မနေ့က မီဒီယာတွေ့ဆုံမှုမှာ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဇန်နဝါရီမှာ လူသစ် လုံးဝခေါ်မှာမဟုတ်ဘူးဆိုတဲ့ ကိစ္စကို အရိပ်အမြွက် သတိပေးခဲ့တဲ့ နောက်ဆက်တွဲအဖြစ် သတင်းသမားတွေက လီဗာပူးကကော လူခေါ်မလားဆိုပြီး မန်နေဂျာယာဂင်ကလော့ပ်ကို မေးခဲ့ကြတာဖြစ်တယ်။

ယာဂင်ကလော့ပ်က ဂွာဒီယိုလာ အဲ့လို ဖြေခဲ့တယ်ဆိုတာ သတင်းသမားတွေ ပြောပြမှပဲ သိရတယ်လို့ ဝန်ခံတယ်။ ပွဲစဉ် ၁၄ အပြီး မန်စီးတီးအထက်မှာ အမှတ်ပေးဇယားကို ၁၁ မှတ်ဖြတ်ထားနိုင်ပေမယ့် လူစာရင်းကို ထည့်ဖြည့်ဖို့ရာ လူခေါ်ဖို့ကိစ္စအတွက် ကလော့ပ်ရဲ့ အဖြေပေးမှုက အတိအကျ အဖြေထုတ်ဖို့တော့ မလွယ်ကူခဲ့တာဖြစ်တယ်။

“ ဂွာဒီယိုလာ ဒီလိုပြောတဲ့ သတင်းကို အခုမှ ပထမဆုံးအကြိမ် ကြားလိုက်ရတာပါပဲ။ ကျနော် အံ့သြမိလားဆိုတော့ အဲ့လို မဖြစ်ပါဘူး။ ဒါပေမယ့် အဲ့တာက အရေးမကြီးပါဘူး။ အမြဲတမ်း အဆင်သင့်ဖြစ်အောင် ကျနေ်ာတို့ ပြင်ဆင်တယ်။ ကျနေ်ာတို့ကို အကူအညီဖြစ်နိုင်မလားဆိုတာ ကြည့်ပြီးမှပဲ အပြောင်းအရွှေ့ကို ကြိုးစားပါတယ်။ အဲ့လို မဟုတ်ရင်တော့ ဈေးကွက်ထဲ ဝင်မှာ မဟုတ်ပါဘူး ” လို့ ကလော့ပ်က ဆိုပါတယ်။

၂၀၁၈ ဇန်နဝါရီတုန်းက လီဗာပူးဟာ ဆောက်တမ်သန်ခံစစ်မှူး ဗန်ဒိုက်ကို ပေါင် ၇၅ သန်း ပေးခဲ့တာကလွဲလို့ ကလော့ပ်လက်ထက် ဇန်နဝါရီမှာ အပြောင်းအရွှေ့ ခေါ်ယူမှုလုပ်ခြင်းက ရှားပါးလှပါတယ်။ ဂွာဒီယိုလာကလည်း အမှတ်ပေးဇယား တတိယနေရာမှာပဲ ရှိနေတာတောင်မှ ဇန်နဝါရီမှာ လူသစ်တွေ ခေါ်ယူမှာ မဟုတ်ပဲ ရာသီကုန်မှပဲ လူစာရင်းကို ပြုပြင်မှုလုပ်မယ်လို့ ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်က ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့က ခက်ခဲခဲ့ပြီး ဥရောပအပြောင်းအရွှေ့ မတိုင်ခင် အင်္ဂလန်အပြောင်းအရွှေ့ အရင်ပိတ်ခဲ့တာကို ပရီးမီးယားလိဂ်မန်နေဂျာတွေက အသစ်အဆန်းအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။

“ အနာဂတ်မှာ အပြောင်းအရွှေ့ကိစ္စ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမယ်။ ဒါပေမယ့် နွေတုန်းကတော့ အင်္ဂလန်အသင်းတွေပဲ နာကျင်ရတဲ့ ဈေးကွက်ဖြစ်ခဲ့ရပြီး ကျနေ်ာတို့အတွက် အကူအညီ မဖြစ်ခဲ့ပါဘူး။ အဲ့တာက အဆင်မပြေပါဘူး ” လို့ ကလော့ပ်က ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မေန႔က မီဒီယာေတြ႔ဆံုမႈမွာ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ဇန္နဝါရီမွာ လူသစ္ လံုးဝေခၚမွာမဟုတ္ဘူးဆိုတဲ့ ကိစၥကို အရိပ္အျမြက္ သတိေပးခဲ့တဲ့ ေနာက္ဆက္တြဲအျဖစ္ သတင္းသမားေတြက လီဗာပူးကေကာ လူေခၚမလားဆိုျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို ေမးခဲ့ၾကတာျဖစ္တယ္။

