လီဗာပူးနာမည်ကျော် ဖန်းဆိုဒ်တွေဖြစ်တဲ့ TIA တို့က ဖော်ပြမှုအရ ကလပ်အသင်းဟာ လူသစ်ခေါ်ယူမှုအတွက် ကင်းထောက်မှုမှာ အာဖရိက ကစားသမားမဟုတ်တဲ့ အသက် ၂၀ အရွယ် တိုက်စစ်သမား နှစ်ဦးကို ကင်းထောက်နေတယ်လို့ သိရပါတယ်။

ဘရာဇီးကလပ် ဖလူမီနန်စ်အသင်းမှ အသက် ၂၀ အရွယ် ဘရာဇီးသား တိုက်စစ်မှူး အဲဗန်လီဆန်ကို ကလပ်ဘက်က ကင်းထောက်ပြီး စောင့်ကြည့်နေတာဖြစ်တယ်။ အလားအလာရှိတဲ့ တိုက်စစ်မှူးဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်ကိစ္စကတော့ အနည်းငယ် ရှုပ်ထွေးဖွယ် ရှိလာပါတယ်။ အဲဗန်လီဆန်ဟာ ဖေဖော်ဝါရီမှာတော့ ဖလူမီနန်စ်နဲ့ စာချုပ်ကုန်မှာဖြစ်ပြီး အခြားသော ကလပ်တစ်သင်းကို ပြောင်းရွှေ့မှာပါ။

ဒါပေမယ့် သူနဲ့ပက်သက်ပြီး ဖလူမီနန်စ်အသင်းက ညိနှိုင်းခွင့် ပိုင်ဆိုင်ထားကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာထိတိုင်အောင် ကစားသမားရဲ့ ကိစ္စတွေကို တာဝန်ယူဖွယ်ရှိတယ်။ လီဗာပူးဘက်က သူ့ကို နွေမှာ ခေါ်ယူခွင့်တော့ ခက်ခဲမှာဖြစ်ပြီး သက်တမ်းအလိုက် လက်ရွေးစင်အသင်းမှာ အခေါ်ခံရမှပဲ အလုပ်ပါမစ်အတွက် အဆင်ပြေမှာဖြစ်လို့ အလန်လို မဖြစ်စေဖို့ ကလပ်ဘက်က စောင့်ကြည့်မှုတွေကိုပဲ ဆက်လုပ်ဖွယ်ရှိတယ်။

နောက်ထပ် စောင့်ကြည့်နေတဲ့ ကစားသမားကတော့ ကနေဒါဖွား မြောက်အမေရိက ကစားသမားဖြစ်တဲ့ ဂျွန်နသန် ဒေးဗစ်ဖြစ်ပါတယ်။ ဘယ်ဂျီယံကလပ် ဂျန့်အသင်းမှာ ကစားနေပြီး ကိုယ်တိုင် ၁၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားနိုင်သူဖြစ်တယ်။ သူဟာ အထောင်တိုက်စစ်သမားနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေကို ကစားနိုင်သူဖြစ်ပါတယ်။

သူဟာ ဂျန့်အသင်းမှာ စတင်နေရာရတာ နှစ်ရာသီရှိပြီဖြစ်ပြီး နှစ်ရာသီဆက် ဂိုးသွင်းနှုန်း မြင့်မားသူဖြစ်တယ်။ ပေါက်ကွဲအား ကောင်းကောင်း ကစားနိုင်သူဖြစ်ကာ လှိမ်ခေါက်မှုကောင်းပြီး ပင်နယ်တီ ဧရိယာထဲ ဝင်ရောက်လုပ်နိုင်စွမ်း ကောင်းပါတယ်။ အသင်းဖော်တွေနဲ့ ဘောလုံးပေးမှု ရယူမှုတွေမှာ ထူးချွန်သူလည်းဖြစ်ပြီး အပြောင်းအရွှေ့မှာ ဈေးသိပ်မကြီးနိုင်ဘူးလို့လည်း သိထားရပါတယ်။

လီဗာပူးဟာ အာဖရိက ကစားသမားတွေကို လာမယ့်ရာသီ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ လတွေအတွင်း လက်လွတ်ရမှာဖြစ်လို့ ဥရောပနဲ့ အမေရိကတိုက် ကစားသမားတွေကို အဓိက ခေါ်ယူဖွယ်ရှိတယ်လို့လည်း သုံးသပ်ခံထားရပါတယ်။

