လီဗာပူးအသင်းဟာ ဂျန့်အသင်းမှ အသက် ၂၀ အရွယ် ကနေဒါ တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်ကို ကင်းထောက် စောင့်ကြည့်နေပါတယ်။ တိုက်စစ်သမားဟာ အမ်ဘာပေးနဲ့ တိုက်စစ်ပိုင်း ဆင်တူသူလို့ နာမည်ရနေပြီး ဒီရာသီမှာ သွင်းဂိုး ၁၇ ဂိုးထိ ရယူထားပါတယ်။

ကော်တင်ညိုဟာ လီဗာပူးအသင်းမှာ ရှိနေစဉ်ကလိုပဲ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု လုပ်နိုင်စွမ်း ရှိနေဆဲဖြစ်ကာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်မှာ အဓိက ရုန်းကန်နေရတာက သူ့အပေါ် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ သူ့အပေါ်မှာ ဖိအားဝင်နေတဲ့ ပြောင်းရွှေ့ကြေးကြောင့်ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ကလပ်အသင်း စီနီယာတွေအားလုံး ပါဝင်တဲ့ လေ့ကျင့်ရေး အစီအစဉ်ကို မဲဝုဒ်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးရဲ့ ကီရာဘီ လေ့ကျင့်ရေးစင်တာ တည်ဆောက်နေမှုက အတော်လေး အရှိန်ကောင်းနေပြီး ရာသီကုန်မှာ အပြီးသတ်သွားနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

လီဗာပူး စီအီးအို ပီတာမိုးက ဒုတိယ ရာသီဝက်အတွက် လူစာရင်းတင်မှု ပြီးဆုံးသွားပြီဖြစ်လို့ စတီဗင်ဂျရတ်ကို အသင်းထံ ကာလတိုအဖြစ် ပြန်လည် ခေါ်ယူပြီး ကစားစေဖို့ဆိုတဲ့ အစီအစဉ်က မဖြစ်နိုင်ပါကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။

အန်ဖီးကွင်းက Anfield Road End ကို အဆင့်မြင့်တင်ဖို့အတွက် ဒုတိယအဆင့် ကိစ္စတွေကို ဒီအပတ်မှာ စတင်မှာဖြစ်ပါတယ်။ အဓိက ပွဲကြည့်စင် အမြင့်နဲ့ ပုခုံးယှဉ်မယ့် အဆိုပါ ပွဲကြည့်စင်ကို ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မှာပါ။

လီဗာပူးရဲ့ လက်ပစ်ဘောဆိုင်ရာနဲ့ Dead ball နည်းပြ Thomas Gronnemark က မန်နေဂျာကလော့ပ်ဟာ အလုပ်ဖြစ်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ကို မဲဝုဒ်ကို ခေါ်ယူခဲ့တာ မဟုတ်ပဲ ၁၀၀% ပြည့် တိုးတက်စေမယ့် ကိစ္စလို့ ယုံကြည်တာကြောင့် သူ့ကို ခေါ်ယူခဲ့တာလို့ ရှင်းပြသွားပါတယ်။

ဂျာမနီကို ပြန်သွားတဲ့ နေးဖီလစ်က စတုဂတ်မှာ သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်ပြီး သွင်းဂိုးတစ်ဂိုးအတွက် ထောက်ပံ့မှုကိုပါ နောက်ဆုံးပွဲမှာ လုပ်ပေးသွားပါတယ်။

အငှားချထားတဲ့ ဂိုးသမား ကားရီးယက်စ်၊ ကွင်းလယ်လူ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ သုံးဦးလုံးက အငှားကလပ်တွေမှာ ပွဲထွက်ခွင့်တွေ ဆက်လက် ရယူနေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဂ်န္႔အသင္းမွ အသက္ ၂၀ အရြယ္ ကေနဒါ တိုက္စစ္မွဴး ဂၽြန္နသန္ ေဒးဗစ္ကို ကင္းေထာက္ ေစာင့္ၾကည့္ေနပါတယ္။ တိုက္စစ္သမားဟာ အမ္ဘာေပးနဲ႔ တိုက္စစ္ပိုင္း ဆင္တူသူလို႔ နာမည္ရေနျပီး ဒီရာသီမွာ သြင္းဂိုး ၁၇ ဂိုးထိ ရယူထားပါတယ္။

