လီဗာပူး ကစားသမားဟောင်းကြီး ကော်တင်ညိုက ဘာစီလိုနာကို ပျော်ရွှေ့ဖို့ သူ့ရဲ့ ရွေးချယ်မှုကို နောင်တမရဘူးလို့ ထုတ်ဖော် ပြောဆိုပေမယ့် ကလပ်အသင်းဟောင်း အောင်မြင်နေတာကို မြင်ရတာအတွက်တော့ ပျော်ရွှင်မိပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

အမြင့်ဆုံးကို ပျံတက်နေတဲ့ လီဗာပူးကို မြင်ရတာကို ကျေနပ်မိပြီး အသင်းဖော်ဟောင်းတွေ၊ မန်နေဂျာဟောင်းတွေ အောင်မြင်နေတာကို မြင်ရတာက သူ့ကို ကျေနပ်စေတယ်လို့ ဆိုတာပါ။ ကော်တင်ညိုဟာ လီဗာပူးမှာ ၅ နှစ်ကြာ ကျင်လယ်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို အငှား ထွက်ကစားနေတာ ဖြစ်ပါတယ်။

“ လီဗာပူးက အရမ်းကို ကောင်းနေတယ်။ အဲ့တာက ကျနေ်ာတို့ မအံ့သြစေပါဘူး။ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလားကို သူတို့ အနိုင်ယူပြခဲ့တာကို ကျနေ်ာတို့ မြင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထူးချွန်တဲ့ လူစာရင်း မန်နေဂျာကောင်းကြောင့် ဒီလို လုပ်နိုင်မယ်ဆိုတာကို ကျနော် သိပြီးသားဖြစ်ပါတယ်။

လီဗာပူးအတွက် ပျော်ရွှင်မိပါတယ်။ အဲ့မှာ ကျနော်ရဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်၊ အသင်းဖော်ဟောင်းတွေကောပါပဲ။ သူတို့အတွက် ပျော်ရွှင်မိပါတယ်။ ဒါလောက်ပါပဲ။ ကျနော် အတိတ်ကို ပြန်ကြည့်နေမှာ မဟုတ်ဘူး။ နောက်ထပ် စိန်ခေါ်မှုတွေ၊ ခရီးစဉ်သစ်တွေကိုပဲ အခြားသူတွေလို အာရုံစိုက်သွားမှာပါ။

ကျနော်ရဲ့ အိပ်မက်တွေကို ရောက်ဖို့အတွက်ပဲ အာရုံစိုက်ပါမယ်။ အတိတ်မှာ ကျနော် လုပ်ခဲ့တာတွေအတွက် ပျော်ရွှင်ပေမယ့် အခုချိန်မှာ ရှေ့ကိုပဲ ဆက်သွားရမှာပါ။ ” လို့ ကော်တင်ညိုက ဖွင့်ဟခဲ့တာဖြစ်တယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီ အမှတ်ပေးဖလား ဂျာမနီဖလားနဲ့ ချန်ပီယံလိဂ် အစရှိတဲ့ ပြေးလမ်း သုံးခုလုံးမှာ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။ ကော်တင်ညိုကတော့ ဆုဖလားပြိုင်ပွဲတွေကို အကောင်းဆုံး စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေတယ်။

“ ဆုဖလားတွေကို အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ပြင်းပြင်းထန်ထန်လည်း ကြိုးစားနေပါတယ်။ ကြိုးစားတာနဲ့ ထိုက်တန်တ့ အောင်မြင်မှုမျိုးရဖို့ အလုပ်လုပ်နေပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးတွေ ပါဝင်ယှဉ်ပြိုင်နေလို့ ချန်ပီယံလိဂ်က ခက်ခဲပါတယ်။ ဒါပေမယ့် ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ် ” လို့ ကော်တင်ညိုက ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ကစားသမားေဟာင္းၾကီး ေကာ္တင္ညိဳက ဘာစီလိုနာကို ေပ်ာ္ေရႊ႔ဖို႔ သူ႔ရဲ႕ ေရြးခ်ယ္မႈကို ေနာင္တမရဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုေပမယ့္ ကလပ္အသင္းေဟာင္း ေအာင္ျမင္ေနတာကို ျမင္ရတာအတြက္ေတာ့ ေပ်ာ္ရႊင္မိပါတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