ZAWGYI

လီဗာပူးနာမည္ေက်ာ္ ဖန္းဆိုဒ္ေတြျဖစ္တဲ့ TIA တို႔က ေဖာ္ျပမႈအရ ကလပ္အသင္းဟာ လူသစ္ေခၚယူမႈအတြက္ ကင္းေထာက္မႈမွာ အာဖရိက ကစားသမားမဟုတ္တဲ့ အသက္ ၂၀ အရြယ္ တိုက္စစ္သမား ႏွစ္ဦးကို ကင္းေထာက္ေနတယ္လို႔ သိရပါတယ္။

ဘရာဇီးကလပ္ ဖလူမီနန္စ္အသင္းမွ အသက္ ၂၀ အရြယ္ ဘရာဇီးသား တိုက္စစ္မွဴး အဲဗန္လီဆန္ကို ကလပ္ဘက္က ကင္းေထာက္ျပီး ေစာင့္ၾကည့္ေနတာျဖစ္တယ္။ အလားအလာရွိတဲ့ တိုက္စစ္မွဴးျဖစ္ေပမယ့္ သူ႔ရဲ႕ စာခ်ဳပ္ကိစၥကေတာ့ အနည္းငယ္ ရႈပ္ေထြးဖြယ္ ရွိလာပါတယ္။ အဲဗန္လီဆန္ဟာ ေဖေဖာ္ဝါရီမွာေတာ့ ဖလူမီနန္စ္နဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ျပီး အျခားေသာ ကလပ္တစ္သင္းကို ေျပာင္းေရႊ႔မွာပါ။

ဒါေပမယ့္ သူနဲ႔ပက္သက္ျပီး ဖလူမီနန္စ္အသင္းက ညိႏိႈင္းခြင့္ ပိုင္ဆိုင္ထားကာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာထိတိုင္ေအာင္ ကစားသမားရဲ႕ ကိစၥေတြကို တာဝန္ယူဖြယ္ရွိတယ္။ လီဗာပူးဘက္က သူ႔ကို ေႏြမွာ ေခၚယူခြင့္ေတာ့ ခက္ခဲမွာျဖစ္ျပီး သက္တမ္းအလိုက္ လက္ေရြးစင္အသင္းမွာ အေခၚခံရမွပဲ အလုပ္ပါမစ္အတြက္ အဆင္ေျပမွာျဖစ္လို႔ အလန္လို မျဖစ္ေစဖို႔ ကလပ္ဘက္က ေစာင့္ၾကည့္မႈေတြကိုပဲ ဆက္လုပ္ဖြယ္ရွိတယ္။

ေနာက္ထပ္ ေစာင့္ၾကည့္ေနတဲ့ ကစားသမားကေတာ့ ကေနဒါဖြား ေျမာက္အေမရိက ကစားသမားျဖစ္တဲ့ ဂၽြန္နသန္ ေဒးဗစ္ျဖစ္ပါတယ္။ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းမွာ ကစားေနျပီး ကိုယ္တိုင္ ၁၃ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ထားႏုိင္သူျဖစ္တယ္။ သူဟာ အေထာင္တိုက္စစ္သမားနဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြကို ကစားႏုိင္သူျဖစ္ပါတယ္။

သူဟာ ဂ်န္႔အသင္းမွာ စတင္ေနရာရတာ ႏွစ္ရာသီရွိျပီျဖစ္ျပီး ႏွစ္ရာသီဆက္ ဂိုးသြင္းႏႈန္း ျမင့္မားသူျဖစ္တယ္။ ေပါက္ကြဲအား ေကာင္းေကာင္း ကစားႏုိင္သူျဖစ္ကာ လွိမ္ေခါက္မႈေကာင္းျပီး ပင္နယ္တီ ဧရိယာထဲ ဝင္ေရာက္လုပ္ႏုိင္စြမ္း ေကာင္းပါတယ္။ အသင္းေဖာ္ေတြနဲ႔ ေဘာလံုးေပးမႈ ရယူမႈေတြမွာ ထူးခၽြန္သူလည္းျဖစ္ျပီး အေျပာင္းအေရႊ႔မွာ ေစ်းသိပ္မၾကီးႏုိင္ဘူးလို႔လည္း သိထားရပါတယ္။

လီဗာပူးဟာ အာဖရိက ကစားသမားေတြကို လာမယ့္ရာသီ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီ လေတြအတြင္း လက္လြတ္ရမွာျဖစ္လို႔ ဥေရာပနဲ႔ အေမရိကတိုက္ ကစားသမားေတြကို အဓိက ေခၚယူဖြယ္ရွိတယ္လို႔လည္း သံုးသပ္ခံထားရပါတယ္။