လီဗာပူးကို ဘဝတစ်လျှောက်လုံး အားပေးလာခဲ့တဲ့ အမာခံပရိသတ်နဲ့ ကလပ်အသင်း စီအီးအို ပီတာမိုးက အသင်းဂန္တဝင်ကြီး စတီဗင်ဂျရတ်ကို ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ခွင့်ရစေဖို့ နေရာပြန်ပေးဖို့ ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းတွေကို ပယ်ချလိုက်ပါတယ်။

မီဒီယာတွေကနေ စတင်လာပြီး ကလပ်အသင်းပရိသတ်တွေ ရင်ထဲက ခံစားချက်ကို ပွင့်အံစေတဲ့ အဆိုပါ မေးခွန်းအတွက် များစွာသော ပရိသတ်တွေကတော့ ရက်စ်ဆိုတဲ့ အဖြေကို ကြားလိုမှာပါ။ ဒါပေမယ့်လို့ ကလပ်အသင်းတစ်သင်းအတွက် အဲ့သည်လို လုပ်ဆောင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ပီတာမိုးက ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် လီဗာပူးသားကြီး စတီဗင်ဂျရတ်က ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နေသလို ရာသီဝက်အတွက် လူစာရင်း တင်သွင်းမှုကလည်း ပိတ်သိမ်းသွားပြီဖြစ်လို့ အသင်းအဝတ်လဲခန်းထဲ ကစားသမားတစ်ဦးအဖြစ် စတီဗင် ပြန်လာဖို့က မဖြစ်နိုင်တော့တာကို သူက ရှင်းပြခဲ့ပါတယ်။

ပီတာမိုးက “ ဘာကြောင့်ဆိုတာနဲ့ ပက်သက်ပြီး ကျနော်ကို ရှင်းပြပါလား။ မေးခွန်းတစ်ခု ရှိနေတာက ပရီးမီးယားလိဂ် ဆုတံဆိပ်အတွက် စတီဗင်ဂျရတ်ကို ပြန်ခေါ်မလား။ ကျနော်က ပြန်ဖြေပေးလိုတာက ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ဒီလူစာင်းအတွက် ကစားသမားတစ်ဦးကို ခေါ်ယူလိုတာလား?

တစ်ချိန်တည်းမှာပဲ သူက အခြား ကလပ်အသင်း တစ်သင်းရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်နေပြီဆိုတာကို သတိပြုမိကြရဲ့လား။ ကျနေ်ာတို့အားလုံး စတီဗင်ဂျီကို ချစ်ပါတယ်။ သူ့ရဲ့ မန်နေဂျာဘဝအတွက်လည်း ကျနေ်ာတို့ အရမ်းကို ဂုဏ်ယူနေကြတယ်။ ဒါပေမယ့် သူ့ကို ဆုတံဆိပ် အနိုင်ရဖို့ ငါးရက်စာချုပ်နဲ့ ပြန်ခေါ်လိုက်ပါလား ဆိုတာတွေက လုပ်လို့ မရတဲ့ နည်းလမ်းတွေပါ။

အဝတ်လဲခန်းက အရမ်းကို အရေးကြီးပါတယ်။ ကာလတိုနဲ့ ရောက်လာတဲ့ သူတစ်ဦးကြောင်း မင်းတော့ ဆုတံဆိပ်ရမှာ မဟုတ်ဘူးလို့ ပြောလို့ကော ဖြစ်နိုင်မလား။ ဆုတံဆိပ် ပေးတယ်ဆိုတာက အသင်းပြင်ပက လူတွေ ထင်နေသလို ကိစ္စတွေ မဟုတ်ပါဘူး။ ကိုယ်မှာ ပြိုင်ပွဲဝင်တဲ့ လူစာရင်းရှိတယ်။ ရာသီဝက်အတွက် လူစာရင်း အပြီးသတ်သွားချိန်မှာ နောက်ထပ် ကစားသမားတစ်ဦးကို ထပ်ထည့်လို့လည်း မရပါဘူး။ အဲ့လို မဟုတ်ရင်တော့ ဖြစ်နိုင်ပါတယ်။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကို ဘဝတစ္ေလွ်ာက္လံုး အားေပးလာခဲ့တဲ့ အမာခံပရိသတ္နဲ႔ ကလပ္အသင္း စီအီးအို ပီတာမိုးက အသင္းဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္ကို ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္ခြင့္ရေစဖို႔ ေနရာျပန္ေပးဖို႔ ျဖစ္ႏုိင္မလား ဆိုတဲ့ ေမးခြန္းေတြကို ပယ္ခ်လိုက္ပါတယ္။

