ဖီဖာအကြီးအကဲတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ယွန်းဘတ်ဟာ အာဆင်နယ်အတွက် အများကြီး ကြိုးစားပေးထားတဲ့သူဖြစ်ပြီး ဂန်းနား ယာယီမန်နေဂျာအား အကြံပေးရတာအတွက် ပျော်ရွှင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အရင်အပတ်က မန်နေဂျာအမ်မရီ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အမြဲတမ်းမန်နေဂျာ မခန့်နိုင်ခင်မှာ ကလပ်အသင်းကို ယွန်းဘတ်က ယာယီတာဝန်ယူမှာဖြစ်တယ်။ ဂန်းနားဟောင်းကြီးဟာ အာဆင်ဝင်းဂါးကြီးလက်ထက်မှာ ပွဲပေါင်း ၃၂၆ ပွဲ ကစားခဲ့ပြီး ကလပ်ကို ပရီးမီးယားလိဂ်ဖလား ၂ လုံး အက်ဖ်အေဖလား ၃ လုံးတို့ကို အနိုင်ရအောင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။ အာဆင်ဝင်းဂါးကတော့ ကွင်းလယ်လူဟောင်းဟာ ဂန်းနားတို့ရဲ့ မန်နေဂျာအဖြစ် အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်ဝင်းဂါးက ‘ အာဆင်နယ်အပေါ်မှာ မှတ်ချက်တွေ အများကြီး ပေးတာတွေ မလုပ်လိုပါဘူး။ ကျနေ်ာရဲ့ နှလုံးသားက ကလပ်အသငင်းနဲ့အတူ ရှိနေပြီး သူတို့ကို အဆင်ပြေစေလိုပါတယ်။ ဖရက်ဒီကိုလည်း အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်။ သူက ကလပ်အသင်းအတွက် တကယ်ကို ပေးဆပ်ခဲ့တာပါ။

သူ့အလုပ်ကို အချိန်အကြာကြီး အကောင်းဆုံးလုပ်လာခဲ့ပြီး အခွင့်အရေးလည်း ရလာခဲ့ပြီဖြစ်တယ်။ ကျနေ်ာတို့ ဘဝမှာ လိုချင်တာက အခွင့်အရေးပါပဲ။ အာဆင်နယ်ဟာ ဖရက်ဒီနဲ့ အတူ အလုပ်လုပ်ပြီး သူ့ကို့ ထောက်ပံ့မှုတွေ ပေးရပါမယ်။ ကျနော်ရဲ့ ကစားသမားဟောင်းနဲ့ အသင်းဟောင်းကို ကူညီပေးနိုင်ဖို့ဆိုရင် အမြဲတမ်း ပျော်ရွှင်နေမိပါတယ်။ သူတို့အတွက် ကူညီဖို့ဆိုရင် ကျနော် အမြဲတမ်း အဆင်သင့်ဖြစ်နေမှာပါ။ ’ လို့ ဆိုခဲ့တာပါတယ်။

အာဆင်နယ်ဟာ ယွန်းဘတ်လက်ထက် ပထမဆုံးပွဲအဖြစ် နော်ဝစ်နဲ့ပွဲကို ၂-၂ ရလဒ် ထွက်ပေါ်အောင်ပဲ စွမ်းဆောင်ထားနိုင်ပါတယ်။ ကြားရက်မှာတော့ အမ်းမရိတ်မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမ်မရီ မရှိတဲ့နောက်ပိုင်း ပထမဆုံးသော အိမ်ကွင်းပွဲလည်း ဖြစ်ပါတယ်။

ZAWGYI

ဖီဖာအၾကီးအကဲတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက ယြန္းဘတ္ဟာ အာဆင္နယ္အတြက္ အမ်ားၾကီး ၾကိဳးစားေပးထားတဲ့သူျဖစ္ျပီး ဂန္းနား ယာယီမန္ေနဂ်ာအား အၾကံေပးရတာအတြက္ ေပ်ာ္ရႊင္ပါတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

အရင္အပတ္က မန္ေနဂ်ာအမ္မရီ ရာထူးကေန ထုတ္ပယ္ခံရျပီးေနာက္ အျမဲတမ္းမန္ေနဂ်ာ မခန္႔ႏုိင္ခင္မွာ ကလပ္အသင္းကို ယြန္းဘတ္က ယာယီတာဝန္ယူမွာျဖစ္တယ္။ ဂန္းနားေဟာင္းၾကီးဟာ အာဆင္ဝင္းဂါးၾကီးလက္ထက္မွာ ပြဲေပါင္း ၃၂၆ ပြဲ ကစားခဲ့ျပီး ကလပ္ကို ပရီးမီးယားလိဂ္ဖလား ၂ လံုး အက္ဖ္ေအဖလား ၃ လံုးတို႔ကို အႏုိင္ရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့ပါတယ္။ အာဆင္ဝင္းဂါးကေတာ့ ကြင္းလယ္လူေဟာင္းဟာ ဂန္းနားတို႔ရဲ႕ မန္ေနဂ်ာအျဖစ္ ေအာင္ျမင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

အာဆင္ဝင္းဂါးက ‘ အာဆင္နယ္အေပၚမွာ မွတ္ခ်က္ေတြ အမ်ားၾကီး ေပးတာေတြ မလုပ္လိုပါဘူး။ က်ေန္ာရဲ႕ ႏွလံုးသားက ကလပ္အသငင္းနဲ႔အတူ ရွိေနျပီး သူတို႔ကို အဆင္ေျပေစလိုပါတယ္။ ဖရက္ဒီကိုလည္း အဆင္ေျပေစဖို႔ ဆုေတာင္းေပးပါတယ္။ သူက ကလပ္အသင္းအတြက္ တကယ္ကို ေပးဆပ္ခဲ့တာပါ။

သူ႔အလုပ္ကို အခ်ိန္အၾကာၾကီး အေကာင္းဆံုးလုပ္လာခဲ့ျပီး အခြင့္အေရးလည္း ရလာခဲ့ျပီျဖစ္တယ္။ က်ေန္ာတုိ႔ ဘဝမွာ လိုခ်င္တာက အခြင့္အေရးပါပဲ။ အာဆင္နယ္ဟာ ဖရက္ဒီနဲ႔ အတူ အလုပ္လုပ္ျပီး သူ႔ကို႔ ေထာက္ပံ့မႈေတြ ေပးရပါမယ္။ က်ေနာ္ရဲ႕ ကစားသမားေဟာင္းနဲ႔ အသင္းေဟာင္းကို ကူညီေပးႏုိင္ဖို႔ဆိုရင္ အျမဲတမ္း ေပ်ာ္ရႊင္ေနမိပါတယ္။ သူတို႔အတြက္ ကူညီဖို႔ဆိုရင္ က်ေနာ္ အျမဲတမ္း အဆင္သင့္ျဖစ္ေနမွာပါ။ ’ လို႔ ဆိုခဲ့တာပါတယ္။

အာဆင္နယ္ဟာ ယြန္းဘတ္လက္ထက္ ပထမဆံုးပြဲအျဖစ္ ေနာ္ဝစ္နဲ႔ပြဲကို ၂-၂ ရလဒ္ ထြက္ေပၚေအာင္ပဲ စြမ္းေဆာင္ထားႏုိင္ပါတယ္။ ၾကားရက္မွာေတာ့ အမ္းမရိတ္မွာ ဘရိုက္တန္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အမ္မရီ မရွိတဲ့ေနာက္ပိုင္း ပထမဆံုးေသာ အိမ္ကြင္းပြဲလည္း ျဖစ္ပါတယ္။