ဗုဒ္ဓဟူးနေ့ည ယှဉ်ပြိုင် ကစားမယ့် ယူနိုက်တက်နဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မာရှယ် ဒဏ်ရာ ရှိနေတာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာပါတယ်။ မာရှယ်ဟာ တနင်္ဂနွေနေ့က ဗီလာနဲ့ ၂ဂိုးစီ သရေကျတဲ့ ပွဲမှာ မေဆန် ဂရင်းဝုဒ်နဲ့ ပွဲချိန် ၈၂ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေကို ကွင်းဘေး အရန်ခုံမှာ ရှိနေခဲ့သော်လည်း ပွဲပြီးတာနဲ့ မာရှယ်က မျက်နှာကို လက်နဲ့ အုပ်ပြီး ဥမင်ထဲ ဝင်သွားခဲ့တာ တွေ့ရပါတယ်။ စကိုင်းစပေါ့ အဆိုအရ မာရှယ်ဟာ ထိုပွဲထဲမှာ ကြွက်သားဒဏ်ရာ ရှိခဲ့တာ ဖြစ်ပြီး ပြန်လည် ကောင်းမွန်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တာကြောင့် စပါးနဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။

မာရှယ်ဟာ ဒီရာသီ တံကောက်ကြော ဒဏ်ရာကြောင့် ယူနိုက်တက် ပွဲစဉ် ၈ ပွဲ လွဲချော်ပြီး ဖြစ်ကာ ပွဲကြပ်ကာလမှ ထပ်မံပြီး ဒဏ်ရာသစ် ရသွားခဲ့တာ ဖြစ်ပါတယ်။

သတင်းများ အဆိုအရ ဆိုးရှားဟာ မော်ရင်ညိုနဲ့ စပါးနဲ့ ရင်ဆိုင်ရချိန်မှာ ခံစစ် သုံးယောက်တန်းနဲ့ ကစားသွားရန် ကြံရွယ်နေပြီး ထိုကစားကွက်ဟာ ရှက်ဖီးယူနိုက်တက်ကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ၃ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သုံးခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ရဲ့ လွဲချော်ဖွယ် ရှိတဲ့ အနေအထားအရ ယူနိုက်တက်ဟာ တိုက်စစ် အထောင်မှာ ရက်ဖို့ဒ်ကို ထားပြီး လင်ဂတ်ကို ဘယ်ခြမ်းမှာ နေရာချလာမယ်လို့ ခန့်မှန်းနေကြပါတယ်။

ဆိုးရှားဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားပြီး အဆင့် ၄ နေရာမှ ချယ်ဆီးနဲ့ ၈ မှတ်အထိ ကွာနေပြီ ဖြစ်ပါတယ်။ စပါးကတော့ မော်ရင်ညို တာဝန်ယူပြီးနောက် ပရီးမီးယားလိဂ် ပွဲ ၂ ပွဲ နိုင်ထားတာပါ။ ဒီည ပွဲစဉ်က မော်ရင်ညိုအတွက် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ယူနိုက်တက်က ထုတ်ပယ်ခံရပြီးနောက် ပထမဆုံအကြိမ် အိုးထရက်ဖို့ဒ်သို့ ပြန်လာတာ ဖြစ်ပါတယ်။

Zawgyi

ဗုဒၶဟူးေန႔ည ယွဥ္ျပိဳင္ ကစားမယ့္ ယူနိုက္တက္နဲ႕ စပါးအသင္းတို႔ ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ ဒဏ္ရာ ရွိေနတာေၾကာင့္ ပါ၀င္နုိင္မွာ မဟုတ္ဘူးလို႔ သတင္းထြက္ေပၚလာပါတယ္။ မာရွယ္ဟာ တနဂၤေႏြေန႔က ဗီလာနဲ႕ ၂ဂိုးစီ သေရက်တဲ့ ပြဲမွာ ေမဆန္ ဂရင္း၀ုဒ္နဲ႕ ပြဲခ်ိန္ ၈၂ မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြကို ကြင္းေဘး အရန္ခံုမွာ ရွိေနခဲ့ေသာ္လည္း ပြဲျပီးတာနဲ႕ မာရွယ္က မ်က္နွာကို လက္နဲ႕ အုပ္ျပီး ဥမင္ထဲ ၀င္သြားခဲ့တာ ေတြ႔ရပါတယ္။ စကိုင္းစေပါ့ အဆိုအရ မာရွယ္ဟာ ထိုပြဲထဲမွာ ၾကြက္သားဒဏ္ရာ ရွိခဲ့တာ ျဖစ္ျပီး ျပန္လည္ ေကာင္းမြန္ဖို႔ ရုန္းကန္ေနရဆဲ ျဖစ္တာေၾကာင့္ စပါးနဲ႕ ပြဲမွာ ပါ၀င္ဖို႔ မေသခ်ာေတာ့ဘူးလို႔ သိရပါတယ္။

မာရွယ္ဟာ ဒီရာသီ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ယူနိုက္တက္ ပြဲစဥ္ ၈ ပြဲ လြဲေခ်ာ္ျပီး ျဖစ္ကာ ပြဲၾကပ္ကာလမွ ထပ္မံျပီး ဒဏ္ရာသစ္ ရသြားခဲ့တာ ျဖစ္ပါတယ္။

သတင္းမ်ား အဆိုအရ ဆုိးရွားဟာ ေမာ္ရင္ညိဳနဲ႕ စပါးနဲ႕ ရင္ဆုိင္ရခ်ိန္မွာ ခံစစ္ သံုးေယာက္တန္းနဲ႕ ကစားသြားရန္ ၾကံရြယ္ေနျပီး ထိုကစားကြက္ဟာ ရွက္ဖီးယူနိုက္တက္ကို ျပီးခဲ့တဲ့ တစ္ပတ္ေက်ာ္က ၃ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ သံုးခဲ့တာ ျဖစ္ပါတယ္။ မာရွယ္ရဲ႕ လြဲေခ်ာ္ဖြယ္ ရွိတဲ့ အေနအထားအရ ယူနိုက္တက္ဟာ တိုက္စစ္ အေထာင္မွာ ရက္ဖို႔ဒ္ကို ထားျပီး လင္ဂတ္ကို ဘယ္ျခမ္းမွာ ေနရာခ်လာမယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

ဆိုးရွားဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ ပြဲမွာ နုိင္ပြဲ ၂ ပြဲသာ ရထားျပီး အဆင့္ ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ ၈ မွတ္အထိ ကြာေနျပီ ျဖစ္ပါတယ္။ စပါးကေတာ့ ေမာ္ရင္ညိဳ တာ၀န္ယူျပီးေနာက္ ပရီးမီးယားလိဂ္ ပြဲ ၂ ပြဲ နုိင္ထားတာပါ။ ဒီည ပြဲစဥ္က ေမာ္ရင္ညိဳအတြက္ ျပီးခဲ့တဲ့ နွစ္ ဒီဇင္ဘာ ယူနိုက္တက္က ထုတ္ပယ္ခံရျပီးေနာက္ ပထမဆံုအၾကိမ္ အိုးထရက္ဖို႔ဒ္သို႔ ျပန္လာတာ ျဖစ္ပါတယ္။