တီမိုဝါနာဘက်က ပရီးမီးယားလိဂ်ကို ပြောင်းဖို့ လမ်းဖွင့်လာတဲ့နောက် ဂျာမနီတိုက်စစ်သမားကို ခေါ်ယူဖို့ လီဗာပူးဘက်က ကြိုတင်ပြင်ဆင်မှုတွေ အတော်လေး အရှိန် မြင့်တက်လာပါပြီ။ လီဗာပူးဘက်က မီးစိမ်းပြတဲ့နောက် တီမိုဝါနာကို နွေမှာ ကမ်းလှမ်းဖို့က သေချာသလောက် ဖြစ်နေခဲ့ပါပြီ။

လီဗာပူးဟာ အန်ဖီးကွင်းက အန်ဖီးပွဲကြည့်စင်ကို ၂၀၂၀ နှစ်အကုန်ပိုင်းလောက်မှာ တိုးချဲ့မှာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီမှာ စတင်အသုံးပြုနိုင်ပါမယ်။ ပရိသတ် ဝင်ဆံ့မှုက ၆၁၀၀၀ ထက် လုံးဝ ပိုသွားဖို့ မရှိကာ ၂၀၁၁ ခုနှစ်နောက်ပိုင်းကတည်းက တစ်ရာသီစာ လက်မှတ်ရဖို့ စောင့်ဆိုင်းနေတဲ့ ပရိသတ် ၂၃၀၀၀ ထဲက ၇၀၀၀ ကို လက်မှတ်ခွဲတမ်း ပိုပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ဆီးဘယ်လော့က နွေတုန်းက သူ့ကို လီဗာပူးဘက်ကလည်း ကမ်းလှမ်းခဲ့ပေမယ့် စပိန်မန်နေဂျာ အူနိုင်းအမ်မရီကြောင့် အာဆင်နယ်ကို ရွေးခဲ့တယ်လို့ ဖွင့်ဟပါတယ်။ လက်ရှိ အခြေအနေအရ လီဗာပူးမှာဆိုရင် ကလော့ပ်ရဲ့ အသင်းမှာ သူအံဝင်မယ်လို့ မထင်မိပါဘူးလို့ ဝန်ခံသွားပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ နွေကာလအတွင်း ဂျပန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ အီဂျစ်အတွက် ဆာလက် ပါဝင်ကစားပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

မာနေးက သူ့ရဲ့ တိုးတက်မှုမှာ အဓိက ကျတာက ဆီနီဂေါက တွန်းအားတွေကြောင့်လို့ ဝန်ခံလိုက်ပါတယ်။ သူ့ရဲ့ ဇာတိရွာလေးမှာ ထူးချွန်တဲ့ ကစားသမားတွေ အများအပြားရှိခဲ့ပေမယ့် မအောင်မြင်ကြခြင်းက ရွာရဲ့နာမည်ကို ကျော်ကြာစေဖို့ သူ့ကို ပိုတွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။

လီဗာပူးတာဝန်ရှိသူတွေက အသစ်တည်ဆောက်မယ့် Anfield Road ပွဲကြည့်စင်ကို နာမည်ရောင်းချဖို့ ဆွေးနွေးမှုကို လမ်းဖွင့်ထားပြီလို့ သိရပါတယ်။ လီဗာပူးအသင်းရဲ့ အန်ဖီးကွင်းထဲက ပွဲကြည့်စင် လေးခုလုံးရဲ့ နာမည်ကို ရောင်းချခြင်း မရှိသေးတာဖြစ်ပါတယ်။

အက်ဖ်အေဖလားအဖြစ် ချယ်ဆီးနဲ့ပွဲမှာ လီဗာပူးဟာ ပုံမှန်ရရမယ့် လက်မှတ်ခွဲတမ်း ၁၅% ကို လျော့နည်းပြီး ရမှာဖြစ်တဲ့အပေါ် ချယ်ဆီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု လုပ်လိုနေပါတယ်။

ZAWGYI

တီမိုဝါနာဘက္က ပရီးမီးယားလိဂ္ကို ေျပာင္းဖို႔ လမ္းဖြင့္လာတဲ့ေနာက္ ဂ်ာမနီတိုက္စစ္သမားကို ေခၚယူဖို႔ လီဗာပူးဘက္က ၾကိဳတင္ျပင္ဆင္မႈေတြ အေတာ္ေလး အရွိန္ ျမင့္တက္လာပါျပီ။ လီဗာပူးဘက္က မီးစိမ္းျပတဲ့ေနာက္ တီမိုဝါနာကို ေႏြမွာ ကမ္းလွမ္းဖို႔က ေသခ်ာသေလာက္ ျဖစ္ေနခဲ့ပါျပီ။

