လီဗာပူးဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ကလပ်အသင်း ဝင်ငွေစာရင်းနဲ့ အကျိုးအမြတ်စာရင်းကို ဒီလထဲမှာပဲ တရားဝင် ကြေညာမှု ပြုလုပ်မှာဖြစ်ပါတယ်။

ဘောလုံးဆိုင်ရာ အတွင်းသတင်းတွေက ကြိုတင် ဖော်ပြမှုအရ မနှစ်တုန်းက ချန်ပီယံလိဂ်ဖလား အနိုင်ရ လီဗာပူးအသင်းဟာ ဝင်ငွေ ပေါင် ၅၀၀ သန်းကို ကျော်လွန်ခဲ့တယ်လို့ သိရတယ်။ ဒါဟာ ၂၀၁၇-၂၀၁၈ ခုနှစ်က ရခဲ့တဲ့ ပေါင် ၄၅၅ သန်းထက် ပိုများလာမယ်လို့ သိရတာဖြစ်ပြီး လီဗာပူးအတွက် ဘဏ္ဍာရေးခိုင်မာလာဖို့ အခြေခံ အုတ်မြစ်တွေ ဖြစ်လာပါမယ်။

မနှစ်တုန်းက လီဗာပူးဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ဝင်ငွေထက် ပေါင် ၉၀ သန်း ပိုမိုတိုးတက်လာခဲ့ပြီး ဒီရာသီမှာလည်း ထပ်မံ တိုးတက်လာမှာဖြစ်လို့ နောက်ဆုံး သုံးရာသီအတွင်း လီဗာပူးရဲ့ ဝင်ငွေတွေဟာ နှစ်တိုင်း အပေါင်းဘက်ကို တိုးတက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

လီဗာပူးဟာ ဝင်ငွေတွေ တိုးတက်လာပေမယ့် အေးဂျန့်ဆိုင်ရာ ပေးချေရမှုတွေ၊ အထွေထွေ ကုန်ကျစရိတ်တွေအပြင် ကီရာဘီ လေ့ကျင့်ရေးအတွက် ပေါင် ၅၀ သန်း ရင်းနှီးမြုပ်နှံရမှုတွေကြောင့် အသာတင် အမြတ်ငွေတွေမှာ အများကြီး အကျိုးဖြစ်ထွန်းမှုတွေ မရှိသေးပါဘူး။ ကစားသမား ရောင်းထုတ်မှုတွေပါ ပါဝင်တဲ့ ကလပ်အသင်းရဲ့ တိုးတက်ရလာတဲ့ ငွေကြေးတွေကနေ အယ်လီဆန်၊ ကီတာ၊ ဖာဘင်ညို၊ ရှာကွီရီ တို့လို ကစားသမားတွေအတွက်လည်း ပေါင် ၁၇၄ သန်း အကုန်အကျခံထားရတာဖြစ်တယ်။

ဒါပေမယ့်လို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနေမှုကြောင့် တိုးမြင့်လာတဲ့ ဝင်ငွေတွေဟာ ကစားသမားတွေ လုပ်ခ မြင့်တက်လာမှုနဲ့ အခြားသော ကုန်ကျစရိတ်တွေကို အရှိန်ကောင်းကောင်းနဲ့ အပြောင်းအလဲ ဖြစ်လာစေတာပါ။ ဒီနှစ်မှာ ထပ်မံရမယ့် ဝင်ငွေ သန်း ၅၀၀ ကျော်ထဲမှာ ဒီနှစ်အကုန် စတင်တည်ဆောက်မယ့် Anfield Road အတွက် ပေါင် ၆၀ သန်း ထပ်မံ ရင်းနှီးမြုပ်နှံသွားမှာဖြစ်တယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်မှာ တိုးတက်မှုအရ ရလာတဲ့ ငွေကြေးတွေကို အကျိုးရှိရှိ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေပြီး လာမယ့် နွေမှာတော့ ကီရာဘီ လေ့ကျင့်ရေးစင်တာ တည်ဆောက်မှု ပြီးစီးမှာဖြစ်ကာ အသုံးစရိတ်တွေကိုပါ ထပ်ထုတ်လာနိုင်မှာပါ။ ၂၀၂၀-၂၀၂၃ ခုနှစ်မှာတော့ အန်ဖီးဟာ လူဝင်ဆံ့မှု ၆၁၀၀၀ ထိ ရှိမှာဖြစ်လို့ အဆိုပါရာသီကနေ စတင်ကာ ဥရောပထိပ်တန်းတွေနဲ့ ဘဏ္ဍာရေး ပုခုံးချင်း ယှဉ်နိုင်ဖို့ စတင်လာနိုင်မယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးဟာ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီ ကလပ္အသင္း ဝင္ေငြစာရင္းနဲ႔ အက်ိဳးအျမတ္စာရင္းကို ဒီလထဲမွာပဲ တရားဝင္ ေၾကညာမႈ ျပဳလုပ္မွာျဖစ္ပါတယ္။

