လက်ရှိ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး အသင်းအဖြစ် မြင်ရမလားဆိုတဲ့ မေးခွန်း ကျယ်ပြန့်နေပါတယ်။ အဆိုပါ မှတ်တမ်း ဝင်နိုင်ဖို့ဆိုရင် အောက်ပါ စံချိန်ကြီး ၈ ရပ်ကို ချိုးဖျက်နိုင်ဖို့ လိုပါတယ်။

(၁) မန်စီးတီးက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲအဆက်ဆုံးအဖြစ် ၁၈ ပွဲနဲ့ စံချိန်တင်ထားတာဖြစ်တယ်။ လီဗာပူးက လာမယ့် သုံးပွဲဖြစ်တဲ့ နော်ဝစ်၊ ဝက်ဟမ်း၊ ဝတ်ဖိုဒ့်ပွဲတွေကို အနိုင်ရမယ်ဆိုရင် မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။

(၂) အာဆင်နယ်က ပရီးမီးယားလိဂ်သမိုင်းမှာ ရံှူးပွဲမရှိ စံချိန်ကို အချိန်အကြာဆုံးအဖြစ် ၄၉ ပွဲ တိုင်တိုင် စိုက်ထူထားတာပါ။ အဆိုပါ စံချိန်ကို ချိုးဖျက်ဖို့ လီဗာပူးက လာမယ့် ၈ ပွဲကို အရေးမနိမ့်အောင် ကစားနိုင်ဖို့ လိုပါတယ်။

(၃) လီဗာပူးဟာ မန်စီးတီးအသင်း ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း နိုင်ပွဲအများဆုံး ၃၂ ပွဲဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

(၄) ပရီးမီးယားလိဂ်မှာ ရမှတ်အများဆုံးနဲ့ ရာသီသိမ်းတဲ့အသင်းအဖြစ် မန်စီးတီးက ရမှတ် ၁၀၀ နဲ့ အမြင့်ဆုံး ရာသီသိမ်းထားကာ လီဗာပူးက အဆိုပါ စံချိန်ကို ချိုးဖျက်ဖို့ အခွင့်အရေး ရှိနေပါတယ်။

(၅) ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ချန်ပီယံ မန်စီးတီးဟာ အဝေးကွင်း နိုင်ပွဲ အများဆုံးအသင်းအဖြစ် ၁၆ ပွဲတိုင် အနိုင်ရခဲ့ပြီး လီဗာပူးက ဒီစံချိန်ကို ချိုးဖျက်ဖို့ အဝေးကွင်းမှာ ယူနိုက်တက်တစ်သင်းကို သရေကျထားပါသေးတယ်။

(၆) ချယ်ဆီး၊ ယူနိုက်တက်၊ မန်စီးတီးတို့ ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် တစ်ရာသီ နိုင်ပွဲအများဆုံး ၁၈ ပွဲဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ ဒီရာသီမှာ လီဗာပူး အိမ်ကွင်းပွဲ အားလုံးမှာ အနိုင်ရထားတာပါ။

(၇) ပရီးမီးယားလိဂ်မှာ ရက်အကြာဆုံး ရံှူးပွဲမရှိ စံချိန်က အာဆင်နယ်ရဲ့ ၅၃၇ ရက်ဖြစ်ပြီး လီဗာပူးက မေလ ၁၇ ရက် နယူးကာဆယ်နဲ့ ပွဲအထိ အရေးမနိမ့်ရင် အဆိုပါ စံချိန်ကို ချိုးဖျက်နိုင်ပါမယ်။

(၈) အမှတ်ပေးဇယားကို အမြင့်ဆုံး အမှတ်ဖြတ်နိုင်ထားတဲ့ အသင်းက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ မန်စီးတီး ၁၉ မှတ်ဖြစ်ပြီး လက်တလောမှာ လီဗာပူးက ၂၂ မှတ်ထိ ဖြတ်ထားကာ ရာသီကုန်ထိ ထိမ်းသိမ်းနိုင်ဖို့ လိုပါတယ်။

ZAWGYI

လက္ရွိ လီဗာပူးအသင္းကို ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုး အသင္းအျဖစ္ ျမင္ရမလားဆိုတဲ့ ေမးခြန္း က်ယ္ျပန္႔ေနပါတယ္။ အဆိုပါ မွတ္တမ္း ဝင္ႏုိင္ဖို႔ဆိုရင္ ေအာက္ပါ စံခ်ိန္ၾကီး ၈ ရပ္ကို ခ်ိဳးဖ်က္ႏုိင္ဖို႔ လိုပါတယ္။

