လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းက ကော်တင်ညိုကို အငှားကမ်းလှမ်းမှု မတိုင်ခင်မှာ ကမ်းလှမ်းမှုတစ်ခုကို လုပ်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ဘာစီလိုနာကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာမှာ ရုန်းကန်နေရတာကြောင့် အငှားထွက်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့တာဖြစ်တယ်။ သူဟာ ဘိုင်ယန်ကို ရာသီကုန် အပြီးသတ် ခေါ်ယူခွင့်နဲ့ အငှားထွက်တာဖြစ်ပေမယ့် ဘိုင်ယန်က အပြီးသတ် ခေါ်ယူမှာ မဟုတ်ပဲ ရာသီကုန်ရင် ဘာစီလိုနာကို ပြန်သွားရဖို့ ရှိနေပါတယ်။

ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ကို ပြန်လည် ခေါ်ယူခွင့်အတွက် လီဗာပူးဘက်က မန်နေဂျာယာဂင်ကလော့ပ်နဲ့ အားကစားဒါရိုက်တာ အဒ်ဝတ်တို့ နွေအပြောင်းအရွှေ့မှာပဲ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်းကို လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Simon Hughes နဲ့ James Pearce တို့က The Athletic မှာ Could Coutinho Return? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးစဉ် ထုတ်ပြောခဲ့တာဖြစ်တယ်။

ကလော့ပ်နဲ့ အဒ်ဝတ်တို့ရဲ့ ဆွေးနွေးမှုက အရမ်းကို ကြာမြင့်တဲ့ ဆွေးနွေးမှုတော့ မဖြစ်ခ့ပါဘူး။ လီဗာပူးဘက်က ကမ်းလှမ်းမှု လုပ်ခဲ့ချိန်မှာ ဘာစီလိုနာဘက်က ပေါင် ၈ သန်း ငှားရမ်းခနဲ့ ပေါင် ၁၁ သန်းတန် တစ်နှစ်စာလုပ်ခကို ပေးချေဖို့အပြင် ရာသီကုန်မှာ ပေါင် ၁၁၀ သန်းနဲ့ ခေါ်ယူခွင့်ကိုပါ ထည့်သွင်းကမ်းလှမ်းဖို့ တောင်းဆိုခဲ့တဲ့နောက် လီဗာပူးဘက်က နောက်ဆုတ်ခဲ့တာဖြစ်တယ်။

တူညီတဲ့ စာချုပ်နဲ့ ဘိုင်ယန်မြူးနစ်ဘက်က ကမ်းလှမ်းခဲ့တဲ့နောက်မှာ ကော်တင်ညိုဟာ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို အငှားထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဘွန်းက်လီဂါမှာ ကော်တင်ညိုဟာ ၂၇ ပွဲ ပါဝင်ကစားပြီး ကိုယ်တိုင် ၇ ဂိုးနဲ့ ဂိုးထောက်ပံံ့မှု ၈ ကြိမ်တို့ကို ပြုလုပ်ထားပါတယ်။

လီဗာပူးစီအီးအို ပီတာမိုးကတော့ အနာဂတ်မှာ ကလပ်ဟာ ကော်တင်ညိုကို ကမ်းလှမ်းမှု လုပ်ဖွယ်မရှိပဲ ကလပ်အသင်းရဲ့ ကိုယ်ပိုင် ကစားဟန်ကို ပိုကောင်းစေမယ့် ကစားသမားတွေကိုပဲ ခေါ်ယူလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႔တုန္းက ဘိုင္ယန္ျမဴးနစ္အသင္းက ေကာ္တင္ညိဳကို အငွားကမ္းလွမ္းမႈ မတိုင္ခင္မွာ ကမ္းလွမ္းမႈတစ္ခုကို လုပ္ဖို႔ ၾကိဳးစားခဲ့ေသးတယ္လို႔ သိရပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ ဘာစီလိုနာကို ေပါင္ ၁၄၂ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ ေကာ္တင္ညိဳဟာ ဘာစီလိုနာမွာ ရုန္းကန္ေနရတာေၾကာင့္ အငွားထြက္ခဲ့ျပီး ဘိုင္ယန္ျမဴးနစ္ကို ေရာက္ရွိခဲ့တာျဖစ္တယ္။ သူဟာ ဘိုင္ယန္ကို ရာသီကုန္ အျပီးသတ္ ေခၚယူခြင့္နဲ႔ အငွားထြက္တာျဖစ္ေပမယ့္ ဘိုင္ယန္က အျပီးသတ္ ေခၚယူမွာ မဟုတ္ပဲ ရာသီကုန္ရင္ ဘာစီလိုနာကို ျပန္သြားရဖို႔ ရွိေနပါတယ္။

