မန်စီးတီးကွင်းလယ်လူ ဂွမ်ဒိုဂန်က ဒေါ့မွန်ကနေ ထွက်ခွာဖို့ စဉ်းစားချိန်မှာ မန်နေဂျာဟောင်း ယာဂင်ကလော့ပ်နဲ့ လက်တွဲဖို့ လီဗာပူးကို မပြောင်းခဲ့ပဲ မန်စီးတီးကို ရွေးချယ်ရခြင်း အကြောင်းရင်းကို ထုတ်ဖော် ပြောဆိုခဲ့တယ်။

၂၀၁၅ ခုနှစ်မှာ ကလော့ပ် လီဗာပူးကို ရောက်လာပြီးနောက်ပိုင်းမှာ ဂွမ်ဒိုဂန်က လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူဟာ ဒေါ့မွန်မှာ အောင်မြင်ခဲ့တဲ့ မန်နေဂျာဟောင်း ကလော့ပ်နဲ့ ပြန်လည် လက်တွဲခြင်း မလုပ်ပဲ မန်စီးတီးကို ပြောင်းဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။

ဂွမ်ဒိုဂန်ကတော့ မန်နေဂျာသစ်လက်အောက်မှာ စိန်ခေါ်မှုအသစ်တွေကို ရလိုခြင်းက အန်ဖီးမှာ ကလော့ပ်နဲ့ ပြန်လည် လက်မတွဲခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းလို့ ဆိုပါတယ်။

ဂျာမနီ ကွင်းလယ်လူက “ ဘဝမှာ စိန်ခေါ်မှုတွေ ရှိရမယ်ဆိုတာကို ကျနေ်ာ ယုံတယ်။ ကိုယ်ဘာသာ အမြဲတမ်း စိန်ခေါ်နေဖို့လည်း ကြိုးစားပါတယ်။ ကိုယ်ဘာသာ သာယာနေမှုကနေ ထွက်ပြီး ကိုယ်ဘာသာ စိန်ခေါ်မှုတွေ မလုပ်ဘူးဆိုရင် ကျနော် ဘာကိုမှ တိုးတက်လာမှာ မဟုတ်ဘူးလို့ အမြဲတမ်း ခံစားခဲ့ရတယ်။

ယာဂင်နဲ့ လေးနှစ်လောက် လက်တွဲလုပ်ဆောင်ခဲ့ပြီး မန်နေဂျာတစ်ယောက်အနေနဲ့ သူ့ကို နှစ်သက်ပါတယ်။ ဒါပေမယ့် အခြားတစ်ခုခုကို အပြောင်းအလဲလုပ်ဖို့ အချိန်တန်ပြီလို့ ခံစားရတယ်။ ဒေါ့မွန်ကနေ ထွက်ခွာပြီး ကလပ်အသင်းသစ် ရှာဖွေရာမှာ ယာဂင်နဲ့ လက်တွဲခဲ့တဲ့ အချိန်တွေကို ပြန်မစဉ်းစားလိုတော့ပါဘူး။ ဒါကလည်း လီဗာပူးကို မပြောင်းလိုခဲ့ခြင်းရဲ့ အကြောင်းရင်း တစ်ချက်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂွမ်ဒိုဂန်ဟာ သူ့ကစားသမားဘဝရဲ့ စိန်ခေါ်မှုတွေအတွက် မန်စီးတီးကို ရွေးချယ်တာက မှန်ကန်တဲ့ လုပ်ရပ်လို့ ယူဆကြောင်း ဆိုခဲ့တာဖြစ်တယ်။ တစ်ဘက်မှာလည်း မန်စီးတီးမှာ သူ့ရဲ့ ဒဏ်ရာပြဿနာတွေအရ လီဗာပူးကို သူမရောက်လာတာကလည်း အန်ဖီးပရိသတ်တွေအတွက် ကံကောင်းမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ZAWGYI

