အန်ဖီးမှာ ဘရိုက်တန် ရှုံးခဲ့ရတာအတွက် အကြောင်းပြချက်က လီဗာပူးဟာ ရပ်တန့်လို့ မရလို့ပါပဲ။ ဘရိုက်တန်ဟာ အိမ်ရှင်အသင်းကို ယှဉ်ဆော့ခဲ့ပေမယ့် မနှစ်က ရာသီအစကတည်းက တည်ကန်ဘောကနေ သွင်းဂိုးပေါင်း အကြိမ် ၄၀ ရယူထားနိုင်တဲ့ လီဗာပူးကို ရပ်တန့်ဖို့ အင်အားမရှိခဲ့ပါဘူး။

” ကွင်းထဲမှာ ၉၀% ကောင်းပေမယ့် တည်ကန်ဘောလို အပိုင်းတွေမှာ မကောင်းရင် အဲ့တာတွေက မင်းကို နာကျင်စေနိုင်တယ်။ တည်ကန်ဘောလို အနေအထားမှာတော့ အာနိုးနဲ့ ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးပေးပို့သူနဲ့ အကောင်းဆုံး အဆုံးသတ်သူ ကစားသမားတွေဖြစ်ပါတယ်” လို့ ပွဲအပြီးမှာ ဘရိုက်တန် နည်းပြက ပြောခဲ့ပါတယ်။

ဘရိုက်တန်က ပရီးမီးယားလိဂ်မှာ အရပ်အမြင့်ဆုံးသော နောက်တန်းကို ပိုင်ဆိုင်ထားပေမယ့် လီဗာပူးကို တည်ကန်ဘောကနေ သွင်းဂိုး နှစ်ဂိုး ပေးခဲ့ရတယ်။ ဒါဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကစပြီး တည်ကန်ဘောတွေကနေ သွင်းဂိုးပေါင်း ၄၀ ထိ ရယူထားတဲ့ လီဗာပူးရဲ့ တည်ကန်ဘောတွေကို လက်နက်တစ်ခုအဖြစ် အသုံးချနိုင်စွမ်းကို မြင်သာစေတဲ့ အချက်ပါပဲ။

ဘယ်ညာ အစွန်တွေက ထရန်နဲ့ ရော်ဘတ်ဆန်တို့ဟာ ဧရိယာထဲမှာ အသင်းဖော်တွေ ခေါင်းတိုက်နိုင်ဖို့ ဖြတ်တင်ဘောကောင်းတွေ ပေးနိုင်ကြသလို ပြိုင်ဘက်တွေ ထိန်းချုပ်ရခက်တဲ့ အနေအထားမျိုးနဲ့ တိုက်စစ်ဖွင့်မှုတွေမှာ ခါးဖြတ်ဘောတွေကိုလည်း ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တန်ကန်ဘောကို အဆုံးသတ်နိုင်စွမ်း အကောင်းဆုံး အသင်းအဖြစ် လီဗာပူးက ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်တယ်။

ဒီရာသီ အစောတုန်းက လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က “ တည်ကန်ဘောတွေကနေ ဂိုးသွင်းတာကို ကျနော် သဘောကျတယ်။ ပွဲမှာ တည်ကန်ဘောတွေ အများအပြားကို ရလေ့ရှိပြီး အဲ့တာကို အသုံးချနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ် ” လို့ ဆိုထားပါတယ်။

လီဗာပူးဟာ ရှေ့တန်တိုက်စစ်ကို သွင်းဂိုးတွေအတွက် အားကိုးရုံတင်မကပဲ ခံစစ်သမားတွေကိုပါ သွင်းဂိုး ရယူနိုင်စွမ်းတွေမှာ ပါဝင်ကူညီဖို့ ကြိုးစားထားနိုင်စွမ်းရှိပြီး ဒီလက်နက်ကောင်းဟာ အမှတ်ပေးဖလား သိမ်းပိုက်ဖို့မှာ အဓိကကျတဲ့ အားသာချက်လည်း ဖြစ်လာနေပါတယ်။