လီဗာပူးဟာ အန္ဖီးကြင္းက အန္ဖီးပြဲၾကည့္စင္ကို ၂၀၂၀ ႏွစ္အကုန္ပိုင္းေလာက္မွာ တိုးခ်ဲ႔မွာျဖစ္ျပီး ၂၀၂၂-၂၀၂၃ ခုႏွစ္ ေဘာလံုးရာသီမွာ စတင္အသံုးျပဳႏုိင္ပါမယ္။ ပရိသတ္ ဝင္ဆံ့မႈက ၆၁၀၀၀ ထက္ လံုးဝ ပိုသြားဖို႔ မရွိကာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းကတည္းက တစ္ရာသီစာ လက္မွတ္ရဖို႔ ေစာင့္ဆိုင္းေနတဲ့ ပရိသတ္ ၂၃၀၀၀ ထဲက ၇၀၀၀ ကို လက္မွတ္ခြဲတမ္း ပိုေပးႏုိင္ဖို႔ စီစဥ္ထားပါတယ္။

အာဆင္နယ္ကြင္းလယ္လူ ဆီးဘယ္ေလာ့က ေႏြတုန္းက သူ႔ကို လီဗာပူးဘက္ကလည္း ကမ္းလွမ္းခဲ့ေပမယ့္ စပိန္မန္ေနဂ်ာ အူႏုိင္းအမ္မရီေၾကာင့္ အာဆင္နယ္ကို ေရြးခဲ့တယ္လို႔ ဖြင့္ဟပါတယ္။ လက္ရွိ အေျခအေနအရ လီဗာပူးမွာဆိုရင္ ကေလာ့ပ္ရဲ႕ အသင္းမွာ သူအံဝင္မယ္လို႔ မထင္မိပါဘူးလို႔ ဝန္ခံသြားပါတယ္။

အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဘက္ကေတာ့ ေႏြကာလအတြင္း ဂ်ပန္မွာ က်င္းပမယ့္ အိုလံပစ္ျပိဳင္ပြဲမွာ အီဂ်စ္အတြက္ ဆာလက္ ပါဝင္ကစားေပးသြားမယ္လို႔ ေၾကညာလိုက္ပါတယ္။

မာေနးက သူ႔ရဲ႕ တိုးတက္မႈမွာ အဓိက က်တာက ဆီနီေဂါက တြန္းအားေတြေၾကာင့္လို႔ ဝန္ခံလိုက္ပါတယ္။ သူ႔ရဲ႕ ဇာတိရြာေလးမွာ ထူးခၽြန္တဲ့ ကစားသမားေတြ အမ်ားအျပားရွိခဲ့ေပမယ့္ မေအာင္ျမင္ၾကျခင္းက ရြာရဲ႕နာမည္ကို ေက်ာ္ၾကာေစဖို႔ သူ႔ကို ပိုတြန္းအားျဖစ္ေစတယ္လို႔ ဆိုပါတယ္။

လီဗာပူးတာဝန္ရွိသူေတြက အသစ္တည္ေဆာက္မယ့္ Anfield Road ပြဲၾကည့္စင္ကို နာမည္ေရာင္းခ်ဖို႔ ေဆြးေႏြးမႈကို လမ္းဖြင့္ထားျပီလို႔ သိရပါတယ္။ လီဗာပူးအသင္းရဲ႕ အန္ဖီးကြင္းထဲက ပြဲၾကည့္စင္ ေလးခုလံုးရဲ႕ နာမည္ကို ေရာင္းခ်ျခင္း မရွိေသးတာျဖစ္ပါတယ္။

အက္ဖ္ေအဖလားအျဖစ္ ခ်ယ္ဆီးနဲ႔ပြဲမွာ လီဗာပူးဟာ ပံုမွန္ရရမယ့္ လက္မွတ္ခြဲတမ္း ၁၅% ကို ေလ်ာ့နည္းျပီး ရမွာျဖစ္တဲ့အေပၚ ခ်ယ္ဆီး တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈ လုပ္လိုေနပါတယ္။