ယာဂင္ကေလာ့ပ္က ဂြာဒီယိုလာ အဲ့လို ေျဖခဲ့တယ္ဆိုတာ သတင္းသမားေတြ ေျပာျပမွပဲ သိရတယ္လို႔ ဝန္ခံတယ္။ ပြဲစဥ္ ၁၄ အျပီး မန္စီးတီးအထက္မွာ အမွတ္ေပးဇယားကို ၁၁ မွတ္ျဖတ္ထားႏုိင္ေပမယ့္ လူစာရင္းကို ထည့္ျဖည့္ဖို႔ရာ လူေခၚဖို႔ကိစၥအတြက္ ကေလာ့ပ္ရဲ႕ အေျဖေပးမႈက အတိအက် အေျဖထုတ္ဖို႔ေတာ့ မလြယ္ကူခဲ့တာျဖစ္တယ္။

“ ဂြာဒီယိုလာ ဒီလိုေျပာတဲ့ သတင္းကို အခုမွ ပထမဆံုးအၾကိမ္ ၾကားလိုက္ရတာပါပဲ။ က်ေနာ္ အံ့ၾသမိလားဆိုေတာ့ အဲ့လို မျဖစ္ပါဘူး။ ဒါေပမယ့္ အဲ့တာက အေရးမၾကီးပါဘူး။ အျမဲတမ္း အဆင္သင့္ျဖစ္ေအာင္ က်ေန္ာတို႔ ျပင္ဆင္တယ္။ က်ေန္ာတို႔ကို အကူအညီျဖစ္ႏုိင္မလားဆိုတာ ၾကည့္ျပီးမွပဲ အေျပာင္းအေရႊ႔ကို ၾကိဳးစားပါတယ္။ အဲ့လို မဟုတ္ရင္ေတာ့ ေစ်းကြက္ထဲ ဝင္မွာ မဟုတ္ပါဘူး ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

၂၀၁၈ ဇန္နဝါရီတုန္းက လီဗာပူးဟာ ေဆာက္တမ္သန္ခံစစ္မွဴး ဗန္ဒိုက္ကို ေပါင္ ၇၅ သန္း ေပးခဲ့တာကလြဲလို႔ ကေလာ့ပ္လက္ထက္ ဇန္နဝါရီမွာ အေျပာင္းအေရႊ႔ ေခၚယူမႈလုပ္ျခင္းက ရွားပါးလွပါတယ္။ ဂြာဒီယိုလာကလည္း အမွတ္ေပးဇယား တတိယေနရာမွာပဲ ရွိေနတာေတာင္မွ ဇန္နဝါရီမွာ လူသစ္ေတြ ေခၚယူမွာ မဟုတ္ပဲ ရာသီကုန္မွပဲ လူစာရင္းကို ျပဳျပင္မႈလုပ္မယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္က ျပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႔က ခက္ခဲခဲ့ျပီး ဥေရာပအေျပာင္းအေရႊ႔ မတိုင္ခင္ အဂၤလန္အေျပာင္းအေရႊ႔ အရင္ပိတ္ခဲ့တာကို ပရီးမီးယားလိဂ္မန္ေနဂ်ာေတြက အသစ္အဆန္းအေနနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္တယ္။

“ အနာဂတ္မွာ အေျပာင္းအေရႊ႔ကိစၥ ဘယ္လိုျဖစ္မလဲဆိုတာ ၾကည့္ရမယ္။ ဒါေပမယ့္ ေႏြတုန္းကေတာ့ အဂၤလန္အသင္းေတြပဲ နာက်င္ရတဲ့ ေစ်းကြက္ျဖစ္ခဲ့ရျပီး က်ေန္ာတုိ႔အတြက္ အကူအညီ မျဖစ္ခဲ့ပါဘူး။ အဲ့တာက အဆင္မေျပပါဘူး ” လို႔ ကေလာ့ပ္က ေျဖဆိုခဲ့တာျဖစ္ပါတယ္။