(၁) မန္စီးတီးက ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီအတြင္း ပရီးမီးယားလိဂ္မွာ ႏုိင္ပြဲအဆက္ဆံုးအျဖစ္ ၁၈ ပြဲနဲ႔ စံခ်ိန္တင္ထားတာျဖစ္တယ္။ လီဗာပူးက လာမယ့္ သံုးပြဲျဖစ္တဲ့ ေနာ္ဝစ္၊ ဝက္ဟမ္း၊ ဝတ္ဖိုဒ့္ပြဲေတြကို အႏုိင္ရမယ္ဆိုရင္ မန္စီးတီးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္မွာ ျဖစ္ပါတယ္။

(၂) အာဆင္နယ္က ပရီးမီးယားလိဂ္သမိုင္းမွာ ရံွဴးပြဲမရွိ စံခ်ိန္ကို အခ်ိန္အၾကာဆံုးအျဖစ္ ၄၉ ပြဲ တိုင္တိုင္ စိုက္ထူထားတာပါ။ အဆိုပါ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ လီဗာပူးက လာမယ့္ ၈ ပြဲကို အေရးမနိမ့္ေအာင္ ကစားနုိင္ဖို႔ လိုပါတယ္။

(၃) လီဗာပူးဟာ မန္စီးတီးအသင္း ပိုင္ဆိုင္ထားတဲ့ ပရီးမီးယားလိဂ္ တစ္ရာသီအတြင္း ႏုိင္ပြဲအမ်ားဆံုး ၃၂ ပြဲဆိုတဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ဖို႔ အေကာင္းဆံုး အေနအထားမွာ ရွိေနပါတယ္။

(၄) ပရီးမီးယားလိဂ္မွာ ရမွတ္အမ်ားဆံုးနဲ႔ ရာသီသိမ္းတဲ့အသင္းအျဖစ္ မန္စီးတီးက ရမွတ္ ၁၀၀ နဲ႔ အျမင့္ဆံုး ရာသီသိမ္းထားကာ လီဗာပူးက အဆိုပါ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ အခြင့္အေရး ရွိေနပါတယ္။

(၅) ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီ ခ်န္ပီယံ မန္စီးတီးဟာ အေဝးကြင္း ႏုိင္ပြဲ အမ်ားဆံုးအသင္းအျဖစ္ ၁၆ ပြဲတိုင္ အႏုိင္ရခဲ့ျပီး လီဗာပူးက ဒီစံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ အေဝးကြင္းမွာ ယူႏုိက္တက္တစ္သင္းကို သေရက်ထားပါေသးတယ္။

(၆) ခ်ယ္ဆီး၊ ယူႏုိက္တက္၊ မန္စီးတီးတို႔ ပိုင္ဆုိင္ထားတဲ့ ပရီးမီးယားလိဂ္ တစ္ရာသီ ႏုိင္ပြဲအမ်ားဆံုး ၁၈ ပြဲဆိုတဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ဖို႔ ဒီရာသီမွာ လီဗာပူး အိမ္ကြင္းပြဲ အားလံုးမွာ အႏုိင္ရထားတာပါ။

(၇) ပရီးမီးယားလိဂ္မွာ ရက္အၾကာဆံုး ရံွဴးပြဲမရွိ စံခ်ိန္က အာဆင္နယ္ရဲ႕ ၅၃၇ ရက္ျဖစ္ျပီး လီဗာပူးက ေမလ ၁၇ ရက္ နယူးကာဆယ္နဲ႔ ပြဲအထိ အေရးမနိမ့္ရင္ အဆိုပါ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ပါမယ္။

(၈) အမွတ္ေပးဇယားကို အျမင့္ဆံုး အမွတ္ျဖတ္ႏုိင္ထားတဲ့ အသင္းက ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ မန္စီးတီး ၁၉ မွတ္ျဖစ္ျပီး လက္တေလာမွာ လီဗာပူးက ၂၂ မွတ္ထိ ျဖတ္ထားကာ ရာသီကုန္ထိ ထိမ္းသိမ္းနုိင္ဖို႔ လိုပါတယ္။