ေဘာလံုးဆိုင္ရာ အတြင္းသတင္းေတြက ၾကိဳတင္ ေဖာ္ျပမႈအရ မႏွစ္တုန္းက ခ်န္ပီယံလိဂ္ဖလား အႏုိင္ရ လီဗာပူးအသင္းဟာ ဝင္ေငြ ေပါင္ ၅၀၀ သန္းကို ေက်ာ္လြန္ခဲ့တယ္လို႔ သိရတယ္။ ဒါဟာ ၂၀၁၇-၂၀၁၈ ခုႏွစ္က ရခဲ့တဲ့ ေပါင္ ၄၅၅ သန္းထက္ ပိုမ်ားလာမယ္လို႔ သိရတာျဖစ္ျပီး လီဗာပူးအတြက္ ဘ႑ာေရးခိုင္မာလာဖို႔ အေျခခံ အုတ္ျမစ္ေတြ ျဖစ္လာပါမယ္။

မႏွစ္တုန္းက လီဗာပူးဟာ ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီက ဝင္ေငြထက္ ေပါင္ ၉၀ သန္း ပိုမိုတိုးတက္လာခဲ့ျပီး ဒီရာသီမွာလည္း ထပ္မံ တိုးတက္လာမွာျဖစ္လို႔ ေနာက္ဆံုး သံုးရာသီအတြင္း လီဗာပူးရဲ႕ ဝင္ေငြေတြဟာ ႏွစ္တိုင္း အေပါင္းဘက္ကို တိုးတက္လာခဲ့တာလို႔ ဆိုႏိုင္ပါတယ္။

လီဗာပူးဟာ ဝင္ေငြေတြ တိုးတက္လာေပမယ့္ ေအးဂ်န္႔ဆိုင္ရာ ေပးေခ်ရမႈေတြ၊ အေထြေထြ ကုန္က်စရိတ္ေတြအျပင္ ကီရာဘီ ေလ့က်င့္ေရးအတြက္ ေပါင္ ၅၀ သန္း ရင္းႏွီးျမဳပ္ႏွံရမႈေတြေၾကာင့္ အသာတင္ အျမတ္ေငြေတြမွာ အမ်ားၾကီး အက်ိဳးျဖစ္ထြန္းမႈေတြ မရွိေသးပါဘူး။ ကစားသမား ေရာင္းထုတ္မႈေတြပါ ပါဝင္တဲ့ ကလပ္အသင္းရဲ႕ တိုးတက္ရလာတဲ့ ေငြေၾကးေတြကေန အယ္လီဆန္၊ ကီတာ၊ ဖာဘင္ညိဳ၊ ရွာကီြရီ တို႔လို ကစားသမားေတြအတြက္လည္း ေပါင္ ၁၇၄ သန္း အကုန္အက်ခံထားရတာျဖစ္တယ္။

ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ ျမင့္မားတဲ့ အဆင့္ကို ေရာက္ရွိေနမႈေၾကာင့္ တိုးျမင့္လာတဲ့ ဝင္ေငြေတြဟာ ကစားသမားေတြ လုပ္ခ ျမင့္တက္လာမႈနဲ႔ အျခားေသာ ကုန္က်စရိတ္ေတြကို အရွိန္ေကာင္းေကာင္းနဲ႔ အေျပာင္းအလဲ ျဖစ္လာေစတာပါ။ ဒီႏွစ္မွာ ထပ္မံရမယ့္ ဝင္ေငြ သန္း ၅၀၀ ေက်ာ္ထဲမွာ ဒီႏွစ္အကုန္ စတင္တည္ေဆာက္မယ့္ Anfield Road အတြက္ ေပါင္ ၆၀ သန္း ထပ္မံ ရင္းႏွီးျမဳပ္ႏွံသြားမွာျဖစ္တယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္မွာ တိုးတက္မႈအရ ရလာတဲ့ ေငြေၾကးေတြကို အက်ိဳးရွိရွိ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျပဳလုပ္ေနျပီး လာမယ့္ ေႏြမွာေတာ့ ကီရာဘီ ေလ့က်င့္ေရးစင္တာ တည္ေဆာက္မႈ ျပီးစီးမွာျဖစ္ကာ အသံုးစရိတ္ေတြကိုပါ ထပ္ထုတ္လာႏုိင္မွာပါ။ ၂၀၂၀-၂၀၂၃ ခုႏွစ္မွာေတာ့ အန္ဖီးဟာ လူဝင္ဆံ့မႈ ၆၁၀၀၀ ထိ ရွိမွာျဖစ္လို႔ အဆိုပါရာသီကေန စတင္ကာ ဥေရာပထိပ္တန္းေတြနဲ႔ ဘ႑ာေရး ပုခံုးခ်င္း ယွဥ္ႏုိင္ဖို႔ စတင္လာႏုိင္မယ္လို႔ သိရပါတယ္။