ကော်တင်ညိုက လီဗာပူးအသင်း အောင်မြင်နေတာနဲ့ ပက်သက်ပြီး မအံ့သြမိကြောင်းနဲ့ ကလပ်အသင်း အောင်မြင်နေတာအတွက် ပျော်ရွှင်မိပါတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးရဲ့ ကွင်းသစ်စီမံမှုဟာ ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီအစမှာ အပြီးသတ်မှာဖြစ်ပြီး လက်ရှိ ကားပါကင်နေရာ တစ်နေရာမှ ကား ၁၂၅ စီးစာ နေရာကို ဖယ်ရမှာဖြစ်ကာ စတန်လေပက်ခ်ဘက်မှာ ပြန်လည် စီစဉ်ပေးမယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ ယာဂင်ကလော့ပ်တို့ရဲ့ စာချုပ်မှာ အသင်းကနေ သူထွက်ခွာပြီး ဂျာမနီဘက်ကို ပြန်ပြောင်းလိုတဲ့အခါ ကလပ်ဘက်က သဘောတူပေးရမယ်လို့ ပါရှိပါတယ်။ ဂျာမနီဘက်က ကလပ်လား လက်ရွေးစင်အသင်းလားတော့ မရှင်းပါဘူး။

လီဗာပူး စီအီးအို ပီတာမိုးက ကလပ်အသင်းဟာ ခြားနားတဲ့ ကစားဟန်ကို အလိုရှိပြီး ကော်တင်ညိုကို မလေးစားတာ မဟုတ်ပေမယ့် သူ့ကို ရောင်းချရငွေဟာ အယ်လီဆန်ကို ခေါ်ယူဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးရဲ့ ကီရာဘီ လေ့ကျင့်ရေးစင်တာကို ၂၀၂၀ ဂျူလိုင်လမှာ တရားဝင် အသုံးပြုတော့မှာ ဖြစ်ပါတယ်။ မန်နေဂျာကြီး ဘီရှန်ကလေ စတင် အသုံးပြုခဲ့တဲ့ မဲဝုဒ်ကတော့ အိမ်ခြံမြေ အဖွဲ့ထံ လွဲပြောင်းပြီး အိုးအိမ်သစ်တွေကို နေရာချသွားမှာပါ။

ဘာစီလိုနာဟာ ၄ နှစ်အတွင်း ဆုဖလား ၂၀ လောက်ထိကို အနိုင်ရခဲ့ပြီး လီဗာပူးက သမိုင်းမှာ လူတိုင်းမှတ်မိတဲ့ အသင်းဖြစ်ဖို့က ဆုဖလားတွေ အများအပြား ယူနိုင်ဖို့ လိုတယ်လို့ လိုဗရန်က မှတ်ချက်ပေးပါတယ်။

ယူအီးအက်ဖ်အေ စူပါဖလား အနိုင်ရပြီး ၆ လ အကြာမှာ အတ်ဒရီယန်က ထုတ်ဖော်ပြောဆိုတာက လက်ထောက် အသင်းခေါင်းဆောင် မီလ်နာက ဆုဖလားကို တစ်ညအိပ်ယူထားဖို့ သူ့ကို ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အတ်ဒရီယန်က အစက နှောက်နေတယ် ထင်ခဲ့ပြီး မီလ်နာ တကယ်ခွင့်ပေးခဲ့ကြောင်း သိရာမှာ ဆုဖလားကို တစ်ညလုံး သူ့အခန်းထဲ ယူထားခဲ့ပါတယ်။

နွေအပြောင်းအရွှေ့မှာ မန်နေဂျာယာဂင်ကလော့ပ်နဲ့ အားကစားဒါရိုက်တာ အဒ်ဝတ်တို့ဟာ ကော်တင်ညိုကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှု အသေးစား လုပ်ခဲ့ပါသေးတယ်။ ဘာစီလိုနာဘက်က ငှားခ ပေါင် ၈ သန်းအပြင် ကစားသမားရဲ့ လုပ်ခ ပေပါင် ၂ သိန်းခွဲကို အပြည့်ပေးဖို့ တောင်းခံခဲ့တာကြောင့် ဆက်ပြီး မဆွေးနွေးတော့တာဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။

တီကိုဘက်က တိုက်စစ်သမားတွေဖြစ်တဲ့ ကော်စတာ၊ မိုရာတာတို့ ဒဏ်ရာကနေ ပြန်သက်သာလာနေသလို ဖီလစ်လည်း သက်သာနေပြီး လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲ ပထမအကျော့ကို ပါဝင်သွားဖွယ် ရှိနေပါတယ်။

