ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ မှာတော့ ယူနိုက်တက်ဟာ လန်ဒန်ကလပ် စပါးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၂ လက ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း မော်ရင်ညိုရဲ့ ပထမဆုံးသော အိုထရတ်ဖိုဒ့်ပွဲစဉ် ဖြစ်လာပါတယ်။

ဒီပွဲနဲ့ ပက်သက်ပြီး လော်ရိုးက ” ရာထူးက ထုတ်ပယ်ခံရပြီး ၁၂ လ အကြာမှာတော့ အိုထရတ်ဖိုဒ့်ကို စပါးမန်နေဂျာအဖြစ် မော်ရင်ညို ပြန်လာမှာပါ။ ဒါက တကယ်ကို စိတ်ဝင်စားစရာပါပဲ။ ယူနိုက်တက် ပရိသတ်တွေထံက ကြိုဆိုမှုကို သူရမှာပါ။ အိုထရတ်ဖိုဒ့်ကို သွားမယ့်ပွဲမှာ သူဘယ်လို လူစာရင်းကို ရွေးမလဲ စိတ်ဝင်စားမိပါတယ်။ အဲ့သည်ကိုသွားပြီး အနိုင်ယူမယ်လို့ သူတွေးမလား၊ မရံှူးအောင်ကန်မယ်လို့ သူတွေးမလားပေါ့။

မော်င်ညိုအတွက်ကတော့ ယူနိုက်တက်က အသင်းဟောင်းဖြစ်ပြီး စပါးအတွက် နိုင်ပွဲ ရယူလိုပါလိမ့်မယ်။ ကာလတို အနေအထားမှာ စပါးကို နည်းစနစ်ပိုင်း အရမ်းကြီး ပြောင်းသွားအောင်တော့ သူ မစီမံနိုင်ပါဘူး။ ဒါပေမယ့် မော်ရင်ညိုက မန်နေဂျာကောင်းပါ။ အလီကို ခြေစွမ်းပြန်ပြအောင် သူလုပ်ပြနိုင်ခဲ့ပါတယ်။ စပါးဘက်ကနေ ကျနော်ရှိတဲ့ နောက်ထပ်တစ်ချက်က ယူနိုက်တက်ရဲ့ ကစားပုံကြောင့်ပါပဲ။

ကွင်းလယ်လူ ပေါ့ဘာက ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်ကစားနိုင်ဖို့ နီးနေပါပြီ။ ဒါပေမယ့် သူက ယူနိုက်တက်ရဲ့ ကယ်တင်ရှင်အဖြစ် ပြန်လာမယ်တော့ မထင်ပါဘူး။ အရင်အပတ်တွေက ယူနိုက်တက် အနိုင်ရမယ်လို့ ကျနော် ခန့်မှန်းခဲ့တာတွေရှိပြီး အဲ့တာက သူတို့မှာ ကစားသမားကောင်းတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ ကစားနေတာက ကစားသမားတွေရဲ့ အရည်အချင်းတွေကို ဖော်ထုတ်နိုင်စွမ်း မရှိပဲ အဲ့တာက ဆိုးရှား ဖြေရှင်းရမယ့် အဓိက ပြဿနာပါပဲ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ယူနိုက်တက်နဲ့ စပါးပွဲကိုတော့ လော်ရိုးက မော်ရင်ညိုရဲ့ အသင်းကပဲ ၂-၀ နဲ့ ဂိုးပြတ် အနိုင်ယူလိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၅ မွာေတာ့ ယူႏုိက္တက္ဟာ လန္ဒန္ကလပ္ စပါးကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာျဖစ္ျပီး ဒါဟာ လြန္ခဲ့တဲ့ ၁၂ လက ရာထူးကေန ထုတ္ပယ္ခံရျပီးေနာက္ပိုင္း ေမာ္ရင္ညိဳရဲ႕ ပထမဆံုးေသာ အိုထရတ္ဖိုဒ့္ပြဲစဥ္ ျဖစ္လာပါတယ္။

ဒီပြဲနဲ႔ ပက္သက္ျပီး ေလာ္ရိုးက ” ရာထူးက ထုတ္ပယ္ခံရျပီး ၁၂ လ အၾကာမွာေတာ့ အိုထရတ္ဖိုဒ့္ကို စပါးမန္ေနဂ်ာအျဖစ္ ေမာ္ရင္ညိဳ ျပန္လာမွာပါ။ ဒါက တကယ္ကို စိတ္ဝင္စားစရာပါပဲ။ ယူႏုိက္တက္ ပရိသတ္ေတြထံက ၾကိဳဆိုမႈကို သူရမွာပါ။ အိုထရတ္ဖိုဒ့္ကို သြားမယ့္ပြဲမွာ သူဘယ္လို လူစာရင္းကို ေရြးမလဲ စိတ္ဝင္စားမိပါတယ္။ အဲ့သည္ကိုသြားျပီး အႏုိင္ယူမယ္လို႔ သူေတြးမလား၊ မရံွဴးေအာင္ကန္မယ္လို႔ သူေတြးမလားေပါ့။

ေမာ္င္ညိဳအတြက္ကေတာ့ ယူႏုိက္တက္က အသင္းေဟာင္းျဖစ္ျပီး စပါးအတြက္ ႏုိင္ပြဲ ရယူလိုပါလိမ့္မယ္။ ကာလတို အေနအထားမွာ စပါးကို နည္းစနစ္ပိုင္း အရမ္းၾကီး ေျပာင္းသြားေအာင္ေတာ့ သူ မစီမံႏုိင္ပါဘူး။ ဒါေပမယ့္ ေမာ္ရင္ညိဳက မန္ေနဂ်ာေကာင္းပါ။ အလီကို ေျခစြမ္းျပန္ျပေအာင္ သူလုပ္ျပႏုိင္ခဲ့ပါတယ္။ စပါးဘက္ကေန က်ေနာ္ရွိတဲ့ ေနာက္ထပ္တစ္ခ်က္က ယူႏုိက္တက္ရဲ႕ ကစားပံုေၾကာင့္ပါပဲ။

ကြင္းလယ္လူ ေပါ့ဘာက ေျခက်င္းဝတ္ ဒဏ္ရာကေန ျပန္ကစားႏုိင္ဖို႔ နီးေနပါျပီ။ ဒါေပမယ့္ သူက ယူႏုိက္တက္ရဲ႕ ကယ္တင္ရွင္အျဖစ္ ျပန္လာမယ္ေတာ့ မထင္ပါဘူး။ အရင္အပတ္ေတြက ယူႏုိက္တက္ အႏုိင္ရမယ္လို႔ က်ေနာ္ ခန္႔မွန္းခဲ့တာေတြရွိျပီး အဲ့တာက သူတို႔မွာ ကစားသမားေကာင္းေတြ ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႔ ကစားေနတာက ကစားသမားေတြရဲ႕ အရည္အခ်င္းေတြကို ေဖာ္ထုတ္ႏုိင္စြမ္း မရွိပဲ အဲ့တာက ဆိုးရွား ေျဖရွင္းရမယ့္ အဓိက ျပႆနာပါပဲ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ယူႏုိက္တက္နဲ႔ စပါးပြဲကိုေတာ့ ေလာ္ရိုးက ေမာ္ရင္ညိဳရဲ႕ အသင္းကပဲ ၂-၀ နဲ႔ ဂိုးျပတ္ အႏုိင္ယူလိမ့္မယ္လို႔ ခန္႔မွန္းသြားပါတယ္။