လာမယ့် အပတ်မှာ ဥရောပပွဲတွေ ပြန်လာမှာဖြစ်ပြီး လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်ပွဲအဖြစ် အက်သလက်တီကိုနဲ့ ပထမအကျော့ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်က ဆာဒီယိုမာနေး၊ ဂျိမ်း မီလ်နာတို့ ဒဏ်ရာကနေ ပြန်သက်သာလာကာ အဓိက ကစားသမား အားလုံး ဒဏ်ရာကင်းစင်နေပါပြီ။ တစ်ဘက်မှာလည်း အက်သလက်တီကိုဟာ ဒဏ်ရာရ ကစားသမား အတော်များများ ပြန်သက်သာလာနေပြီး ထရစ်ပီယာ တစ်ဦးတည်းပဲ ကြံ့ခိုင်မှု မသေချာတာ ဖြစ်ပါတယ်။

စပိန်သတင်းက ဖော်ပြမှုအရ ဖေဖော်ဝါရီ ဒုတိယအပတ်မှာတော့ အက်သလက်တီကို အသင်းရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှ ၇ ဦး ရှိတဲ့အနက် ၆ ဦး ပြန်သက်သာလာပြီလို့ သိရပါတယ်။ ဒါ့အပြင် အင်္ဂလန်ညာအစွန်လူ ထရစ်ပီယာကလည်း ဒုတိယအပတ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် မတ်လ ၁၁ ရက်မှာ ဒဏ်ရာက ပြန်သက်သာလာမှာဖြစ်ပါတယ်။

စပိန်ကလပ်ရဲ့ အဓိက တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် လေ့ကျင့်ရေး ပြန်ဆင်းနေပါပြီ။ ဒါ့အပြင် မိုရာတာ၊ ဖီလစ်တို့ကလည်း ခြေထောက်ဒဏ်ရာတွေကနေ ပြန်သက်သာလာကာ သောကြာနေ ယှဉ်ပြိုင်ကစားမယ့် ဗလန်စီယာနဲ့ပွဲမှာ ပါဝင်သွားနိုင်တယ်လို့ သိရပါတယ်။

မန်နေဂျာ ဆီမြွန်နီအနေနဲ့ ကော်စတာ၊ မိုရာတာ၊ ဖီလစ်တို့ကို မသုံးသေးဘူးဆိုရင်တောင် သောမက်စ်လီမာ၊ ကာရက်စကို၊ ကိုရဲယ်၊ ဗစ်တိုလိုတို့ကတော့ တိုက်စစ်မှာ ရွေးချယ်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ညာအစွန်နေရာမှာ ထရစ်ပီယာအစား Vrsaljko ပါလာနိုင်သလို ကွင်းလယ်မှာတော့ ဟက်သာ ဟာရဲရား ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

ခံစစ်မှူး ဂျီမီနက်စ်ကို ထုတ်မသုံးသေးပဲ လာမယ့်ပွဲတွေမှာ ဗဟိုခံစစ်မှူေးတွအဖြစ် ဟာမိုဆိုနဲ့ ဆာဗစ်တို့ကို အထိုင်ထားကာ Vrsaljko နဲ့ လိုဒီတို့က အော့ဘလက်ရဲ့ ခံစစ်ကြောင်းအတွက် အစွန်သမားတွေအဖြစ် ပွဲထွက်မြှဖြစ်တယ်။ ကွင်းလယ်က ကိုကီ၊ ဆော၊ သောမက်စ် လီမာ၊ ဟာရဲရား အတွဲကို ပွဲထုတ်လာဖို့ များပါတယ်။ တိုက်စစ်ကတော့ လက်တလေထိ ကော်စတာနဲ့ မိုရာတာ ပါဝင်နိုင်မယ်လို့ ခန့်မှန်းရတာဖြစ်ပါတယ်။

Possible Atletico XI vs. Liverpool: Oblak; Arias, Savic, Hermoso, Lodi; Koke, Thomas, Herrera, Saul; Costa, Morata

ZAWGYI

လာမယ့္ အပတ္မွာ ဥေရာပပြဲေတြ ျပန္လာမွာျဖစ္ျပီး လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္ပြဲအျဖစ္ အက္သလက္တီကိုနဲ႔ ပထမအေက်ာ့ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