ဘရာဇီး ကြင္းလယ္ဖန္တီးရွင္ကို ျပန္လည္ ေခၚယူခြင့္အတြက္ လီဗာပူးဘက္က မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ အားကစားဒါရိုက္တာ အဒ္ဝတ္တို႔ ေႏြအေျပာင္းအေရႊ႔မွာပဲ ေဆြးေႏြးမႈတစ္ခု ျပဳလုပ္ခဲ့ပါေသးတယ္။ ဒီအေၾကာင္းကို လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ Simon Hughes နဲ႔ James Pearce တို႔က The Athletic မွာ Could Coutinho Return? ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဆြးေႏြးစဥ္ ထုတ္ေျပာခဲ့တာျဖစ္တယ္။

ကေလာ့ပ္နဲ႔ အဒ္ဝတ္တို႔ရဲ႕ ေဆြးေႏြးမႈက အရမ္းကို ၾကာျမင့္တဲ့ ေဆြးေႏြးမႈေတာ့ မျဖစ္ခ့ပါဘူး။ လီဗာပူးဘက္က ကမ္းလွမ္းမႈ လုပ္ခဲ့ခ်ိန္မွာ ဘာစီလိုနာဘက္က ေပါင္ ၈ သန္း ငွားရမ္းခနဲ႔ ေပါင္ ၁၁ သန္းတန္ တစ္ႏွစ္စာလုပ္ခကို ေပးေခ်ဖို႔အျပင္ ရာသီကုန္မွာ ေပါင္ ၁၁၀ သန္းနဲ႔ ေခၚယူခြင့္ကိုပါ ထည့္သြင္းကမ္းလွမ္းဖို႔ ေတာင္းဆိုခဲ့တဲ့ေနာက္ လီဗာပူးဘက္က ေနာက္ဆုတ္ခဲ့တာျဖစ္တယ္။

တူညီတဲ့ စာခ်ဳပ္နဲ႔ ဘိုင္ယန္ျမဴးနစ္ဘက္က ကမ္းလွမ္းခဲ့တဲ့ေနာက္မွာ ေကာ္တင္ညိဳဟာ ဘာစီလိုနာကေန ဘိုင္ယန္ျမဴးနစ္ကို အငွားထြက္ကစားခဲ့တာျဖစ္ပါတယ္။ ဘြန္းက္လီဂါမွာ ေကာ္တင္ညိဳဟာ ၂၇ ပြဲ ပါဝင္ကစားျပီး ကိုယ္တိုင္ ၇ ဂိုးနဲ႔ ဂိုးေထာက္ပံံ့မႈ ၈ ၾကိမ္တို႔ကို ျပဳလုပ္ထားပါတယ္။

လီဗာပူးစီအီးအို ပီတာမိုးကေတာ့ အနာဂတ္မွာ ကလပ္ဟာ ေကာ္တင္ညိဳကို ကမ္းလွမ္းမႈ လုပ္ဖြယ္မရွိပဲ ကလပ္အသင္းရဲ႕ ကိုယ္ပိုင္ ကစားဟန္ကို ပိုေကာင္းေစမယ့္ ကစားသမားေတြကိုပဲ ေခၚယူလိမ့္မယ္လို႔ သံုးသပ္ထားပါတယ္။