ေကာ္တင္ညိဳဟာ လီဗာပူးအသင္းမွာ ရွိေနစဥ္ကလိုပဲ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ လုပ္ႏုိင္စြမ္း ရွိေနဆဲျဖစ္ကာ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္မွာ အဓိက ရုန္းကန္ေနရတာက သူ႔အေပၚ ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ သူ႔အေပၚမွာ ဖိအားဝင္ေနတဲ့ ေျပာင္းေရႊ႔ေၾကးေၾကာင့္ျဖစ္တယ္လို႔ သံုးသပ္မႈေတြ ရွိေနတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ ပထမဆံုးအၾကိမ္အျဖစ္ ကလပ္အသင္း စီနီယာေတြအားလံုး ပါဝင္တဲ့ ေလ့က်င့္ေရး အစီအစဥ္ကို မဲဝုဒ္မွာ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

လီဗာပူးရဲ႕ ကီရာဘီ ေလ့က်င့္ေရးစင္တာ တည္ေဆာက္ေနမႈက အေတာ္ေလး အရွိန္ေကာင္းေနျပီး ရာသီကုန္မွာ အျပီးသတ္သြားႏုိင္ဖို႔ အလားအလာေကာင္းေနပါတယ္။

လီဗာပူး စီအီးအို ပီတာမိုးက ဒုတိယ ရာသီဝက္အတြက္ လူစာရင္းတင္မႈ ျပီးဆံုးသြားျပီျဖစ္လို႔ စတီဗင္ဂ်ရတ္ကို အသင္းထံ ကာလတိုအျဖစ္ ျပန္လည္ ေခၚယူျပီး ကစားေစဖို႔ဆိုတဲ့ အစီအစဥ္က မျဖစ္ႏုိင္ပါေၾကာင္း ထုတ္ေဖာ္ ေျပာဆိုပါတယ္။

အန္ဖီးကြင္းက Anfield Road End ကို အဆင့္ျမင့္တင္ဖို႔အတြက္ ဒုတိယအဆင့္ ကိစၥေတြကို ဒီအပတ္မွာ စတင္မွာျဖစ္ပါတယ္။ အဓိက ပြဲၾကည့္စင္ အျမင့္နဲ႔ ပုခံုးယွဥ္မယ့္ အဆိုပါ ပြဲၾကည့္စင္ကို ၂၀၂၂ ခုႏွစ္မွာ အျပီးသတ္မွာပါ။

လီဗာပူးရဲ႕ လက္ပစ္ေဘာဆိုင္ရာနဲ႔ Dead ball နည္းျပ Thomas Gronnemark က မန္ေနဂ်ာကေလာ့ပ္ဟာ အလုပ္ျဖစ္မလားဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ သူ႔ကို မဲဝုဒ္ကို ေခၚယူခဲ့တာ မဟုတ္ပဲ ၁၀၀% ျပည့္ တိုးတက္ေစမယ့္ ကိစၥလို႔ ယံုၾကည္တာေၾကာင့္ သူ႔ကို ေခၚယူခဲ့တာလို႔ ရွင္းျပသြားပါတယ္။

ဂ်ာမနီကို ျပန္သြားတဲ့ ေနးဖီလစ္က စတုဂတ္မွာ သူ႔ရဲ႕ ပံုစံေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းႏုိင္ျပီး သြင္းဂိုးတစ္ဂိုးအတြက္ ေထာက္ပံ့မႈကိုပါ ေနာက္ဆံုးပြဲမွာ လုပ္ေပးသြားပါတယ္။

အငွားခ်ထားတဲ့ ဂိုးသမား ကားရီးယက္စ္၊ ကြင္းလယ္လူ ဂရုဂ်စ္၊ ဝဲလ္ဆန္တို႔ သံုးဦးလံုးက အငွားကလပ္ေတြမွာ ပြဲထြက္ခြင့္ေတြ ဆက္လက္ ရယူေနဆဲျဖစ္ပါတယ္။