လီဗာပူးအသင်းဟာ အားထားရတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ကို အသင်းမှာ ရေရှည် ဆက်ထိန်းထားဖို့ အတွက် ပေါင် သန်း ၅၀ တန် ကာလရှည် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် နယ်သာလန်သား ခံစစ်မှူးဟာ လီဗာပူးအသင်း အင်္ဂလန်မှာ လွှမ်းမိုးလာရာမှာ အခရာ ကျသူ ဖြစ်ပါတယ်။ ၎င်းက အန်းဖီးကို ၂၀၁၈ ဇန်နဝါရီမှာ ရောက်လာစဉ်က စလို့ အသင်းအပေါ် သက်ရောက်မှုကြီး ပြသခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ပီအက်ဖ်အေ အကောင်းဆုံးဆု ရခဲ့သလို ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့ရာမှာလည်း အကူအညီ ဖြစ်ခဲ့သူပါ။

ဒါကြောင့် လီဗာပူးအသင်းပိုင်ရှင် FSG အုပ်စုက ဗန်ဒိုက်ကို လစာခံစားခွင့် အများအပြားနဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ် အတွက် ညှိနှိုင်းနေပြီ ဖြစ်ကာ လီဗာပူးအသင်းအတွက် အရေးပါမှုကို အသိအမှတ်ပြုရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဗန်ဒိုက်ကို သက်တမ်းတိုးဖို့ လီဗာပူးက ဦးစားပေး သတ်မှတ်ထားပြီး လစာကိုလည်း ပေါင် တစ်သိန်း နှစ်သောင်းကနေ တစ်သိန်းခွဲ အထိ တိုးမြှင့်သွားဖို့ ရှိပါတယ်။

လီဗာပူအသင်း တိုးတက်လာမှုက ဗန်ဒိုက်ကို စတင် ခေါ်ယူတည်းက စလို့ သိသိသာသာ မြင်ခဲ့ရပြီး ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့ပြီးနောက် ယူအီးအက်ဖ်အေ စူပါကပ်နဲ့ ကလပ် ကမ္ဘာ့ဖလားတို့မှာပါ ဆက်တိုက် ချန်ပီယံ ဖြစ်ထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ၂၅ ပွဲ ကစားပြီးချိန်မှာ လီဗာပူးအသင်းက ၂၄ ပွဲ နိုင်ထားကာ စံချိန်တင်ရမှတ်တွေ ရထားပြီး အနှစ် ၃၀ အတွင်း အမှတ်ပေးဖလား ပထမဆုံး ပြန်ယူဖို့ နီးစပ်နေပါပြီ။

လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ အယ်လစ်ဆန်ကို အမြန်ဆုံး သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး ဗန်ဒိုက်ကတော့ အရင် အကောင်အထည် ဖော်လာဖို့ ရှိပါတယ်။ လီဗာပူးအသင်းဟာ ကေ်ာတင်ညိုကို ရောင်းချပြီး ဗန်ဒိုက်၊ အယ်လစ်ဆန်တို့ကို ခေါ်ယူလိုက်တာက အသင်း လိုအပ်တဲ့ နေရာတွေကို ထိရောက်စွာ ပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ အားထားရတဲ့ ဗဟိုခံစစ္မွဴး ဗန္ဒိုက္ကုိ အသင္းမွာ ေရရွည္ ဆက္ထိန္းထားဖို႔ အတြက္ ေပါင္ သန္း ၅၀ တန္ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၈ နွစ္အရြယ္ နယ္သာလန္သား ခံစစ္မွဴးဟာ လီဗာပူးအသင္း အဂၤလန္မွာ လႊမ္းမိုးလာရာမွာ အခရာ က်သူ ျဖစ္ပါတယ္။ ၄င္းက အန္းဖီးကို ၂၀၁၈ ဇန္န၀ါရီမွာ ေရာက္လာစဥ္က စလို႔ အသင္းအေပၚ သက္ေရာက္မႈၾကီး ျပသခဲ့တာပါ။ ျပီးခဲ့တဲ့ရာသီက ပီအက္ဖ္ေအ အေကာင္းဆံုးဆု ရခဲ့သလို ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့ရာမွာလည္း အကူအညီ ျဖစ္ခဲ့သူပါ။

ဒါေၾကာင့္ လီဗာပူးအသင္းပိုင္ရွင္ FSG အုပ္စုက ဗန္ဒိုက္ကို လစာခံစားခြင့္ အမ်ားအျပားနဲ႕ ၅ နွစ္ သက္တမ္းတိုး စာခ်ဳပ္ အတြက္ ညွိနိႈင္းေနျပီ ျဖစ္ကာ လီဗာပူးအသင္းအတြက္ အေရးပါမႈကို အသိအမွတ္ျပဳရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဗန္ဒိုက္ကို သက္တမ္းတိုးဖို႔ လီဗာပူးက ဦးစားေပး သတ္မွတ္ထားျပီး လစာကိုလည္း ေပါင္ တစ္သိန္း နွစ္ေသာင္းကေန တစ္သိန္းခြဲ အထိ တိုးျမွင့့္သြားဖို႔ ရွိပါတယ္။

လီဗာပူအသင္း တိုးတက္လာမႈက ဗန္ဒိုက္ကို စတင္ ေခၚယူတည္းက စလို႔ သိသိသာသာ ျမင္ခဲ့ရျပီး ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့ျပီးေနာက္ ယူအီးအက္ဖ္ေအ စူပါကပ္နဲ႕ ကလပ္ ကမၻာ့ဖလားတို႔မွာပါ ဆက္တိုက္ ခ်န္ပီယံ ျဖစ္ထားပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာလည္း ၂၅ ပြဲ ကစားျပီးခ်ိန္မွာ လီဗာပူးအသင္းက ၂၄ ပြဲ နုိင္ထားကာ စံခ်ိန္တင္ရမွတ္ေတြ ရထားျပီး အနွစ္ ၃၀ အတြင္း အမွတ္ေပးဖလား ပထမဆံုး ျပန္ယူဖို႔ နီးစပ္ေနပါျပီ။

လီဗာပူးအသင္းဟာ ဗန္ဒိုက္နဲ႕ အယ္လစ္ဆန္ကို အျမန္ဆံုး သက္တမ္းတိုးဖို႔ ျပင္ဆင္ေနျပီး ဗန္ဒိုက္ကေတာ့ အရင္ အေကာင္အထည္ ေဖာ္လာဖို႔ ရွိပါတယ္။ လီဗာပူးအသင္းဟာ ေက္ာတင္ညိဳကို ေရာင္းခ်ျပီး ဗန္ဒိုက္၊ အယ္လစ္ဆန္တို႔ကို ေခၚယူလိုက္တာက အသင္း လိုအပ္တဲ့ ေနရာေတြကို ထိေရာက္စြာ ျပင္ဆင္နုိင္ခဲ့တာ ျဖစ္ပါတယ္။