လီဗာပူး လူငယ်အသင်းမန်နေဂျာ နေးခရစ်ချ်လေက ကလပ်အသင်း လူငယ်အစွန်လူ နီကိုး ဝီလီယမ်ကို အသင်းရဲ့ အန္တရာယ်အကြီးဆုံး အန္တရာယ်အကြီးဆုံး ကစားသမားအဖြစ် ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ ရှရူဘူရီနဲ့ အက်ဖ်အေပြန်ကန်ပွဲမှာ hat-trick ရလောက်တဲ့ အနေအထားထိ စွမ်းဆောင်နိုင်ခဲ့တဲ့ နီကိုးဟာ အတွေ့အကြုံပိုင်းမှာ တိုးတက်ဖို့ လိုအပ်နေသူဖြစ်တယ်။ သူဟာ လီဗာပူးရဲ့ အတောက်ပဆုံး အနာဂတ် ရှိထားတဲ့ လူငယ် လေးဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို သေချာခဲ့ပြီးလို့ ချန်ပီယံလိဂ်မှာ နောက်ထပ်အဆင့်တွေကို တက်လှမ်းနိုင်မယ်ဆိုရင် ညာအစွန်လူ ထရန့်ကို အနားပေးပြီး အသက် ၁၈ နှစ်အရွယ် ညာအစွန်လူ နီကိုးကို အမှတ်ပေးပွဲတွေမှာ အသုံးပြုဖို့ထိပါ စီစဉ်ထားတာဖြစ်ပါတယ်။

နေးခရစ်ချ်လေက ” နီကိုးရဲ့ ကစားဟန်ကို မြင်ရတာ အရမ်းကောင်းပါတယ်။ သူက ကွင်းထဲက နေရာအနှံံ့မှာ ရှိခဲ့တယ်၊ ကာကွယ်မှု၊ ဖြတ်ထုတ်မှု၊ တိုက်စစ်အတွက် ပြေးလွှားလိုက်ပါမှု အစရှိတာတွေကို လုပ်နိုင်ခဲ့တယ်။ သူက ကျနေ်ာတို့ရဲ့ အစွန်သမားတွေထဲမှာ အန္တရာယ်အကြီးဆုံး ကစားသမားပဲ ဖြစ်ပါတယ်။ သူက ဂိုးကန်သွင်းခွင့် သုံးကြိမ် လေးကြိမ်တို့ကိုလည်း လုပ်နိုင်ခဲ့တယ်။

နီကိုးရဲ့ အကောင်းဆုံး အရည်အချင်းက သူ့ရဲ့ နှိမ့်ချတတ်မှုပါပဲ။ သူက ပွဲတိုင်းကို တူညီစွာ ကစားပြီး ယူ-၁၉၊ ယူ-၂၃ အသင်းအတွက် ကစားပေးသည်ဖြစ်စေ ပရိသတ် ၅၀၀၀၀ ကျော်ရှေ့မှာ ကစားပေးသည်ဖြစ်စေ သူကတော့ ကြိုးစားမှု အတူတူပါပဲ။ အကောင်းဆုံး ကြိုးစား ကစားပါတယ်။ အသင်းမှာ သူရှိနေတာ အတော်လည်း အချိန်ကြာခဲ့ပြီ ဖြစ်သလို သူ့မိသားစုထံက အားပေးမှုကောင်းတွေလည်း ရထားပါတယ် ” လို့ ရှင်းပြခဲ့တယ်။

လူငယ်အသင်းကနေ ဝီလီယမ်ကို တိုးတက်လာဖို့ အဓိက အကူအညီပေးသူက ကလပ်အသင်း ကစားသမားးဟောင်းဖြစ်တဲ့ ရော့ဘ် ဂျုန်းပဲဖြစ်ပါတယ်။ ခံစစ်မှူးဟောင်းဟာ အကယ်ဒမီမှာနေရပြီး လူငယ် ကစားသမားတွေကို အတွေ့အကြုံကောင်းတွေ အများကြီး သင်ပြပေးနေသူလည်းဖြစ်ကြောင်း သိရပါတယ်။

ZAWGYI

လီဗာပူး လူငယ္အသင္းမန္ေနဂ်ာ ေနးခရစ္ခ်္ေလက ကလပ္အသင္း လူငယ္အစြန္လူ နီကိုး ဝီလီယမ္ကို အသင္းရဲ႕ အႏၱရာယ္အၾကီးဆံုး အႏၱရာယ္အၾကီးဆံုး ကစားသမားအျဖစ္ ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။