မန္စီးတီးကြင္းလယ္လူ ဂြမ္ဒိုဂန္က ေဒါ့မြန္ကေန ထြက္ခြာဖို႔ စဥ္းစားခ်ိန္မွာ မန္ေနဂ်ာေဟာင္း ယာဂင္ကေလာ့ပ္နဲ႔ လက္တြဲဖို႔ လီဗာပူးကို မေျပာင္းခဲ့ပဲ မန္စီးတီးကို ေရြးခ်ယ္ရျခင္း အေၾကာင္းရင္းကို ထုတ္ေဖာ္ ေျပာဆိုခဲ့တယ္။

၂၀၁၅ ခုႏွစ္မွာ ကေလာ့ပ္ လီဗာပူးကို ေရာက္လာျပီးေနာက္ပိုင္းမွာ ဂြမ္ဒိုဂန္က လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာေတာ့ သူဟာ ေဒါ့မြန္မွာ ေအာင္ျမင္ခဲ့တဲ့ မန္ေနဂ်ာေဟာင္း ကေလာ့ပ္နဲ႔ ျပန္လည္ လက္တြဲျခင္း မလုပ္ပဲ မန္စီးတီးကို ေျပာင္းဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။

ဂြမ္ဒိုဂန္ကေတာ့ မန္ေနဂ်ာသစ္လက္ေအာက္မွာ စိန္ေခၚမႈအသစ္ေတြကို ရလိုျခင္းက အန္ဖီးမွာ ကေလာ့ပ္နဲ႔ ျပန္လည္ လက္မတြဲခဲ့ျခင္းရဲ႕ အဓိက အေၾကာင္းရင္းလို႔ ဆိုပါတယ္။

ဂ်ာမနီ ကြင္းလယ္လူက “ ဘဝမွာ စိန္ေခၚမႈေတြ ရွိရမယ္ဆိုတာကို က်ေန္ာ ယံုတယ္။ ကိုယ္ဘာသာ အျမဲတမ္း စိန္ေခၚေနဖို႔လည္း ၾကိဳးစားပါတယ္။ ကိုယ္ဘာသာ သာယာေနမႈကေန ထြက္ျပီး ကိုယ္ဘာသာ စိန္ေခၚမႈေတြ မလုပ္ဘူးဆိုရင္ က်ေနာ္ ဘာကိုမွ တိုးတက္လာမွာ မဟုတ္ဘူးလို႔ အျမဲတမ္း ခံစားခဲ့ရတယ္။

ယာဂင္နဲ႔ ေလးႏွစ္ေလာက္ လက္တြဲလုပ္ေဆာင္ခဲ့ျပီး မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ သူ႔ကို ႏွစ္သက္ပါတယ္။ ဒါေပမယ့္ အျခားတစ္ခုခုကို အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္တန္ျပီလို႔ ခံစားရတယ္။ ေဒါ့မြန္ကေန ထြက္ခြာျပီး ကလပ္အသင္းသစ္ ရွာေဖြရာမွာ ယာဂင္နဲ႔ လက္တြဲခဲ့တဲ့ အခ်ိန္ေတြကို ျပန္မစဥ္းစားလိုေတာ့ပါဘူး။ ဒါကလည္း လီဗာပူးကို မေျပာင္းလိုခဲ့ျခင္းရဲ႕ အေၾကာင္းရင္း တစ္ခ်က္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဂြမ္ဒိုဂန္ဟာ သူ႔ကစားသမားဘဝရဲ႕ စိန္ေခၚမႈေတြအတြက္ မန္စီးတီးကို ေရြးခ်ယ္တာက မွန္ကန္တဲ့ လုပ္ရပ္လို႔ ယူဆေၾကာင္း ဆိုခဲ့တာျဖစ္တယ္။ တစ္ဘက္မွာလည္း မန္စီးတီးမွာ သူ႔ရဲ႕ ဒဏ္ရာျပႆနာေတြအရ လီဗာပူးကို သူမေရာက္လာတာကလည္း အန္ဖီးပရိသတ္ေတြအတြက္ ကံေကာင္းမႈတစ္ခုလည္း ျဖစ္ခဲ့ပါတယ္။