မီဒီယာေတြကေန စတင္လာျပီး ကလပ္အသင္းပရိသတ္ေတြ ရင္ထဲက ခံစားခ်က္ကို ပြင့္အံေစတဲ့ အဆိုပါ ေမးခြန္းအတြက္ မ်ားစြာေသာ ပရိသတ္ေတြကေတာ့ ရက္စ္ဆိုတဲ့ အေျဖကို ၾကားလိုမွာပါ။ ဒါေပမယ့္လို႔ ကလပ္အသင္းတစ္သင္းအတြက္ အဲ့သည္လို လုပ္ေဆာင္ဖို႔ဆိုတာက မျဖစ္ႏုိင္ဘူးလို႔ ပီတာမိုးက ေျပာပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ လီဗာပူးသားၾကီး စတီဗင္ဂ်ရတ္က ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနသလို ရာသီဝက္အတြက္ လူစာရင္း တင္သြင္းမႈကလည္း ပိတ္သိမ္းသြားျပီျဖစ္လို႔ အသင္းအဝတ္လဲခန္းထဲ ကစားသမားတစ္ဦးအျဖစ္ စတီဗင္ ျပန္လာဖို႔က မျဖစ္ႏုိင္ေတာ့တာကို သူက ရွင္းျပခဲ့ပါတယ္။

ပီတာမိုးက “ ဘာေၾကာင့္ဆိုတာနဲ႔ ပက္သက္ျပီး က်ေနာ္ကို ရွင္းျပပါလား။ ေမးခြန္းတစ္ခု ရွိေနတာက ပရီးမီးယားလိဂ္ ဆုတံဆိပ္အတြက္ စတီဗင္ဂ်ရတ္ကို ျပန္ေခၚမလား။ က်ေနာ္က ျပန္ေျဖေပးလိုတာက ပရီးမီးယားလိဂ္ဖလား အႏုိင္ရဖို႔ ဒီလူစာင္းအတြက္ ကစားသမားတစ္ဦးကို ေခၚယူလိုတာလား?

တစ္ခ်ိန္တည္းမွာပဲ သူက အျခား ကလပ္အသင္း တစ္သင္းရဲ႕ ဝန္ထမ္းတစ္ဦး ျဖစ္ေနျပီဆိုတာကို သတိျပဳမိၾကရဲ႕လား။ က်ေန္ာတုိ႔အားလံုး စတီဗင္ဂ်ီကို ခ်စ္ပါတယ္။ သူ႔ရဲ႕ မန္ေနဂ်ာဘဝအတြက္လည္း က်ေန္ာတုိ႔ အရမ္းကို ဂုဏ္ယူေနၾကတယ္။ ဒါေပမယ့္ သူ႔ကို ဆုတံဆိပ္ အႏုိင္ရဖို႔ ငါးရက္စာခ်ဳပ္နဲ႔ ျပန္ေခၚလိုက္ပါလား ဆိုတာေတြက လုပ္လို႔ မရတဲ့ နည္းလမ္းေတြပါ။

အဝတ္လဲခန္းက အရမ္းကို အေရးၾကီးပါတယ္။ ကာလတိုနဲ႔ ေရာက္လာတဲ့ သူတစ္ဦးေၾကာင္း မင္းေတာ့ ဆုတံဆိပ္ရမွာ မဟုတ္ဘူးလို႔ ေျပာလို႔ေကာ ျဖစ္ႏုိင္မလား။ ဆုတံဆိပ္ ေပးတယ္ဆိုတာက အသင္းျပင္ပက လူေတြ ထင္ေနသလို ကိစၥေတြ မဟုတ္ပါဘူး။ ကိုယ္မွာ ျပိဳင္ပြဲဝင္တဲ့ လူစာရင္းရွိတယ္။ ရာသီဝက္အတြက္ လူစာရင္း အျပီးသတ္သြားခ်ိန္မွာ ေနာက္ထပ္ ကစားသမားတစ္ဦးကို ထပ္ထည့္လို႔လည္း မရပါဘူး။ အဲ့လို မဟုတ္ရင္ေတာ့ ျဖစ္ႏုိင္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။