အန္ဖီးမွာ ယွဥ္ျပိဳင္ကစားတဲ့ ရွရူဘူရီနဲ႔ အက္ဖ္ေအျပန္ကန္ပြဲမွာ hat-trick ရေလာက္တဲ့ အေနအထားထိ စြမ္းေဆာင္ႏုိင္ခဲ့တဲ့ နီကိုးဟာ အေတြ႔အၾကံဳပိုင္းမွာ တိုးတက္ဖို႔ လိုအပ္ေနသူျဖစ္တယ္။ သူဟာ လီဗာပူးရဲ႕ အေတာက္ပဆံုး အနာဂတ္ ရွိထားတဲ့ လူငယ္ ေလးဦးထဲက တစ္ဦးလည္းျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို ေသခ်ာခဲ့ျပီးလို႔ ခ်န္ပီယံလိဂ္မွာ ေနာက္ထပ္အဆင့္ေတြကို တက္လွမ္းႏုိင္မယ္ဆိုရင္ ညာအစြန္လူ ထရန္႔ကို အနားေပးျပီး အသက္ ၁၈ ႏွစ္အရြယ္ ညာအစြန္လူ နီကိုးကို အမွတ္ေပးပြဲေတြမွာ အသံုးျပဳဖို႔ထိပါ စီစဥ္ထားတာျဖစ္ပါတယ္။

ေနးခရစ္ခ်္ေလက ” နီကိုးရဲ႕ ကစားဟန္ကို ျမင္ရတာ အရမ္းေကာင္းပါတယ္။ သူက ကြင္းထဲက ေနရာအႏွံံ႔မွာ ရွိခဲ့တယ္၊ ကာကြယ္မႈ၊ ျဖတ္ထုတ္မႈ၊ တိုက္စစ္အတြက္ ေျပးလႊားလိုက္ပါမႈ အစရွိတာေတြကို လုပ္ႏုိင္ခဲ့တယ္။ သူက က်ေန္ာတို႔ရဲ႕ အစြန္သမားေတြထဲမွာ အႏၱရာယ္အၾကီးဆံုး ကစားသမားပဲ ျဖစ္ပါတယ္။ သူက ဂိုးကန္သြင္းခြင့္ သံုးၾကိမ္ ေလးၾကိမ္တို႔ကိုလည္း လုပ္ႏုိင္ခဲ့တယ္။

နီကိုးရဲ႕ အေကာင္းဆံုး အရည္အခ်င္းက သူ႔ရဲ႕ ႏွိမ့္ခ်တတ္မႈပါပဲ။ သူက ပြဲတိုင္းကို တူညီစြာ ကစားျပီး ယူ-၁၉၊ ယူ-၂၃ အသင္းအတြက္ ကစားေပးသည္ျဖစ္ေစ ပရိသတ္ ၅၀၀၀၀ ေက်ာ္ေရွ႔မွာ ကစားေပးသည္ျဖစ္ေစ သူကေတာ့ ၾကိဳးစားမႈ အတူတူပါပဲ။ အေကာင္းဆံုး ၾကိဳးစား ကစားပါတယ္။ အသင္းမွာ သူရွိေနတာ အေတာ္လည္း အခ်ိန္ၾကာခဲ့ျပီ ျဖစ္သလို သူ႔မိသားစုထံက အားေပးမႈေကာင္းေတြလည္း ရထားပါတယ္ ” လို႔ ရွင္းျပခဲ့တယ္။

လူငယ္အသင္းကေန ဝီလီယမ္ကို တိုးတက္လာဖို႔ အဓိက အကူအညီေပးသူက ကလပ္အသင္း ကစားသမားးေဟာင္းျဖစ္တဲ့ ေရာ့ဘ္ ဂ်ဳန္းပဲျဖစ္ပါတယ္။ ခံစစ္မွဴးေဟာင္းဟာ အကယ္ဒမီမွာေနရျပီး လူငယ္ ကစားသမားေတြကို အေတြ႔အၾကံဳေကာင္းေတြ အမ်ားၾကီး သင္ျပေပးေနသူလည္းျဖစ္ေၾကာင္း သိရပါတယ္။