ZAWGYI

ေကာ္တင္ညိဳက လီဗာပူးအသင္း ေအာင္ျမင္ေနတာနဲ႔ ပက္သက္ျပီး မအံ့ၾသမိေၾကာင္းနဲ႔ ကလပ္အသင္း ေအာင္ျမင္ေနတာအတြက္ ေပ်ာ္ရႊင္မိပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးရဲ႕ ကြင္းသစ္စီမံမႈဟာ ၂၀၂၂-၂၀၂၃ ခုႏွစ္ ေဘာလံုးရာသီအစမွာ အျပီးသတ္မွာျဖစ္ျပီး လက္ရွိ ကားပါကင္ေနရာ တစ္ေနရာမွ ကား ၁၂၅ စီးစာ ေနရာကို ဖယ္ရမွာျဖစ္ကာ စတန္ေလပက္ခ္ဘက္မွာ ျပန္လည္ စီစဥ္ေပးမယ္လို႔ သိရပါတယ္။

လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္တို႔ရဲ႕ စာခ်ဳပ္မွာ အသင္းကေန သူထြက္ခြာျပီး ဂ်ာမနီဘက္ကို ျပန္ေျပာင္းလိုတဲ့အခါ ကလပ္ဘက္က သေဘာတူေပးရမယ္လို႔ ပါရွိပါတယ္။ ဂ်ာမနီဘက္က ကလပ္လား လက္ေရြးစင္အသင္းလားေတာ့ မရွင္းပါဘူး။

လီဗာပူး စီအီးအို ပီတာမိုးက ကလပ္အသင္းဟာ ျခားနားတဲ့ ကစားဟန္ကို အလိုရွိျပီး ေကာ္တင္ညိဳကို မေလးစားတာ မဟုတ္ေပမယ့္ သူ႔ကို ေရာင္းခ်ရေငြဟာ အယ္လီဆန္ကို ေခၚယူဖို႔ အေထာက္အပံ့ျဖစ္ေစတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးရဲ႕ ကီရာဘီ ေလ့က်င့္ေရးစင္တာကို ၂၀၂၀ ဂ်ဴလိုင္လမွာ တရားဝင္ အသံုးျပဳေတာ့မွာ ျဖစ္ပါတယ္။ မန္ေနဂ်ာၾကီး ဘီရွန္ကေလ စတင္ အသံုးျပဳခဲ့တဲ့ မဲဝုဒ္ကေတာ့ အိမ္ျခံေျမ အဖြဲ႔ထံ လြဲေျပာင္းျပီး အိုးအိမ္သစ္ေတြကို ေနရာခ်သြားမွာပါ။

ဘာစီလိုနာဟာ ၄ ႏွစ္အတြင္း ဆုဖလား ၂၀ ေလာက္ထိကို အႏုိင္ရခဲ့ျပီး လီဗာပူးက သမိုင္းမွာ လူတိုင္းမွတ္မိတဲ့ အသင္းျဖစ္ဖို႔က ဆုဖလားေတြ အမ်ားအျပား ယူႏုိင္ဖို႔ လိုတယ္လို႔ လိုဗရန္က မွတ္ခ်က္ေပးပါတယ္။

ယူအီးအက္ဖ္ေအ စူပါဖလား အႏုိင္ရျပီး ၆ လ အၾကာမွာ အတ္ဒရီယန္က ထုတ္ေဖာ္ေျပာဆိုတာက လက္ေထာက္ အသင္းေခါင္းေဆာင္ မီလ္နာက ဆုဖလားကို တစ္ညအိပ္ယူထားဖို႔ သူ႔ကို ခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။ အတ္ဒရီယန္က အစက ေႏွာက္ေနတယ္ ထင္ခဲ့ျပီး မီလ္နာ တကယ္ခြင့္ေပးခဲ့ေၾကာင္း သိရာမွာ ဆုဖလားကို တစ္ညလံုး သူ႔အခန္းထဲ ယူထားခဲ့ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ အားကစားဒါရိုက္တာ အဒ္ဝတ္တို႔ဟာ ေကာ္တင္ညိဳကို ျပန္လည္ေခၚယူဖို႔ ေဆြးေႏြးမႈ အေသးစား လုပ္ခဲ့ပါေသးတယ္။ ဘာစီလိုနာဘက္က ငွားခ ေပါင္ ၈ သန္းအျပင္ ကစားသမားရဲ႕ လုပ္ခ ေပပါင္ ၂ သိန္းခြဲကို အျပည့္ေပးဖို႔ ေတာင္းခံခဲ့တာေၾကာင့္ ဆက္ျပီး မေဆြးေႏြးေတာ့တာျဖစ္ေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

တီကိုဘက္က တိုက္စစ္သမားေတြျဖစ္တဲ့ ေကာ္စတာ၊ မိုရာတာတို႔ ဒဏ္ရာကေန ျပန္သက္သာလာေနသလို ဖီလစ္လည္း သက္သာေနျပီး လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ပြဲ ပထမအေက်ာ့ကို ပါဝင္သြားဖြယ္ ရွိေနပါတယ္။