ZAWGYI

အန္ဖီးမွာ ဘ႐ိုက္တန္ ရႈံးခဲ့ရတာအတြက္ အ​ေၾကာင္းျပခ်က္က လီဗာပူးဟာ ရပ္တန္႔လို႔ မရလို႔ပါပဲ။ ဘ႐ိုက္တန္ဟာ အိမ္ရွင္အသင္းကို ယွဥ္ေဆာ့ခဲ့ေပမယ့္ မႏွစ္က ရာသီအစကတည္းက တည္ကန္ေဘာကေန သြင္းဂိုးေပါင္း အႀကိမ္ ၄၀ ရယူထားႏုိင္တဲ့ လီဗာပူးကို ရပ္တန္႔ဖို႔ အင္အားမရွိခဲ့ပါဘူး။

” ကြင္းထဲမွာ ၉၀% ေကာင္းေပမယ့္ တည္ကန္ေဘာလို အပိုင္းေတြမွာ မေကာင္းရင္ အဲ့တာေတြက မင္းကို နာက်င္ေစႏိုင္တယ္။ တည္ကန္ေဘာလို အေနအထားမွာေတာ့ အာႏိုးနဲ႔ ဗန္ဒိုက္ဟာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးေပးပို႔သူနဲ႔ အေကာင္းဆုံး အဆံုးသတ္သူ ကစားသမားေတြျဖစ္ပါတယ္” လို႔ ပြဲအျပီးမွာ ဘ႐ိုက္တန္ နည္းျပက ေျပာခဲ့ပါတယ္။

ဘရိုက္တန္က ပရီးမီးယားလိဂ္မွာ အရပ္အျမင့္ဆံုးေသာ ေနာက္တန္းကို ပိုင္ဆိုင္ထားေပမယ့္ လီဗာပူးကို တည္ကန္ေဘာကေန သြင္းဂိုး ႏွစ္ဂိုး ေပးခဲ့ရတယ္။ ဒါဟာ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီကစျပီး တည္ကန္ေဘာေတြကေန သြင္းဂိုးေပါင္း ၄၀ ထိ ရယူထားတဲ့ လီဗာပူးရဲ႕ တည္ကန္ေဘာေတြကို လက္နက္တစ္ခုအျဖစ္ အသံုးခ်ႏုိင္စြမ္းကို ျမင္သာေစတဲ့ အခ်က္ပါပဲ။

ဘယ္ညာ အစြန္ေတြက ထရန္နဲ႔ ေရာ္ဘတ္ဆန္တို႔ဟာ ဧရိယာထဲမွာ အသင္းေဖာ္ေတြ ေခါင္းတိုက္ႏုိင္ဖို႔ ျဖတ္တင္ေဘာေကာင္းေတြ ေပးႏုိင္ၾကသလို ျပိဳင္ဘက္ေတြ ထိန္းခ်ဳပ္ရခက္တဲ့ အေနအထားမ်ိဳးနဲ႔ တိုက္စစ္ဖြင့္မႈေတြမွာ ခါးျဖတ္ေဘာေတြကိုလည္း ေပးႏုိင္စြမ္းေတြ ရွိၾကပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ တန္ကန္ေဘာကို အဆံုးသတ္ႏုိင္စြမ္း အေကာင္းဆံုး အသင္းအျဖစ္ လီဗာပူးက ထိပ္ဆံုးမွာ ရပ္တည္ေနတာျဖစ္တယ္။

ဒီရာသီ အေစာတုန္းက လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က “ တည္ကန္ေဘာေတြကေန ဂိုးသြင္းတာကို က်ေနာ္ သေဘာက်တယ္။ ပြဲမွာ တည္ကန္ေဘာေတြ အမ်ားအျပားကို ရေလ့ရွိျပီး အဲ့တာကို အသံုးခ်နုိင္စြမ္းရွိဖို႔ လိုအပ္ပါတယ္ ” လို႔ ဆိုထားပါတယ္။

လီဗာပူးဟာ ေရွ႔တန္တိုက္စစ္ကို သြင္းဂိုုးေတြအတြက္ အားကိုးရံုတင္မကပဲ ခံစစ္သမားေတြကိုပါ သြင္းဂိုး ရယူႏုိင္စြမ္းေတြမွာ ပါဝင္ကူညီဖို႔ ၾကိဳးစားထားႏုိင္စြမ္းရွိျပီး ဒီလက္နက္ေကာင္းဟာ အမွတ္ေပးဖလား သိမ္းပိုက္ဖို႔မွာ အဓိကက်တဲ့ အားသာခ်က္လည္း ျဖစ္လာေနပါတယ္။