အင်္ဂလန်တောင်ပံသမား ဆန်ချိုဟာ နွေမှာ ဒေါ့မွန်ကို စွန့်ခွာပြီး အသင်းသစ်ထံ ပြောင်းရွှေ့တော့မှာပါ။ ဒေါ့မွန်ဘက်က ပေါင် ၁၀၀ သန်း တောင်းဆိုမှာဖြစ်ကာ အဆိုပါ ပြောင်းရွှေ့ကြေးကို လီဗာပူးဘက်က ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့အပြိုင် ပေးဖွယ် မရှိပါဘူး။

လီဗာပူးက သက်တမ်းတိုးဖို့ လုပ်ဆောင်နေတဲ့ ဗန်ဒိုက်နဲ့က ၅ နှစ် စာချုပ် ရှိနေတာဖြစ်ပြီး ဆက်လက် သက်တမ်းတိုးမယ့် အယ်လီဆန်နဲ့က ၅ နှစ် သက်တမ်းတိုးအပြင် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ကိုပါ ပိုင်ဆိုင်ထားတာလို့ သိရပါတယ်။

အီဂျစ် ယူ-၂၃ နည်းပြကတော့ အိုလံပစ်အတွက် သူခေါ်ယူမယ့် ၂၃ နှစ်အထက် စီနီယာကြယ်ပွင့် သုံးဦးထဲမှာ ဆာလက်လည်း တစ်ဦး အပါအဝင်ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးဘက်က ရှာကွီရီကို ရောင်းထုတ်ပြီး ဖာမင်နိုနဲ့ တွဲဘက်ပေးဖို့ ဝါနာကို ခေါ်ယူဖို့ကို ပေါင် ၅၀ သန်း သုံးဖို့ စီစဉ်ထားပြီဖြစ်ပါတယ်။ ရာသီအစမှာ အိုလံပစ်ကြောင့် ဆာလက်ကို လက်လွတ်ရမယ့်အပြင် အာဖရိကဖလားကြောင့်လည်း တိုက်စစ်သမားတွေကို လက်လွတ်ရမှာဖြစ်ပါတယ်။

လီဗာပူးဒုတိယဂိုးသမား အတ်ဒရီယန်က သူဟာ အရန်ခုံမှာ ထိုင်ပြီး ပွဲတွေကြည့်နေဖို့ လီဗာပူးမှာ ရှိနေတာမဟုတ်ပဲ ပွဲထွက်ခွင့်အတွက် ကြိုးစားပြီး ယှဉ်ပြိုင်သွားမယ်လို့ အသင်းဖော် အယ်လီဆန်ကို တွန်းအားပေးလိုက်ပါတယ်။

လီဗာပူးဟာ နယ်သာလန်ကစားသမား Quincy Promes ကို ကင်းထောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရေရှည် စောင့်ကြည့်မှု လုပ်နေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နွေတုန်းကလည်း စောင့်ကြည့်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

လီဗာပူးရဲ့ အန်ဖီးကွင်းနဲ့ လေ့ကျင့်ရေးကွင်းတို့ကို ပေါင် ၁၁၀ သန်းကျော် အကုန်အကျခံ တည်ဆောက်တဲ့ ပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ကလပ်အသင်းရဲ့ တိုးတက်မှုအတွက် များစွာ အကျိုးဖြစ်မယ်ဆိုတဲ့ သုံးသပ်မှုတွေ ရနေပါတယ်။

ZAWGYI

အဂၤလန္ေတာင္ပံသမား ဆန္ခ်ိဳဟာ ေႏြမွာ ေဒါ့မြန္ကို စြန္႔ခြာျပီး အသင္းသစ္ထံ ေျပာင္းေရႊ႔ေတာ့မွာပါ။ ေဒါ့မြန္ဘက္က ေပါင္ ၁၀၀ သန္း ေတာင္းဆိုမွာျဖစ္ကာ အဆိုပါ ေျပာင္းေရႊ႔ေၾကးကို လီဗာပူးဘက္က ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔နဲ႔အျပိဳင္ ေပးဖြယ္ မရွိပါဘူး။

လီဗာပူးက သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနတဲ့ ဗန္ဒိုက္နဲ႔က ၅ ႏွစ္ စာခ်ဳပ္ ရွိေနတာျဖစ္ျပီး ဆက္လက္ သက္တမ္းတိုးမယ့္ အယ္လီဆန္နဲ႔က ၅ ႏွစ္ သက္တမ္းတိုးအျပင္ ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးခြင့္ကိုပါ ပိုင္ဆုိင္ထားတာလို႔ သိရပါတယ္။

အီဂ်စ္ ယူ-၂၃ နည္းျပကေတာ့ အိုလံပစ္အတြက္ သူေခၚယူမယ့္ ၂၃ ႏွစ္အထက္ စီနီယာၾကယ္ပြင့္ သံုးဦးထဲမွာ ဆာလက္လည္း တစ္ဦး အပါအဝင္ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးဘက္က ရွာကီြရီကို ေရာင္းထုတ္ျပီး ဖာမင္ႏိုနဲ႔ တြဲဘက္ေပးဖို႔ ဝါနာကို ေခၚယူဖို႔ကို ေပါင္ ၅၀ သန္း သံုးဖို႔ စီစဥ္ထားျပီျဖစ္ပါတယ္။ ရာသီအစမွာ အိုလံပစ္ေၾကာင့္ ဆာလက္ကို လက္လြတ္ရမယ့္အျပင္ အာဖရိကဖလားေၾကာင့္လည္း တိုက္စစ္သမားေတြကို လက္လြတ္ရမွာျဖစ္ပါတယ္။

လီဗာပူးဒုတိယဂိုးသမား အတ္ဒရီယန္က သူဟာ အရန္ခံုမွာ ထိုင္ျပီး ပြဲေတြၾကည့္ေနဖို႔ လီဗာပူးမွာ ရွိေနတာမဟုတ္ပဲ ပြဲထြက္ခြင့္အတြက္ ၾကိဳးစားျပီး ယွဥ္ျပိဳင္သြားမယ္လို႔ အသင္းေဖာ္ အယ္လီဆန္ကို တြန္းအားေပးလိုက္ပါတယ္။

လီဗာပူးဟာ နယ္သာလန္ကစားသမား Quincy Promes ကို ကင္းေထာက္မႈေတြ ရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ေရရွည္ ေစာင့္ၾကည့္မႈ လုပ္ေနတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး ေႏြတုန္းကလည္း ေစာင့္ၾကည့္မႈေတြ လုပ္ခဲ့ဖူးပါတယ္။

လီဗာပူးရဲ႕ အန္ဖီးကြင္းနဲ႔ ေလ့က်င့္ေရးကြင္းတို႔ကို ေပါင္ ၁၁၀ သန္းေက်ာ္ အကုန္အက်ခံ တည္ေဆာက္တဲ့ ပိုင္ရွင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ဟာ ကလပ္အသင္းရဲ႕ တိုးတက္မႈအတြက္ မ်ားစြာ အက်ိဳးျဖစ္မယ္ဆိုတဲ့ သံုးသပ္မႈေတြ ရေနပါတယ္။