လီဗာပူးဘက္က ဆာဒီယိုမာေနး၊ ဂ်ိမ္း မီလ္နာတို႔ ဒဏ္ရာကေန ျပန္သက္သာလာကာ အဓိက ကစားသမား အားလံုး ဒဏ္ရာကင္းစင္ေနပါျပီ။ တစ္ဘက္မွာလည္း အက္သလက္တီကိုဟာ ဒဏ္ရာရ ကစားသမား အေတာ္မ်ားမ်ား ျပန္သက္သာလာေနျပီး ထရစ္ပီယာ တစ္ဦးတည္းပဲ ၾကံ႕ခိုင္မႈ မေသခ်ာတာ ျဖစ္ပါတယ္။

စပိန္သတင္းက ေဖာ္ျပမႈအရ ေဖေဖာ္ဝါရီ ဒုတိယအပတ္မွာေတာ့ အက္သလက္တီကို အသင္းရဲ႕ ဒဏ္ရာရ ကစားသမား စာရင္းမွ ၇ ဦး ရွိတဲ့အနက္ ၆ ဦး ျပန္သက္သာလာျပီလို႔ သိရပါတယ္။ ဒါ့အျပင္ အဂၤလန္ညာအစြန္လူ ထရစ္ပီယာကလည္း ဒုတိယအပတ္အျဖစ္ ယွဥ္ျပိဳင္ကစားရမယ့္ မတ္လ ၁၁ ရက္မွာ ဒဏ္ရာက ျပန္သက္သာလာမွာျဖစ္ပါတယ္။

စပိန္ကလပ္ရဲ႕ အဓိက တိုက္စစ္မွဴး ဒီေယဂို ေကာ္စတာ ဒဏ္ရာကေန ျပန္သက္သာလာတာေၾကာင့္ ေလ့က်င့္ေရး ျပန္ဆင္းေနပါျပီ။ ဒါ့အျပင္ မိုရာတာ၊ ဖီလစ္တို႔ကလည္း ေျခေထာက္ဒဏ္ရာေတြကေန ျပန္သက္သာလာကာ ေသာၾကာေန ယွဥ္ျပိဳင္ကစားမယ့္ ဗလန္စီယာနဲ႔ပြဲမွာ ပါဝင္သြားႏုိင္တယ္လို႔ သိရပါတယ္။

မန္ေနဂ်ာ ဆီျမြန္နီအေနနဲ႔ ေကာ္စတာ၊ မိုရာတာ၊ ဖီလစ္တုိ႔ကို မသံုးေသးဘူးဆိုရင္ေတာင္ ေသာမက္စ္လီမာ၊ ကာရက္စကို၊ ကိုရဲယ္၊ ဗစ္တိုလိုတို႔ကေတာ့ တိုက္စစ္မွာ ေရြးခ်ယ္ခံဖို႔ အဆင္သင့္ ျဖစ္ေနပါျပီ။ ညာအစြန္ေနရာမွာ ထရစ္ပီယာအစား Vrsaljko ပါလာႏုိင္သလို ကြင္းလယ္မွာေတာ့ ဟက္သာ ဟာရဲရား ပါဝင္လာႏုိင္တယ္လို႔ သိရပါတယ္။

ခံစစ္မွဴး ဂ်ီမီနက္စ္ကို ထုတ္မသံုးေသးပဲ လာမယ့္ပြဲေတြမွာ ဗဟိုခံစစ္မွဴေးတြအျဖစ္ ဟာမိုဆိုနဲ႔ ဆာဗစ္တို႔ကို အထိုင္ထားကာ Vrsaljko နဲ႔ လိုဒီတို႔က ေအာ့ဘလက္ရဲ႕ ခံစစ္ေၾကာင္းအတြက္ အစြန္သမားေတြအျဖစ္ ပြဲထြက္မွၾျဖစ္တယ္။ ကြင္းလယ္က ကိုကီ၊ ေဆာ၊ ေသာမက္စ္ လီမာ၊ ဟာရဲရား အတြဲကို ပြဲထုတ္လာဖို႔ မ်ားပါတယ္။ တိုက္စစ္ကေတာ့ လက္တေလထိ ေကာ္စတာနဲ႔ မိုရာတာ ပါဝင္ႏုိင္မယ္လို႔ ခန္႔မွန္းရတာျဖစ္ပါတယ္။

Possible Atletico XI vs. Liverpool: Oblak; Arias, Savic, Hermoso, Lodi; Koke, Thomas, Herrera, Saul; Costa, Morata