးေန႔ အက္စ္တြန္ဗီလာနဲ႔ ရင္ဆိုင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ဖို႔ ေမွ်ာ္လင့္ရ​ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ခ်ယ္ဆီးတိုက္စစ္ဟာ ဘာမွမလုပ္ႏိုင္ခဲ့ပဲ ေအဗရာဟမ္ရဲ႕ ႐ုန္းကန္ႏိုင္မႈေတြ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ဂ်ီ႐ူးရဲ႕ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတဲ့ ကစားပုံေၾကာင့္ လမ္းပတ္က သူ႔ကို ေနာက္လမွာ ေရာင္းထုတ္ဖို႔ ႀကိဳးစားႏိုင္ပါတယ္။ ဗလန္စီယာနဲ႔ သေရက်ၿပီးေနာက္ လမ္းပတ္က အေျပာင္းအလဲ ငါးခုလုပ္ခဲ့ေပမယ့္ ကစားပုံက ဖ႐ိုဖရဲ ျဖစ္ေနခဲ့ပါတယ္။ ပက္ဒ႐ိုကလဲ ႐ုန္းကန္ေနခဲ့ရၿပီး ဘတ္ရႉဝါရီကို အရံခုံထိုင္ခိုင္းခဲ့တာေတာ့ အံ့ဩစရာေကာင္းပါတယ္။

လမ္းပတ္က ” ဂ်ီရူးအတြက္ ခက္ခဲတဲ့ပြဲျဖစ္ခ့တယ္။ သူက ေဘာလံုးကို လံုလံုေလာက္ေလာက္ မရတာေၾကာင့္ အေကာင္းဆံုး မလုပ္နုိင္ခဲ့ဘူး။ သူ႔အတြက္ ခက္ခဲတဲ့ပြဲျဖစ္ေပပမယ့္ အသင္းက သူတစ္ေယာက္ထဲ စြမ္းေဆာင္ရည္ မေကာင္းခဲ့တာ မဟုတ္ပါဘူး။ လြယ္ကူတဲ့ပြဲ မဟုတ္ခဲ့ပါဘူး။

က်ေန္ာတုိ႔ ျပင္းျပင္းထန္ထန္ ေလ့က်င့္ထားတယ္။ က်ေန္ာတို႔ ရွိတဲ့ လူစာရင္းနဲ႔ ျပင္းျပင္းထန္ထန္ ေလ့က်င့္ထားပါတယ္။ ၾကံ႕ခိုင္မႈဆိုင္ရာကို ေထာက္ျပမႈေတြ မလုပ္လိုပါဘူး။ ေနာက္က် ဝင္ကစားမႈေတြမွာ ဘတ္ရႈဝါရီက စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားႏုိင္တယ္။ ပြဲေတြမွာ ျခားနားတဲ့ သက္ေရာက္မႈေတြရွိေပပမယ့္ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ သူ႔က ဦးစားေပး မျဖစ္ခဲ့ပါဘူး။

တနလၤာေန႔နဲ႔ အဂၤါေန႔ေတြမွာ ေအဘရာဟမ္ရဲ႕ အေျခအေနကို ၾကည့္ရမွာပါ။ သူ ေလ့က်င့္ေရးမွာ ပါလာဖို႔လိုတယ္။ ေနာက္ႏွစ္ရက္အတြင္း ေလ့က်င့္ေရးမွာ ပါလာနုိင္မလား ၾကည့္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဝက္ဟမ္းနဲ႔ပြဲမွာ ဂ်ီရူး ရုန္းကန္ခဲ့ရမႈဟာ ပြဲကစားခြင့္ နည္းပါးျခင္းေၾကာင့္ ျပင္သစ္သား တိုက္စစ္မွဴး ရုန္းကန္ခဲ့ရျခင္းလို႔ ေျပာဆိုခဲ့တာျဖစ္ျပီး အက္စတြန္ဗီလာနဲ႔ပြဲမွာ ဘတ္ရႈဝါရီကို သံုးဖို႔ အာမခံခ်က္ေတာ့ မေပးခဲ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ ၾကံ႕ခိုင္မႈကေန ျပန္သက္သာလာမယ္ဆိုရင္ ေအဗရာဟမ္ ျပန္ပါလာဖို႔ လမ္းပတ္အတြက္ လိုအပ္ေနၿပီျဖစ္ပါတယ္။