အျမင့္ဆံုးကို ပ်ံတက္ေနတဲ့ လီဗာပူးကို ျမင္ရတာကို ေက်နပ္မိျပီး အသင္းေဖာ္ေဟာင္းေတြ၊ မန္ေနဂ်ာေဟာင္းေတြ ေအာင္ျမင္ေနတာကို ျမင္ရတာက သူ႔ကို ေက်နပ္ေစတယ္လို႔ ဆိုတာပါ။ ေကာ္တင္ညိဳဟာ လီဗာပူးမွာ ၅ ႏွစ္ၾကာ က်င္လယ္ခဲ့သူျဖစ္ျပီး ဒီရာသီမွာ ဘာစီလိုနာကေန ဘိုင္ယန္ျမဴးနစ္ကို အငွား ထြက္ကစားေနတာ ျဖစ္ပါတယ္။

“ လီဗာပူးက အရမ္းကို ေကာင္းေနတယ္။ အဲ့တာက က်ေန္ာတို႔ မအံ့ၾသေစပါဘူး။ မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ဖလားကို သူတို႔ အႏုိင္ယူျပခဲ့တာကို က်ေန္ာတုိ႔ ျမင္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ထူးခၽြန္တဲ့ လူစာရင္း မန္ေနဂ်ာေကာင္းေၾကာင့္ ဒီလို လုပ္ႏုိင္မယ္ဆိုတာကို က်ေနာ္ သိျပီးသားျဖစ္ပါတယ္။

လီဗာပူးအတြက္ ေပ်ာ္ရႊင္မိပါတယ္။ အဲ့မွာ က်ေနာ္ရဲ႕ သူငယ္ခ်င္းေတြ အမ်ားၾကီးရွိတယ္၊ အသင္းေဖာ္ေဟာင္းေတြေကာပါပဲ။ သူတို႔အတြက္ ေပ်ာ္ရႊင္မိပါတယ္။ ဒါေလာက္ပါပဲ။ က်ေနာ္ အတိတ္ကို ျပန္ၾကည့္ေနမွာ မဟုတ္ဘူး။ ေနာက္ထပ္ စိန္ေခၚမႈေတြ၊ ခရီးစဥ္သစ္ေတြကိုပဲ အျခားသူေတြလို အာရံုစိုက္သြားမွာပါ။

က်ေနာ္ရဲ႕ အိပ္မက္ေတြကို ေရာက္ဖို႔အတြက္ပဲ အာရံုစိုက္ပါမယ္။ အတိတ္မွာ က်ေနာ္ လုပ္ခဲ့တာေတြအတြက္ ေပ်ာ္ရႊင္ေပမယ့္ အခုခ်ိန္မွာ ေရွ႔ကိုပဲ ဆက္သြားရမွာပါ။ ” လို႔ ေကာ္တင္ညိဳက ဖြင့္ဟခဲ့တာျဖစ္တယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီ အမွတ္ေပးဖလား ဂ်ာမနီဖလားနဲ႔ ခ်န္ပီယံလိဂ္ အစရွိတဲ့ ေျပးလမ္း သံုးခုလံုးမွာ ဆက္ရွိေနေသးတာ ျဖစ္ပါတယ္။ ေကာ္တင္ညိဳကေတာ့ ဆုဖလားျပိဳင္ပြဲေတြကို အေကာင္းဆံုး စိန္ေခၚႏုိင္မယ္လို႔ ယံုၾကည္ေနတယ္။

“ ဆုဖလားေတြကို အႏုိင္ရမယ္လို႔ ယံုၾကည္ပါတယ္။ ျပင္းျပင္းထန္ထန္လည္း ၾကိဳးစားေနပါတယ္။ ၾကိဳးစားတာနဲ႔ ထိုက္တန္တ့ ေအာင္ျမင္မႈမ်ိဳးရဖို႔ အလုပ္လုပ္ေနပါတယ္။ ကမၻာေပၚက အေကာင္းဆံုးေတြ ပါဝင္ယွဥ္ျပိဳင္ေနလို႔ ခ်န္ပီယံလိဂ္က ခက္ခဲပါတယ္။ ဒါေပမယ့္ ၾကိဳးစားရင္ ဘာမဆို ျဖစ္ႏုိင္ပါတယ္ ” လို႔ ေကာ္တင္ညိဳက ဆိုခဲ့တာျဖစ္ပါတယ္။